သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၂ ကမ္ဘာ့ဖလား အာရှအုပ်စု ဒုတိယအဆင့် ခြေစစ်ပွဲ မြန်မာ အုပ်စု F မှာပါဝင်

၂၀၂၀ ကမ္ဘာ့ဖလား အာရှ အုပ်စု ဒုတိယအဆင့် ခြေစစ်ပွဲ ဇယား
၂၀၂၀ ကမ္ဘာ့ဖလား အာရှ အုပ်စု ဒုတိယအဆင့် ခြေစစ်ပွဲ ဇယား

၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ အာရှအုပ်စု ဒုတိယအဆင့် ခြေစစ်ပွဲတွေအတွက် ပွဲစဉ်ဇယားကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ဗုဒ္ဓဟူးနေ့က မဲနှိုက် ရွေးချယ် ရေးဆွဲခဲ့ပါတယ်။ ဒီ အဆင့်မှာ အာရှနိုင်ငံတွေက အသင်းပေါင်း ၄၀ ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အဲဒီ အသင်း ၄၀ ကို အုပ်စု ၈ စုခွဲပြီး ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စု ဗိုလ်စွဲသူနဲ့ အကောင်းဆုံး ဒုတိယ ၄ သင်းတို့ တတိယ အုပ်စုကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာကတော့ အုပ်စု F မှာပါဝင်ပြီး ဂျပန်၊ တာဂျစ်ကစ်စတန်၊ မွန်ဂိုလီးယားနဲ့ ကာဂျစ်စတန် အသင်းတွေနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံက အုပ်စု A မှာ ပါဝင်ပြီး ဆီရီးယား၊ ဖိလစ်ပိုင် မော်လဒိုက်နဲ့ Guam အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်လို့ တတိယအဆင့် အုပ်စုတက်ဖို့ အလားအလာ ရှိနေပါတယ်။ တရုတ်အသင်းကို အီတလီ နည်းပြဟောင်း Marcello Lippi (မာဆယ်လို လစ်ပီ) ကိုင်တွယ်နေပါတယ်။

အုပ်စု C မှာတော့ အီရတ်နဲ့အတူ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား အသင်းတို့ တစ်အုပ်စုတည်းကျတာကြောင့် အထူး စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဒီ အာရှအုပ်စု ဒုတိယအဆင့် ခြေစစ်ပွဲတွေကို အခုနှစ် စက်တင်ဘာလနဲ့ ရှေ့နှစ် ဇွန်လ အကြား ကစားရမှာ ဖြစ်ပါတယ်။

အနိုင်ရ ၁၂ အသင်းဟာ တတိယနဲ့ နောက်ဆုံး အဆင့်တွေမှာ ခြောက်သင်းပါဝင်တဲ့ အုပ်စုနှစ်စုခွဲပြီး အိမ်ကွင်းနဲ့ အဝေးကွင်း တစ်ကျော့စီ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး နောက်ဆုံး စကာတင် ၄ သင်းကတော့ ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG