သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားမြေပြိုမှု လူ၁၇ဦးထက် မနည်းသေဆုံး


ကယ်လီဖိုးနီးယား ရေကြီး မြေပြိုမှု ဖြစ်ပွား။
ကယ်လီဖိုးနီးယား ရေကြီး မြေပြိုမှု ဖြစ်ပွား။

ပြီးခဲ့တဲ့ လက တောမီးကြောင့် တောင်ကုန်းတွေပေါ်မှာ သစ်ပင်၊ သစ်တောတွေ ပြုန်းတီးခဲ့ရတဲ့ အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ့်မြို့ရဲ့ မြောက်ပိုင်းမှာ ရေကြီး မြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး အိမ်တချို့ ပျက်စီးခဲ့ရပါတယ်။ အနည်းဆုံး လူ ၁၇ ဦး ပျောက်ဆုံးနေတာနဲ့ အတူ ရဲတပ်ဖွဲ့တွေ၊ အမျိုးသားအစောင့်တပ်၊ ကမ်းခြေစောင့်တပ်တို့ရဲ့ အကူအညီနဲ့ အတူ လော့စ်အိန်းဂျလိစ် ခရိုင်က ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့ကြီး ရောက်ရှိနေပြီး မနေ့ ဗုဒ္ဓဟူးနေ့မှာ အသက်ရှင် ကျန်ရစ်သူတွေကို တိုးချဲ့ ရှာဖွေ နေကြပါတယ်။

ဒီလူတွေ ဘယ်မှာ ရှိနေလဲ ဆိုတာ မသိရကြောင်းနဲ့ အပျက်အစီးတွေကြားမှာ ရှိနေမယ်လို့ ထင်မြင်ကြောင်း ဆန်တာဘာဘရာ ခရိုင် ပြောခွင့်ရ Amber Anderson က ပြောပါတယ်။ မြေပြိုမှု ဖြစ်စေခဲ့တဲ့ မိုးသက်မုန်တိုင်းက အင်္ဂါနေ့ အစောပိုင်းမှာ ပျက်ပျယ်သွားခဲ့တာကြောင့် ဒူးလောက်မြုပ်တဲ့ ရွံတွေထဲမှာ ၊ အိမ်တွေထဲမှာ ပိတ်မိနေသူတွေကို ရဟတ်ယာဉ်တွေ၊ ခွေးတွေ အသုံးပြု ရှာဖွေနေတဲ့ အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေ အတွက် လမ်းရှင်းသွားစေတာပါ။

အနည်းဆုံး အိမ် ဒါဇင်ပေါင်းများစွာ ပျက်ဆီး ဒါမှမဟုတ်လည်း ခေါင်သီတဲ့ ဒေသတွေမှာတော့ အပျက်အစီး ကြီးကြီးမားမား ရှိနိုင်တယ်လို့လည်း ဆန်တာ ဘာဘရာ ခရိုင်ရဲမှူး Bill Brown က ပြောပါတယ်။ ထိပ်တန်း ဦးစားပေးလုပ်ငန်းကေတာ့ ပျက်စီးခဲ့တဲ့ အဆောက်အအုံတွေထဲမှာ အသက်ရှင် ကျန်ရစ်သူတွေ ရှိနေသလားဆိုတာကို ဆန်းစစ်ဖို့ ဖြစ်တယ်လို့လည်း ခရိုင် ရဲမှူးက ပြောပါတယ်။

မွန်တီစီတိုမှာ အသေအပျောက် အများဆုံး ဖြစ်မယ်လို့ ယုံကြည်ထားကြပါတယ်။ ကြွယ်၀ ချမ်းသာတဲ့ မွန်တီစီတိုက တချို့ လမ်းတွေက ရွံ့မြစ်ကြီးတွေလို ဖြစ်နေပြီး သစ်တုံးကြီးတွေ ကျောက်တုံးကြီးတွေနဲ့ ပိတ်မိနေတယ်လို့လည်း ဆန်တာဘာဘရာ ခရိုင် ပြောခွင့်ရက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG