သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်း စစ်စခန်း သူပုန်တွေ ဝင်စီး


တိုက်ခိုက်မှုဖြစ်ပြီးနောက် အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေစဉ် (၁၃၊ ၂၊၂၀၁၃)
တိုက်ခိုက်မှုဖြစ်ပြီးနောက် အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေစဉ် (၁၃၊ ၂၊၂၀၁၃)
ထိုင်းနိုင်ငံတောင်ပိုင်းက စစ်တပ် အခြေစိုက်စခန်းကို ဗုဒ္ဓဟူးနေ့ အစောပိုင်းက ဝင်တိုက်တဲ့ လက်နက်ကိုင် ၁၇ ယောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။ စစ်တပ်သုံး လက်နက်တွေကို ကိုင်ဆောင်ထားသူ ၆၀ ထက်မနည်းက အခြေစိုက်စခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပေမဲ့ ပြန်လည် တွန်းလှန် တိုက်နိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံ ပြည်တွင်း လုံခြုံရေးတပ်များ ကွပ်ကဲမှုဌာန ပြောခွင့်ရသူ ပရာမုတ် ပရိုမင်း (Pramote Promin) က ပြောပါတယ်။

မလေးရှားနိုင်ငံနဲ့ ကပ်နေတဲ့ နရာသီဝပ်ခရိုင်မှာ အာရုဏ်မတက်ခင် တိုက်ခိုက်ခံခဲ့ရ တာ ဖြစ်ပါတယ်။ နှစ်ဘက် အပြင်းအထန် ပစ်ခတ်မှုအတွင်း ထိုင်းစစ်သားတချို့လည်း ထိခိုက် ဒဏ်ရာရသွားကြတယ်လို့ ပြောခွင့်ရသူ ပရိုမင်း က ပြောပါတယ်။

စစ်စခန်းအပေါ် တိုက်ခိုက်တာ ဘယ်အဖွဲ့အစည်းကလဲ ဘာကြောင့် တိုက်ခိုက်သလဲ ဆိုတာ ခုချိန်ထိ အတိအကျ မသိရသေးပါဘူး။ ထိုင်းနိုင်ငံတောင်ပိုင်း မူဆလင် အများစု နေထိုင်တဲ့ ခရိုင် ၃ ခုမှာ မူဆလင် ခွဲထွက်ရေးသမားတွေက အကြမ်းဖက် တိုက်ခိုက်မှု တွေကို အခုနောက်ပိုင်း နှစ်တွေမှာ ပိုပြီး လုပ်လာနေပါတယ်။
XS
SM
MD
LG