သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၃ ခုနှစ် အထူးခြားဆုံး အာရှတိုက်သားများ


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တရုတ်သမ္မတ ရှီကျင့်ပင် တို့ကို ၂၀၁၃ ခုနှစ်အတွက် အာရှတိုက်ရဲ့ ထူးခြားတဲ့ခေါင်းဆောင်တွေအဖြစ် စင်္ကာပူနိုင်ငံက The Straits Times သတင်းစာကြီးက ရွေးချယ်လိုက်ပါတယ်။ မနှစ်ကမှစတင်ပြီး အာရှတိုက်တလွှား ထူးထူးခြားခြား စွမ်းဆောင်ရည်ရှိသူကို ရွေးချယ်ခဲ့တဲ့ ဒီသတင်းစာက ၂၀၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်ကို ရွေးချယ်ခဲ့သလို ဒီနှစ်မှာတော့ မစ္စတာအာဘေးနဲ့ ရှီတို့ကို ပူးတွဲရွေးချယ်လိုက်တာဖြစ်ပါတယ်။

ဒီခေါင်းဆောင် ၂ ဦးရဲ့ လုပ်ဆောင်မှုတွေဟာ ဒီကနေ့ခေတ် အာရှတိုက်မှာ အရေးပါနေတာတွေ့ရပြီး ကိုယ့်နိုင်ငံတွင်း စီးပွါးရေး ဖွံ့ဖြိုးအောင်လုပ်တာနဲ့ တချိန်ထဲမှာပဲ ကမ္ဘာ့စီးပွါးရေးကမောက်ကမ မဖြစ်အောင်ကာကွယ်ပေးတဲ့အပြင် အာရှဒေသကြွယ်ဝပြီးငြိမ်းချမ်းမှုရှိအောင်ကျိုးစားကြတာမို့ အခုါလို ရွေးချယ်လိုက်တယ်လို့ ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ဂျပန်နိုင်ငံမှာ ဒုတိအအကြိမ် ဝန်ကြီးချုပ် တာဝန်ကို စထမ်းဆောင်ချိန်ကစပြီး ထူးထူးခြားခြား လုပ်ဆောင်ခဲ့တာတွေ့ရပြီး ပြီးခဲ့တဲ့လ ဖိလစ်ပိုင်မှာ ဟိုင်ယန်တိုင်ဖုန်းမုန်တိုင်း ဒဏ်ခံရချိန်မှာ ကြီးမားတဲ့ အကူညီတွေပေးခဲ့သလို မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း လျှောက်လှမ်းရာမှာ ကူညီနိုင်ဖို့ ကြွေးမြီတွေ လျှော်ပစ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်သမ္မတ ရှီကျင်းပင်
တရုတ်သမ္မတ ရှီကျင်းပင်
တရုတ်သမ္မတ ရှီကတော့ မနှစ်က သမ္မတရာထူး လက်ခံခဲ့ပြီးတဲ့နောက် မှာ နိုင်ငံတွင်း အဂတိလိုက်စားမှု ပပျောက်အောင် ကြိုးစားခဲ့သလို အာရှတိုက်ဖွံ့ဖြိုးရေး အခြေခံအဆောက်အအုံတွေအတွက် ထူးထူးခြားခြား ကူညီခဲ့သူဖြစ်ပြီး ပထမဆုံး တရုတ်သမ္မတအနေနဲ့ အင်ဒိုနီးရှားလွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့သူလို့ ဆိုပါတယ်။

အာရှဒေသမှာ အရှေ့တရုတ်ပင်လယ်ပြင်ထဲ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွါးနေတဲ့ ဂျပန်နဲ့တရုတ်နိုင်ငံတွေက ခေါင်းဆောင်၂ ဦးကို ခုလိုပူးတွဲရွေးချယ်လိုက်တာဟာ ဒီ ၂ နိုင်ငံကြား မတူညီမှုတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ သတိပေးလိုက်တာလို့လည်း The Straits Times ရဲ့ နိုင်ငံခြားသတင်းဌာန အယ်ဒီတာက VOA ကိုပြောပါတယ်။
XS
SM
MD
LG