သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဘေးကြောင့် ရှန်ဟိုင်းမှာ လူနှစ်သိန်း ဘေးကင်းရာရွှေ့


ရှန်ဟိုင်းမြို့ပြင်ရှိ နေအိမ်မှနေ၍ ရွှေ့ပြောင်းနေကြသော မိသားတစု။ သြဂုတ် ၇၊ ၂၀၁၂။
ရှန်ဟိုင်းမြို့ပြင်ရှိ နေအိမ်မှနေ၍ ရွှေ့ပြောင်းနေကြသော မိသားတစု။ သြဂုတ် ၇၊ ၂၀၁၂။
တရုတ်နိုင်ငံရဲ့ အရှေ့ဘက်ကမ်းခြေ ဇီချန်း (Zhejiang) ပြည်နယ်မှာ ဒမ်မ်ရီ (Damrey) နဲ့ ဆာအိုလာ (Saola) တိုင်ဖုန်းမုန်တိုင်းတွေ ကျရောက်ခဲ့တာကြောင့် အနည်းဆုံး ၂၃ ဦး သေဆုံး ပြီး ကိုးဦး ပျောက်ဆုံးနေဆဲမှာပဲ နောက်ထပ် တတိယ တိုင်ဖုန်းမုန်တိုင်းဖြစ်တဲ့ ဟိုက်ကူအီ (Haikui) လို့ အမည်ပေးထားတဲ့ မုန်တိုင်းဟာ တနာရီကို ၄၂ မိုင်နှုန်း လေပြင်းတိုက်ခတ်ပြီး ကျရောက်ဖို့ ရှိနေတာကြောင့် ရှန်ဟိုင်းမြို့မှာရှိတဲ့ လူပေါင်း ၂၀၀,၀၀၀ လောက်ကို ရွှေ့ပြောင်း သွားကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။
ဇီချန်းပြည်နယ်မှာ လူပေါင်း ၁၃၀,၀၀၀ ကို ရွှေ့ပြောင်းပေးခဲ့ပြီးတော့ လူဦးရေ ၂၃ သန်းရှိတဲ့ ရှန်ဟိုင်းမြို့တော်ထဲက လူပေါင်း ၂၀၀,၀၀၀ ကိုလည်း ဦးစွာပထမ ရွှေ့ပြောင်းပေးခဲ့ပြီလို့ အာဏာပိုင်တွေက ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာတော့ မုတ်သုန်မိုး ပြင်းထန်စွာရွာသွန်းမှုကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပြီး မြေပြိုနေတာကြောင့် အနည်းဆုံး လူ ကိုးဦး သေဆုံးခဲ့ပြီး တော့ ထောင်နဲ့ချီတဲ့လူတွေကို နေအိမ်တွေကနေ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
XS
SM
MD
LG