သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးသိန်းစိန် သီးသန့် တွေ့ဆုံ


Myanmar's democracy icon Aung San Suu Kyi, left, and President Thein Sein pose for photos before their meeting at the presidential office on Friday, Aug. 19, 2011 in Naypyitaw, Myanmar's administrative capital. (AP Photo)
Myanmar's democracy icon Aung San Suu Kyi, left, and President Thein Sein pose for photos before their meeting at the presidential office on Friday, Aug. 19, 2011 in Naypyitaw, Myanmar's administrative capital. (AP Photo)
နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ နေပြည်တော်မှာ သီးသန့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ တယ် လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုံးကြိုင် က VOA ကို ပြောပါတယ်။
ဆွေးနွေးပွဲဟာ အချိန် တစ်နာရီကျော် ကြာမြင့်ခဲ့ပေမဲ့ ဘာတွေ ဆွေးနွေးပြောဆိုကြတယ်ဆိုတဲ့ အသေးစိတ် အချက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။

နိုဘယ်ငြိမ်းခြမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က သမ္မတ ဦးသိန်းစိန်နဲ့ တကြိမ် သီးသန့် တွေ့ဆုံခဲ့ပေမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပြီးတဲ့နောက် သမ္မတနဲ့ သီးခြားတွေ့ဆုံတာ ဒါဟာ ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြောက်ခံခဲ့ရပါတယ်။
အဲဒီ အဖွဲ့မှာ အဖွဲ့ဝင် ၁၅ ဦး ပါဝင်ပြီး ရဲ့ ပြည်ထောင်စုအဆင့်ရှိပြီး သက်တမ်းကာလ တစ်နှစ် သတ်မှတ် ဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်။
XS
SM
MD
LG