သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ တောဆင်ရိုင်း မျိုးတုံးနိုင်


မြန်မာ သစ်လုပ်ငန်းတွင် အသုံးပြုနေသည့် ဆင်တကောင်နှင့် ဆင်ဦးစီး။ ၂၇ ဇွန် ၂၀၁၆။
မြန်မာ သစ်လုပ်ငန်းတွင် အသုံးပြုနေသည့် ဆင်တကောင်နှင့် ဆင်ဦးစီး။ ၂၇ ဇွန် ၂၀၁၆။

မြန်မာနိုင်ငံက တောဆင်ရိုင်းတွေကိုသတ်ပြီး လူတွေအတွက် ဆေးထုတ်ဖို့ အရေခွံတွေ ခွာယူထားတဲ့ ဆင်သေတွေရဲ့ ပုံတွေနဲ့ ဗွီဒီယိုတွေပါတဲ့ အစီရင်ခံစာတခုကို ဗြိတိန် အခြေစိုက် Elephant Family ဆိုတဲ့ တောရိုင်းထိန်းသိမ်းရေး ပရဟိတအဖွဲ့တခုက ထုတ်ပြန်လိုက်ပါတယ်။

“Skinned – The Growing Appetite for Asian Elephants” လို့ ခေါင်းစဉ်တပ်ထားတဲ့ အဲဒီအစီရင်ခံစာကို လေးနှစ်ကြာ အချိန် ယူ ပြုစုထားတာပါ။

ခန္ဓာကိုယ်တခုလုံး အရေခွံခွာထားတဲ့ ဆင်သေတွေကို ဗွီဒီယိုတွေနဲ့ ဓာတ်ပုံတွေ လျှို့ဝှက်ရိုက်ယူခဲ့တယ်လို့ အဲဒီအဖွဲ့ကပြောပြီး ဆင်အရေခွံတွေကို လက်ဝတ် အဆင်တန်ဆာတွေလုပ်ဖို့ အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။

တရုတ်ကုန်သည်အများအပြားဟာ အဲဒီလက်ဝတ်အဆင်တန်ဆာတွေကို လူမှု ဆက်သွယ်ရေးကွန်ယက် မီဒီယာတွေမှာ တင်ရောင်းနေကြတယ်လို့လည်း ပြောပါတယ်။ အဲဒီပစ္စည်းတွေမှာ တရုတ်ပြည်မှာပုံနှိပ်တဲ့ အမှတ်တံဆိပ်တွေတပ်ထားပြီး တရုတ် ငွေနဲ့ ဈေးနှုန်းသတ်မှတ်ထားသလို မန်ဒရင်းဘာသာစကားနဲ့ ရေးသားဖော်ပြပြီး အွန်လိုင်းမှာ ရောင်းနေကြတယ်လို့လည်း Elephant Family အဖွဲ့ကပြောပါတယ်။

မျိုးတုံးပျောက်ကွယ်လုနီး တောရိုင်းတိရိစ္ဆာန်နှင့် အပင်များ ကုန်သွယ်ရောင်းဝယ်ခြင်း ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်အဖွဲ့ CITES ကို သူတို့ အရင်ကတွေ့ရှိခဲ့တာတွေ ပေးပို့ခဲ့ပြီးတဲ့နောက်ပိုင်းမှာတောင်မှ အခြေအနေဟာ ဆက်ပြီး ဆိုးရွားနေဆဲပဲလို့ Elephant Family အဖွဲ့ကပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးယူ လုပ်ဆောင်မှုမရှိဘူးဆိုရင်တော့ အာရှ ဆင်တွေ မျိုးတုံးပျောက်ကွယ်သွားနိုင်တယ်လို့ လည်း Elephant Family အဖွဲ့က သတိပေးထားပါတယ်။

XS
SM
MD
LG