မူစလင်ညီအကိုတော်များအဖွဲ့ကို အကြမ်းဖက် အဖွဲ့တခုအဖြစ် ဆော်ဒီ အာရေဗျ အစိုးရက တရားဝင်သတ်မှတ်လိုက်ပါတယ်။ ဒီလို သတ်မှတ်ကြောင်း ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးဌာနကို ကိုးကားပြီး အစိုးရပိုင် ရုပ်သံက ကြေညာခဲ့တာဖြစ်ပါတယ်။
ရှေးရိုးစွဲဝါဒရှိတဲ့ မူစလင်ညီအကိုတော်များအဖွဲ့ဟာ ဆော်ဒီအာရေဗျမှာ မင်းဆက်တွေ အုပ်ချုပ်မှုကို စိန်ခေါ်နေတာမို့ ဘုရင် အုပ်ချုပ်တဲ့ ဆော်ဒီ အာရေဗျ နိုင်ငံက သူတို့ကို စိုးရိမ်နေတာဖြစ်ပါတယ်။
အာရပ်ကမ္ဘာမှာ တော်လှန်ရေးတွေ ခေတ်ထလာတဲ့ အချိန် ကစပြီး ဆော်ဒီအာရေဗျနိုင်ငံထဲမှာ သူတို့ကို ထောက်ခံမှုတွေ ရဖို့သူတို့က ကြိုးစားခဲ့ကြပါတယ်။ အီဂျစ်နိုင်ငံမှာတော့ သမ္မတ မိုဟာမက်မော်စီကို စစ်တပ်က ဖြုတ်ချခဲ့ချိန်ကစပြီး ဒီအဖွဲ့လည်း မြေအောက် အဖွဲ့အစည်း တခုဖြစ်သွားခဲ့တာပါ။ ဒီအဖွဲ့ကို အရင်တုန်းက အီဂျစ်မှာ အုပ်ချုပ်ခဲ့တဲ့ Hosni Mubarak လက်ထက်တုန်းကလည်း ဖိနှိပ်ထားတာဖြစ်ပါတယ်။
ဒီညီအကိုတော်များအဖွဲ့အပြင် ဆီးရီးယားမှာ လှုပ်ရှားနေတဲ့ ဂျီဟတ်အဖွဲ့အစည်း ၂ ခုကိုလည်း ဆော်ဒီအာရေဗျနိုင်ငံက အကြမ်းဖက်အဖွဲ့တွေ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းတွေထဲက အဖွဲ့ဝင် အများအပြားဟာ ဆော်ဒီအာရေဗျ နိုင်ငံကနေ သွားရောက်ကြ သူတွေ ဖြစ်ပါတယ်။