သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပိန် လာလီဂါးဘောလုံးပွဲမှာ Atletico Madrid ချန်ပီယံဖြစ်


Atletico အသင်းသားတွေ ချန်ပီယံဆုရပြီးနောက် အသင်းနည်းပြကို Diego Simeone ကို မြှောက်ချီထားကြစဉ်။ (မေ ၁၇၊ ၂၀၁၄)
Atletico အသင်းသားတွေ ချန်ပီယံဆုရပြီးနောက် အသင်းနည်းပြကို Diego Simeone ကို မြှောက်ချီထားကြစဉ်။ (မေ ၁၇၊ ၂၀၁၄)
စပိန်လာလီဂါ အမှတ်ပေးဘောလုံးပွဲမှာ အက်တလက်တီကိုမက်ဒရစ်အသင်း ချန်ပီယံဖြစ်သွားပါပြီ။ စပိန်အမှတ်ပေးပြိုင်ပွဲရဲ့ ဖိုင်နယ်လို့ ခေါ်နေကြတဲ့ နောက်ဆုံးပွဲစဉ် ၃၈ ကို ဘာစီလိုနာ နဲ့ အက်တလက်တီကိုမက်ဒရစ် တို့ ကစားကြတာမှာ ၁ ဂိုးစီ သရေဖြစ်ပြီး အက်တလက်တီကိုမက်ဒရစ်အသင်း အမှတ်ပေးချန်ပီယံဖြစ်သွားတာပါ။

ဘာစီလိုနာက ဂိုးအရင်သွင်းပြီး အနိုင်ရခဲ့ရင် ချန်ပီယံဖြစ်မှာဖြစ်ပေမယ့် အက်တလက်တီကိုက ဒုတိယပိုင်းအစမှာ ချေပဂိုးပြန်သွင်းသွားတာကြောင့် အက်တလက်တီကိုက ဘာစီလိုနာထက် ၃ မှတ်အသာရပြီး အမှတ် ၉၀ နဲ့ ချန်ပီယံဖြစ်သွားတာပါ။

ဒါဟာ အက်တလက်တီကိုမက်ဒရစ်အတွက်တော့ ၁၉၉၆ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံ ပြန်ဖြစ်တာဖြစ်ပါတယ်။ အက်တလက်တီကို မက်ဒရစ်အသင်း အခုလို ချန်ပီယံဖြစ်သွားခဲ့တဲ့အတွက် ၂၀၀၄ ခုနှစ်ကစပြိး ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ် ၂ သင်းပဲ ဗိုလ်စွဲခဲ့တဲ့ အစဉ်အလာကို အဆုံးသတ်သွားစေခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အမှတ်ပေးချန်ပီယံဆုဖလားနဲ့ လွဲခဲ့တာကြောင့် ဒီနှစ်ဘောလုံးရာသီမှာ ဖလားတလုံးမှ မရဘဲဖြစ်ခဲ့ပြီး နည်းပြ Gerardo Martino လည်း နည်းပြကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။

လန်ဒန်မြို့က ဝင်ဘလေမှာကစားတဲ့ FA ဖလားဖိုင်နယ်မှာ အာဆင်နယ်က ဟားလ်စီးတီးကို ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ ဟားလ်က ပွဲစပြီး ၁၀ မိနစ်မှာ ၂ ဂိုးအရင်သွင်းခဲ့ပြီး အာဆင်နယ်က နောက်ကနေ လိုက်ချေရတာပါ။ အာဆင်နယ်အတွက် အနိုင်ဂိုးကိုတော့ အချိန်ပိုမှာ Ramsey က သွင်းခဲ့တာပါ။ ဒါဟာ အာဆင်နယ်အတွက်တော့ ၉ နှစ်အတွင်း ပထမဆုံးဆုဖလားလည်းဖြစ်ပါတယ်။

ဘာလင်မှာ ကစားတဲ့ ဂျာမန်ဖလားဖိုင်နယ်မှာတော့ ဘိုင်ယန်မြူးနစ်က ဘိုရုစီးယားဒေါ့မန်ကိုအချိန်ပိုကစားပြီး ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ဗိုလ်စွဲသွားပါတယ်။ ဂိုးတွေကိုတော့ ရော်ဘင် နဲ့ မူလာတို့ သွင်းပေးခဲ့တာပါ။ ဘိုင်ယန်အတွက်တော့ ဒါဟာ အခုနှစ်အတွက် ဒုတိယမြောက် ဖလားဖြစ်ပါတယ်။
XS
SM
MD
LG