သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ တက်မည်


 ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel။
ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel။
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Daniel Russel ဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီး စည်းဝေးပွဲကို တက်ဖို့အတွက် ဇွန်လ ၅ ရက်နေ့က အမေရိကန်နိုင်ငံကနေ ရန်ကုန်မြို့ကို ထွက်ခွာသွားပြီ ဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံမှာ ဇွန်လ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲအပြင် အာဆီယံ ဒေသတွင်းစည်းဝေးပွဲ၊ မဲခေါင်မြစ်ဝှမ်းဒေသနဲ့ အောက်ပိုင်း မဲခေါင်မြစ်ဝှမ်းဒေသမိတ်ဆွေနိုင်ငံများစည်းဝေးပွဲ စည်းဝေးပွဲတွေ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ ဂျပန်နဲ့ သြစတေးလျနိုင်ငံတို့အတူ ၃ ပွင့်ဆိုင် ဆွေးနွေးပွဲကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel ဟာ ဇွန်လ ၁၀ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် - အာဆီယံ အဖွဲ့အကြား ပြုလုပ်မယ့် ဆွေးနွေးပွဲ ကိုလည်း ဦးဆောင် ကျင်းပသွားမှာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အရှေ့တောင်အာရှလူငယ်ခေါင်းဆောင်များ အဖွဲ့ YSEAL အပါအဝင် ထူးချွန်တဲ့ မြန်မာလူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အာဆီယံရဲ့ အနာဂတ်ကို လူငယ်တွေအနေနဲ့ ဘယ်လို ကူညီ လုပ်ဆောင်ပေးနိုင်မလဲ ဆိုတာကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
XS
SM
MD
LG