သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု မျက်လုံးခွဲစိတ်မှု အောင်မြင်


 ဧပြီလ ၉ ရက်နေ့က ညာဘက်မျက်လုံးကို ခွဲစိတ်ကုသမှု ခံယူရန် နေပြည်တော်က နား၊ နှာခေါင်းနှင့် လည်းချောင်းဆေးရုံသို့ လာရောက်သော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (AP Photo/Aung Shine Oo)
ဧပြီလ ၉ ရက်နေ့က ညာဘက်မျက်လုံးကို ခွဲစိတ်ကုသမှု ခံယူရန် နေပြည်တော်က နား၊ နှာခေါင်းနှင့် လည်းချောင်းဆေးရုံသို့ လာရောက်သော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (AP Photo/Aung Shine Oo)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်ဘက်မျက်လုံး အတွင်းတိမ်ကို သင်္ကြန်အတက်နေ့ ၊ ဧပြီလ ၁၆ ရက်ဒီကနေ့မှာပဲ နေပြည်တော်က နား၊ နှာခေါင်းနဲ လည်းချောင်းဆေးရုံမှာ အောင်အောင်မြင်မြင်နဲ့ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ကတော့ ညာဘက်မျက်လုံးကို ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီးဒီကနေ့ ဘယ်ဘက်မျက်လုံး အတွင်းတိမ်ကို နောက်ထပ်ခွဲစိတ်ခဲ့တာပါ။

ခွဲစိတ်မှုအောင်မြင်ခဲ့တဲ့အတွက်ဂရုတစိုက် ခွဲစိတ်ကုသပေးခဲ့ကြတဲ့ အထူးကု ဆရာဝန်ကြီးတွေ၊ ဆရာဝန်ကြီးတွေ၊ သူနာပြုတွေနဲ့ ဆေးရုံဝန်ထမ်းအားလုံးအပြင် ဆုမွန်ကောင်းတောင်း မေတ္တာပို့သပေးကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူ အားလုံးကို ကျေးဇူးတင်ရှိကြောင်းကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့ ဖေ့ဘုတ်စ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မနက်ဖြန် နှစ်ဆန်းတရက်နေ့မှာတော့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှစ်သစ်ကူးမိန့်ခွန်းပြောကြားမှာဖြစ်ပြီး၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ နှစ်ဆန်း ၂ ရက်နေ့ မှာ နှစ်သစ်ကူးမိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ မိန့်ခွန်းတွေကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ကရော၊ ရေဒီယိုကပါ ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG