သုံးရလွယ်ကူစေသည့် Link များ

Aleppo မြစ်တစင်းထဲ အနည်းဆုံး ၆၅ လောင်းတွေ့ရှိ


ဆီးရီးယားနိုင်ငံ မြောက်ပိုင်း Aleppo မှာရှိတဲ့ မြစ်တစင်းထဲမှာ လူသေအလောင်း အနည်းဆုံး ၆၅ လောင်း တွေ့ရတယ်လို့ ဆီးရီယား အတိုက်အခံတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ သူတို့ဟာ ခေါင်းတွေမှာ သေနက်နဲ့ ပစ်သတ်ခံထားရပုံရတယ်လို့ ဆိုပါတယ်။

အလက်ပိုမြို့ရဲ့ Bustan al-Qasr ခရိုင်မှာရှိတဲ့ Queweik မြစ်ထဲကနေ ဆွဲတင်ထားတဲ့ ရွံှ့နွံတွေ ပေနေတဲ့ လူသေအလောင်း ဒါဇင်ကျော်ကို ဗြိတိန်အခြေစိုက် ဆီးရီယား လူ့အခွင့် အရေးအဖွဲ့က သူတို့ အင်တာနက်ပေါ်မှာ ဗီဒီယိုဖိုင်တွေ တင်ထားပါတယ်။ သေဆုံးသူ အများစုဟာ အရပ်ဝတ်နဲ့ လူငယ်တွေ ဖြစ်ပုံရပါတယ်။ လက်တွေကို တုပ်နှောင် ထားပြီး ခေါင်းမှာ သေနက်ဒဏ်ရာတွေ တွေ့ရပါတယ်။

ဘယ်သူ သတ်ဖြတ်တာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရဘူးလို့ လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။ ဆီးရီးယားနိုင်ငံတွင်း ပြည်တွင်းစစ်ထဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ဆီးရီယားအစိုးရနဲ့ အတိုက်အခံသူပုန်တွေအကြားမှာ အပြန်အလှန်အပြစ်တင်မှုတွေ ရှိပါတယ်။
XS
SM
MD
LG