ျမန္မာႏိုင္ငံက ဒုကၡသည္ေတြကို လက္ခံေပးထားတဲ့အတြက္ ေက်းဇူးတင္ေၾကာင္း ေျပာၾကားဖို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ ထိုင္းႏိုင္ငံတို႔ကို အေမရိကန္ ႏိုင္ငံ လူဝင္မႈႀကီးၾကပ္ေရး၊ လူဦးေရနဲ႔ ဒုကၡသည္မ်ားဆိုင္ရာ လက္ေထာက္ဝန္ႀကီး Julieta Valls Noyes ဟာ ဘဂၤလားေဒ့ရွ္နဲ႔ ထိုင္းႏိုင္ငံတို႔ကို ဒီဇင္ဘာ ၇ ရက္ကေန ၁၀ ရက္ေန႔အထိ သြားေရာက္မွာ ျဖစ္တယ္လို႔ ဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္က ဆိုပါတယ္။
႐ိုဟင္ဂ်ာဒုကၡသည္ေတြနဲ႔ အျခားျမန္မာတိုင္းရင္းသား ဒုကၡသည္ေတြအား ကူညီရာမွာ အေမရိကန္ ထားရွိတဲ့ ကတိကဝတ္ေတြကို ေစာင့္ထိန္းေၾကာင္း ျပသဖို႔အတြက္ အစိုးရမဟုတ္တဲ့ အဖြဲ႔အစည္းေတြ၊ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြနဲ႔ မစၥ Noyes က ဒီခရီးစဥ္မွာ ေတြ႔ဆုံမွာ ျဖစ္ပါတယ္။
ထိုင္းႏိုင္ငံမွာေတာ့ အစိုးရအဖြဲ႔က အႀကီးတန္းတာဝန္ရွိသူေတြအျပင္၊ အင္န္ဂ်ီအိုေတြ၊ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြနဲ႔လည္း ေတြ႔ဆုံဖို႔ ရွိပါတယ္။ ဒုကၡသည္ေတြကို အကာအကြယ္ေပးေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရး ကိစၥေတြကိုလည္း ေဆြးေႏြးမွာ ျဖစ္တယ္လို႔ ေၾကညာခ်က္က ဆိုပါတယ္။ အေမရိကန္နဲ႔ ထိုင္းႏိုင္ငံတို႔ရဲ႕ မဟာမိတ္ေပါင္းဖြဲ႔မႈ တည္တံ့ေအာင္ အေမရိကန္က ထားရွိတဲ့ ကတိကဝတ္ေတြကို မီးေမာင္းထို ေျပာဆိုသြားမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။
=== Unicode ===
မြန်မာနိုင်ငံက ဒုက္ခသည်တွေကို လက်ခံပေးထားတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကို အမေရိကန် နိုင်ငံ လူဝင်မှုကြီးကြပ်ရေး၊ လူဦးရေနဲ့ ဒုက္ခသည်များဆိုင်ရာ လက်ထောက်ဝန်ကြီး Julieta Valls Noyes ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့ကို ဒီဇင်ဘာ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ သွားရောက်မှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အခြားမြန်မာတိုင်းရင်းသား ဒုက္ခသည်တွေအား ကူညီရာမှာ အမေရိကန် ထားရှိတဲ့ ကတိကဝတ်တွေကို စောင့်ထိန်းကြောင်း ပြသဖို့အတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မစ္စ Noyes က ဒီခရီးစဉ်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာတော့ အစိုးရအဖွဲ့က အကြီးတန်းတာဝန်ရှိသူတွေအပြင်၊ အင်န်ဂျီအိုတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒုက္ခသည်တွေကို အကာအကွယ်ပေးရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စတွေကိုလည်း ဆွေးနွေးမှာ ဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။ အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ရဲ့ မဟာမိတ်ပေါင်းဖွဲ့မှု တည်တံ့အောင် အမေရိကန်က ထားရှိတဲ့ ကတိကဝတ်တွေကို မီးမောင်းထို ပြောဆိုသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။