သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Zika ကာကွယ်ရေး အာရှအစိုးရတွေ သတိပေး


ဇီကာဗိုင်းရပ်စ်ပိုးဟာ လက်တင်အမေရိကားမှာ အလျှင်အမြန် ပျံ့နှံ့နေပြီး၊ အာရှဒေသ အစိုးရတွေကလည်း ခြင်ကတဆင့် ကူးစက်တဲ့ ရောဂါကို ထိန်းချုပ်နိုင်ဖို့ တိုက်တွန်းချက်တွေ ထုတ်ပြန်နေပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုးဟာ မွေးကင်းစကလေးငယ်တွေမှာ ဦးနှောက်ထိခိုက်တာ၊ ယာယီတုံ့ဆိုင်းမှုဖြစ်စေတဲ့ ရောဂါလို မွေးရာပါ ချို့ယွင်းချက်တွေဟာ ဇီကာဗိုင်းရပ်စ်နဲ့ ဆက်စပ်မှု ရှိနိုင်တတယ်လို့လည်း ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ယူဆထားကြပါတယ်။

အာရှနိုင်ငံ တော်တော်များများက ကျန်းမာရေးတာဝန်ရှိသူတွေကတော့ အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်အမေရိက ဒေသတွေကို အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ခရီးသွားလာမှုတွေ ရှောင်ရှားကြဖို့ အကြံပြုထားပါတယ်။

ဒီဒေသတွေကနေ လာရောက်သူတွေ ဒါမှမဟုတ် ပြန်လာသူတွေကိုလည်း ဖျားနာမှု ယားယံမှုတွေလို လက္ခဏာတွေ တွေ့ရင် ကျန်းမာရေးဌာနတွေကို ချက်ခြင်း အကြောင်းကြားဖို့လည်း တိုက်တွန်းထားပါတယ်။ ဆရာဝန်တွေအနေနဲ့လည်း မသင်္ကာစရာ လူနာတွေကို တွေ့ရင် ချက်ခြင်း အသိပေးဖို့ ညွှန်ကြားထားပါတယ်။

တချိန်တည်းမှာပဲ - ကိုလံဘီယာ အမျိုးသား ကျန်းမာရေးဌာနကတော့ - သူ့နိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင် ၂,၁၁၆ ယောက် အပါအဝင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ပေါင်း ၂ သောင်းရှိနေပြီလို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG