သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူခရီးစဉ်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ရဲ့ ဖိတ်ကြားချက်အရ သြဂုတ်လ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ စင်္ကာပူနိုင်ငံကို အလုပ်သဘောခရီးစဉ်နဲ့ လာရောက်မယ့် အကြောင်း စင်္ကာပူနိုင်ငံခြားရေးဌာနရဲ့ သြဂုတ်လ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၂၁ ရက်နေ့မှာ စင်္ကာပူသမ္မတ Halimah Yacob နဲ့ တွေ့ဆုံပြီး အဲဒီနေ့မှာပဲ ဝန်ကြီးချုပ် Lee Hsien Loong က နေ့လည်စာ တည်ခင်းဧည့်ခံမှာဖြစ်ပါတယ်။

ဒါ့အပြင် ဝါရင့်ဝန်ကြီး Goh Chok Tong ၊ ဒုတိယဝန်ကြီးချုပ် Teo Chee Hean ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ Vivian Balakrishnan တို့နဲ့လည်း ခရီးစဉ်အတွင်း တွေ့ဆုံဖို့ရှိပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့မှာတော့ Grand Hyatt ဟော်တယ်မှာ ၄၃ ကြိမ်မြောက် Singapore Lecture မိန့်ခွန်းကို ဒေါ်အောင်ဆန်း စုကြည် ပြောမှာဖြစ်ပါတယ်။ “Myanmar’s Democratic Transition: Challenges and Way Forward” လို့ ခေါင်းစဉ်တပ်ထား တဲ့ အဲဒီမိန့်ခွန်းမှာ လက်ရှိအစိုးရအဖွဲ့ရဲ့ အောင်မြင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ပြောမှာဖြစ်တယ်လို့ စင်္ကာပူက လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတုန်းကလည်း စင်္ကာပူနိုင်ငံကို ပထမအကြိမ် သွားရောက်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG