သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASIAN GAMES ဘော်လုံး မြန်မာ-မြောက်ကိုရီးယား ၁ ဂိုးစီ သရေ


Asian Games ဘောလုံးပြိုင်ပွဲဝင် မြန်မာ U-23 ဘောလုံးအသင်း။ (ဓာတ်ပုံ MFF) ၁၅ သြဂုတ် ၂၀၁၈။
Asian Games ဘောလုံးပြိုင်ပွဲဝင် မြန်မာ U-23 ဘောလုံးအသင်း။ (ဓာတ်ပုံ MFF) ၁၅ သြဂုတ် ၂၀၁၈။

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၁၈ ကြိမ်မြောက် အာရှအားကစားပွဲတော် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု F ပွဲစဉ်တွေကို သြဂုတ်လ ၁၅ ရက် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားတာမှာ မြန်မာနဲ့ မြောက်ကိုရီးယားတို့ တဘက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။

မြန်မာအသင်းအတွက်ဂိုးကို ပထမပိုင်းပြီးခါနီး မိနစ်ပိုင်းအလိုမှာ တိုက်စစ်မှူး အောင်သူ ပေးပို့လိုက်တဲ့ ဘောလုံးကနေတဆင့် နောက်ထပ် တိုက်စစ်မှူးတဦးဖြစ်တဲ့ မောင်မောင်လွင်က နောက်တန်းလူတယောက်နဲ့ ဂိုးသမားတို့ကို ဖြတ်ကျော်ပြီး သွင်းယူ လိုက်တာပါ။

ဒုတိယပိုင်းစအပြီး ၁၄ မိနစ်ကျော်ကျော်လေးမှာတော့ မြောက်ကိုရီးယားက ချေပဂိုးရသွားပြီး နောက်ထပ် ဂိုးမသွင်းနိုင်ကြတော့တဲ့ အတွက် တဘက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။

အုပ်စု F ကပဲ နောက်နှစ်သင်းဖြစ်တဲ့ ဆော်ဒီ အာရေးဘီးယားနဲ့ အီရန်တို့ပွဲမှာ ဂိုးမရှိသရေကျသွားတဲ့အတွက် တပွဲစီကစားပြီးတဲ့ နောက် လေးသင်းစလုံး တမှတ်စီရထားကြပါတယ်။

မြန်မာအသင်းဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် သြဂုတ်လ ၁၇ ရက် သောကြာနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ဆော်ဒီ အာရေးဘီးယားအသင်းနဲ့ ကစားရမှာဖြစ်ပြီး အဲဒီပွဲဟာ မြန်မာအသင်း အုပ်စုအဆင့်ကနေ ကျော်နိုင်ဖို့အတွက် အထူးအရေးပါတဲ့ ပွဲတပွဲဖြစ်ပါတယ်။ မြန်မာအသင်းအတွက် အုပ်စုနောက်ဆုံးပွဲကိုတော့ သြဂုတ်လ ၂၀ တနင်္လာနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှာ အီရန်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG