သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာနဲ့တူတဲ့ ဂြိုဟ်တလုံးတွေ့ရှိ


Earth 2.0 လို့ခေါ်တဲ့ ကမ္ဘာနဲ့ အနီးစပ်ဆုံး ဂြိုဟ်။
Earth 2.0 လို့ခေါ်တဲ့ ကမ္ဘာနဲ့ အနီးစပ်ဆုံး ဂြိုဟ်။

ကမ္ဘာဂြိုဟ်နဲ့ ထူးထူးခြားခြားကို ဆင်တူတဲ့ ဂြိုဟ်တလုံးကို ရှာတွေ့လိုက်တယ်လို့ အမေရိကန် သိပ္ပံပညာရှင်တွေက ကြာသပတေး နေ့မှာ ပြောပါတယ်။ အဲဒီဂြိုဟ်ဟာ နေနဲ့တူတဲ့ ကြယ်တလုံးကို လှည့်ပတ်နေတယ်လို့ဆိုပါတယ်။
ဒီဂြိုဟ်ဟာ သက်ရှိတွေနေထိုင်ဖွယ်ရှိတဲ့၊ တခြားတနေရာမှာတွေ့ရတဲ့ ကမ္ဘာနဲ့အနီးစပ်ဆုံး ဂြိုဟ်ပါပဲလို့ အမေရိကန်အာကာသ အေဂျင်စီ NASA ရဲ့ ကာလီဖိုးနီးယားအခြေစိုက် Ames သုတေသနဌာနက Jon Jenkins ကပြောပါတယ်။

အမေရိကန်အာကာသအေဂျင်စီရဲ့အဆိုအရ အခု Earth 2.0 လို့ခေါ်တဲ့ အခုချိန်ထိ တွေ့ဖူးထားသမျှထဲမှာ ကမ္ဘာနဲ့ အနီးစပ်ဆုံး ဂြိုဟ်ကို ရှာဖွေတွေ့ရှိတာဟာ Kepler အာကာသမှန်ပြောင်းရဲ့ လေ့လာစူးစမ်းချက်တွေပေါ်မှာ အခြေခံထားတာပါ။

Kepler အာကာသမှန်ပြောင်းဟာ Milky Way လို့ခေါ်တဲ့ နဂါးငွေ့တန်းထဲမှာ ကမ္ဘာဂြိုဟ်နဲ့တူတဲ့ ဂြိုဟ်တွေကို ၂၀၀၉ ခုနှစ်ကတည်းက ရှာလာခဲ့တာပါ။
ကမ္ဘာမြေအရွယ်အစားထက် ၁ ဆခွဲပိုကြီးတဲ့ အခုဂြိုဟ်ဟာ နေနဲ့တူတဲ့ကြယ်ကို ၃၈၅ ရက်မှာ တကြိမ် လှည့်ပတ်ပါတယ်။

အဲဒီ ကြယ်ဟာ နေထက် ၄% အရွယ်ပမာဏပိုကြီးပြီး ၁၀% ပိုပြီး တောက်ပပါတယ်။ သက်ရှိတွေ ရှင်သန်နေထိုင်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ရေ စုဖွဲ့နိုင်တဲ့ အကွာအဝေးကနေ ဂြိုဟ်က ကြယ်ကို လှည့်ပတ်နေတာပါ။ အဲဒီဂြိုဟ်ကို ရောက်အောင်သွားနိုင်ဖို့ကတော့ အချိန်ကြာပါဦးမယ်။ ဂြိုဟ်ဟာ ကမ္ဘာကနေ အလင်းနှစ်ပေါင်း ၁,၄၀၀ ကွာဝေးတဲ့ နေစကြာဝဠာတခုထဲမှာရှိနေပြီး Cygnus ကြယ်မှိန်စုထဲမှာ တည်ရှိပါတယ်။

XS
SM
MD
LG