သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Time Warner ကို AT&T ဝယ်ဖို့သဘောတူ


အမေရိကန် တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ AT&T
အမေရိကန် တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ AT&T

အမေရိကန် တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ AT&T က HBO, CNN အပြင် ထိပ်တန်း လင်းနို့လူသားနဲ့ Harry Potter ရုပ်ရှင်တွေကို ထုတ်လုပ်တဲ့ Warner Brothers ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Time Warner ကို ဒေါ်လာ ၈၅.၄ ဘီလီယံနဲ့ဝယ်ယူဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။

အစုရှယ်ယာနဲ့ ငွေသားလွှဲပြောင်းရေးဆိုင်ရာကိစ္စတွေကို Time Warner အစုရှယ်ယာပိုင်ရှင်တွေက အတည်ပြု ရမှာဖြစ်ပြီး လက်ဝါးကြီးအုပ်မှုတားဆီးရေး Anti Trust ဥပဒေကြီးကြပ်ထိန်းသိမ်းသူတွေက စစ်ဆေး သုံးသပ် ကြမှာဖြစ်ပါတယ်။ကုမ္မဏီနှစ်ခုရဲ့ ရါရိုက်တာအဖွဲ့ဝင်အားလုံးက ဝယ်ယူရေးဆိုင်ရာ သဘောတူညီချက်ကို တညီတညွတ်ထဲ သဘောတူထားကြပြီးဖြစ်ပါတယ်။

ကုမ္ပဏီအသစ်အနေနဲ့ တယ်လီဖုန်းနဲ့ တခြားခေတ်မီဆက်သွယ်ရေးပစ္စည်းတွေမှာ သူတို့ရဲ့ ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲသူတွေအကြိုက် တိုးတက်အောင်လုပ်ဆောင်မှာဖြစ်ပြီး Cable TV ကုမ္ပဏီတွေအတွက် အားကောင်းတဲ့ပြိုင်ဖက် ဖြစ်လာလိမ့်မယ်လို့ AT&T ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါဟာ ကုမ္မဏီ နှစ်ခုစလုံးနဲ့ အင်မတန်လိုက်ဖက်ညီတဲ့ ခွန်အားသစ်ဖြစ်စေလိမ့်မယ်လို့ AT&T ဥက္ကဌလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ Randall Stephenson က သူ့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

AT&T နဲ့ ပူးပေါင်းရတဲ့အတွက် Time Warner ရဲ့ အရည်အသွေးကို ဆက်သွယ်ရေး ကဏ္ဍစုံကနေ တင်ဆက် ခွင့်ရမှာဖြစ်လို့ သိပ်ကောင်းတဲ့ အခွင့်အရေးဖြစ်တယ်လို့ Time Warner ဥက္ကဌလည်းဖြစ်၊ အမှုဆောင်အရာရှိ ချုပ်လည်းဖြစ်တဲ့ Jeff Bewkes ကလည်း ပြောပါတယ်။

Time Warner ကို AT&T ဝယ်ဖို့သဘောတူ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG