သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MMA မယ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဘွဲ့ အောင်လ ဆက်ထိန်း


Aung La Nsang(Burmese Python) (ဓါတ်ပုံ- Aung La Nsang Facebook)
Aung La Nsang(Burmese Python) (ဓါတ်ပုံ- Aung La Nsang Facebook)

MMA ကမ္ဘာ့မယ်ဒယ်ဝိတ်ချန်ပီယံ ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ မနေ့ သောကြာနေ့က ရန်ကုန်မှာ ကျင်းပတဲ့ OneMiddleweight ပြိုင်ပွဲမှာ စိန်ခေါ်သူ လက်ဘနွန်နိုင်ငံသား Phoenix မယ်ဒယ်ဝိတ်ချိန်ပီယံ Mohammad Karaki ကို အလဲထိုးပြီး ကမ္ဘာ့ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်း လိုက်ပါတယ်။

အခုလို ရွှေခါးပတ်ချန်ပီဆုကို ကာကွယ်နိုင်ခဲ့တဲ့ အတွက် မြန်မာနိုင်ငံသား တယောက်အနေနဲ့ အလွန်ဂုဏ်ယူမိကြောင်း မြန်မာ့စပါးအုံးလို့ နာမည်ကြီးတဲ့ အောင်လအန်ဆန် က ပြိုင်ပွဲအပြီးမှာ သတင်းထောက်တွေကို အခုလို ပြောသွားပါတယ်။

"ကျနော် အရမ်းဝမ်းသာတယ်နော်။ အားလုံး ဂုဏ်ယူနိုင်အောင်ဆိုပြီး ကျနော်ကြိုးစားတယ်။ ၁၀ ပတ်ကျော်ကျော် training နားတဲ့ ရက်ဆို မရှိဘူး။ ကြိုးစားတယ်။ ကျနော့်အားပေးတဲ့ လူအများကြီးရှိတယ်နော်။ ကျနော့်အားပေးပြီး ဆုတောင်းပေးတဲ့ သူတွေအများကြီးရှိတယ်။ အဲဒီလူအားလုံးကို ကျနော် အရမ်းကျေးဇူးတင်တယ်။ အားလုံးကိုချစ်တယ်။ ဒီလိုမျိုး အောင်မြင်မှု အားလုံးအတွက် ရနိုင်တဲ့အတွက် ကျနော်လည်း ဂုဏ်ယူတယ်။"

ပြိုင်ဘက် Mohammad Karaki ကို ပထမအချီ ၂ မိနစ် ၂၁ စက္ကန့်အတွင်းမှာပဲ အောင်လအန်ဆန်က အလဲထိုး နိုင်ခဲ့တာဖြစ်ပါတယ်။ မယ်ဒယ်ဝိတ်ချိန်ပီယံ အသက် (၂၇)နှစ်အရွယ် Karaki ဟာ အရှေ့အလယ်ပိုင်းဒေသက ကိုယ်ခံပညာမျိုးစုံ ထူးချွန်တဲ့ အကောင်းဆုံးအားကစားသမား တဦးဖြစ်ပြီး မယ်ဒယ်ဝိတ်ချန်ပီယံပြိုင်ပွဲ ကိုးပွဲဆက်တိုက် အောင်မြင်ခဲ့သူဖြစ်ပါတယ်။

ONE Championship ကကျင်းပတဲ့ MMA ကိုယ်ခံပညာစုံသုံးခွင့်ရတဲ့ လက်ဝှေ့အားကစားပြိုင်ပွဲမှာ Mohammad Karaki ကို အလဲထိုးနိုင်ခဲ့တဲ့အတွက် အောင်လန်အန်ဆန်ဟာ ဒုတိယအကြိမ်မြောက် ကမ္ဘာ့မယ်ဒယ်ဝိတ်တန်းချန်ပီယံ ဖြစ်လာခဲ့သလို Middleweight ဝိတ်တန်း ကမ္ဘာ့အဆင့် မှာလည်း ၂၃ ကနေ နံပါတ် ၁၀ နေရာကို ရောက်ခဲ့ပါတယ်။

MMA မယ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဘွဲ့ အောင်လ ဆက်ထိန်း
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG