သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှနယ်မြေအငြင်းပွါးမှု အမေရိကန် စိုးရိမ်


အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ဘရူနိုင်းမှာ ကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် မိန့်ခွန်းပြောစဉ်။ (သြဂုတ်လ ၂၉၊၂၀၁၃)
အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ဘရူနိုင်းမှာ ကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် မိန့်ခွန်းပြောစဉ်။ (သြဂုတ်လ ၂၉၊၂၀၁၃)
အာရှရေပိုင်နက်ထဲ နယ်မြေပိုင်ဆိုင်မှုအငြင်းပွါးတဲ့ အခြေနေတွေ တဖြေးဖြေးတင်းမာနေရာကနေ ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ကပြောကြားလိုက်ပါတယ်။

Brunei အပမ်းဖြေစခန်းမှာ တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ အများအပြားအကြား နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွါးနေတဲ့ တောင်တရုတ် ပင်လယ်အရေးကိစ္စနဲ့ ပါတ်သက်ပြီး အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေပြုလုပ်တဲ့ ကြာသပတေးနေ့က အစည်းဝေးအတွက် ပြောကြားတဲ့မိန့်ခွန်းမှာ ဝန်ကြီး Hagel ကအခုလိုပြောကြားလိုက်တာပါ။

နယ်မြေပိုင်ဆိုင်မှုကိုပြဖို့ တောင်တရုတ်ပင်လယ်ပြင်တွင်း လှုပ်ရှားနေမှုတွေဟာ အရာမရောက်တဲ့အပြင် ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုဖြစ်ပွါးလာမယ့် အန္တရာယ်ရှိနေပြီး ဒါဟာ ဒေသတွင်း တည်ငြိမ်မှုကို အလေးမထားရာရောက်နေသလို၊ သံတမန်ရေးနဲ့ ပြေလည်စေမယ့် နည်းလမ်းကို မှေးမှိန်လျော့ပါးအောင်လုပ်သလိုဖြစ်နေတယ်လို့ မစ္စတာဟေဂယ်ကပြောပါတယ်။

စွမ်းအင်ကြွယ်ဝပြီး မဟာဗျူဟာကျတဲ့ ဒီဒေသကို ပိုင်ဆိုင်ကြောင်းပြသတဲ့အနေနဲ့ ကာကွယ်ဖို့နည်းမျိုးစုံသုံးလုပ်ဆောင်ရာမှာ တရုတ်အစိုးရက စစ်ရေးချဲ့ထွင်မှုတွေ လျှင်လျှင်မြန်မြန် လုပ်ဆောင်လာတယ်လို့ အာဆီယံနိုင်ငံ အများအပြားက စွပ်စွဲခဲ့ကြပါတယ်။

ဒီအငြင်းပွါးနေမှုမှာ အမေရိကန်က ဘယ်သူ့အတွက်မှ ဘက်လိုက်မှာမဟုတ်ပဲ ဒေသတွင်းနိုင်ငံအများအပြားနဲ့ အထူးသဖြင့် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုခိုင်မာအောင်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီကတော့ တောင်တရုတ်ပင်လယ်ပြင် ဒေသဟာ တည်ငြိမ်မှု ရှိနေကြောင်းနဲ့ အမေရိကန်အစိုးရ ထပ်တလဲလဲ ပြောဆိုနေသလို ဒီဒေသတွင်း ရေကြောင်းသွားလာရေးလွတ်လပ်ခွင့်နဲ့ ပါတ်သက်ပြီး စိတ်ပူစရာမလိုဘူးလို့ ဆိုပါတယ်။
XS
SM
MD
LG