သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ ၅၀၅(ခ) အမႈ ကိုယ္တိုင္သက္ေသထြက္ဆို


ေနျပည္ေတာ္ တရား႐ံုးခ်ဳပ္

{{Zawgyi/Unicode}}

ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ သူ႔အေပၚ စြပ္စြဲထားတဲ့ အမႈေတြထဲက ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ) အမႈအတြက္ ဒီကေန႔ ကိုယ္တိုင္ သက္ေသ ထြက္ဆိုခဲ့တယ္ လို႔ စုံစမ္းသိရပါတယ္။

အာဏာသိမ္းစဥ္ သမၼတဦးဝင္းျမင့္ကို က်န္းမာေရးအေၾကာင္းျပၿပီး သမၼတအျဖစ္က ႏုတ္ထြက္ဖို႔ စစ္အရာရွိႀကီး ၂ ေယာက္က လက္မွတ္ထိုးခိုင္းခဲ့တာကို သူက ျငင္းဆိုခဲ့ေၾကာင္း ဦးဝင္းျမင့္က ႐ုံးေတာ္ကို ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းမွာ ေျပာၾကားခဲ့ပါတယ္။ ဦးဝင္းျမင့္ရဲ႕ထြက္ဆိုခ်က္ဟာ ကမာၻအႏွံ႔သတင္းေတြမွာ ပ်ံ႕ႏွံ႔သြားၿပီးတဲ့ေနာက္ စစ္ေကာင္စီက စြပ္စြဲခံထားၾကသူေတြရဲ႕ ေရွ႕ေနေတြကို ပုဒ္မ ၁၄၄ နဲ႔ ႏႈတ္ပိတ္ခဲ့တာေၾကာင့္ ဒီေန႔ အမႈစစ္ေဆးပုံ အေသးစိတ္ကိုေတာ့ မသိရွိရပါဘူး။ 


အပတ္စဥ္စစ္ေဆးေနက် အမႈေတြျဖစ္တဲ့ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ) နဲ႔ သဘာဝေဘးအႏၲရာယ္အမႈတို႔ကို ေနျပည္ေတာ္သီးသန႔္တရား႐ုံးမွာ ဒီကေန႔ စစ္ေဆးခဲ့တာပါ။

စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္နဲ႔ ထိပ္တန္းေခါင္းေဆာင္တခ်ိဳ႕ ထိန္းသိမ္းခံထားရစဥ္ အာဏာသိမ္းစစ္တပ္နဲ႔ ပူးေပါင္းေဆာင္႐ြက္တာမလုပ္ၾကဖို႔ နဲ႔ ႏိုင္ငံေတာ္သမၼတဟာ ဦးဝင္းျမင့္သာျဖစ္ေၾကာင္းေဖာ္ျပထားတဲ့ ေၾကညာခ်က္ ႏွစ္ေစာင္ကို အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟိုအလုပ္ အမႈေဆာင္အဖြဲ႔က ထုတ္ျပန္ခဲ့ပါတယ္။ ဒီအတြက္ေၾကာင့္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ ေနျပည္ေတာ္ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာမ်ိဳးေအာင္တို႔အေပၚ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅(ခ) နဲ႔ စစ္ေကာင္စီက တရားစြဲထားတာပါ။ဒီအမႈနဲ႔ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ ၃ ေယာက္ကို ၿပီးခဲ့တဲ့ လက စြဲခ်က္တင္ခဲ့ပါတယ္။စြပ္စြဲခံရသူ ၃ ဦးစလုံး က ဒီအမႈအတြက္ သီးျခား တရားခံျပသက္ေသ မတင္ေတာ့ဘဲ ကိုယ္တိုင္ သက္ေသ ထြက္ဆိုၾကတာပါ။ၿပီးခဲ့တဲ့ အပတ္႐ုံးခ်ိန္းမွာ သမၼတဦးဝင္းျမင့္က သက္ေသထြက္ဆိုခဲ့ၿပီး ဒီေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္က သက္ေသထြက္ဆိုခဲ့တာ ျဖစ္ပါတယ္။

အာဏာသိမ္းစဥ္ သမၼတဦးဝင္းျမင့္ကို က်န္းမာေရးအေၾကာင္းျပၿပီး သမၼတအျဖစ္က ႏုတ္ထြက္ဖို႔ စစ္အရာရွိႀကီး ၂ ေယာက္က လက္မွတ္ထိုးခိုင္းခဲ့တာကို သူက ျငင္းဆိုခဲ့ေၾကာင္း ဦးဝင္းျမင့္က ႐ုံးေတာ္ကို ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းမွာ ေျပာၾကားခဲ့ပါတယ္။ ဦးဝင္းျမင့္ရဲ႕ထြက္ဆိုခ်က္ဟာ ကမာၻအႏွံ႔သတင္းေတြမွာ ပ်ံ႕ႏွံ႔သြားၿပီးတဲ့ေနာက္ စစ္ေကာင္စီက စြပ္စြဲခံထားၾကသူေတြရဲ႕ ေရွ႕ေနေတြကို ပုဒ္မ ၁၄၄ နဲ႔ ႏႈတ္ပိတ္ခဲ့တာေၾကာင့္ ဒီေန႔ အမႈစစ္ေဆးပုံ အေသးစိတ္ကိုေတာ့ မသိရွိရပါဘူး။

တိုက္႐ိုက္ လင့္ခ္


===========

{{Unicode}}

ဒေါ်အောင်ဆန်းစုကြည် ၅၀၅(ခ) အမှု ကိုယ်တိုင်သက်သေထွက်ဆို

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ် စွပ်စွဲထားတဲ့ အမှုတွေထဲက ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အမှုအတွက် ဒီကနေ့ ကိုယ်တိုင် သက်သေ ထွက်ဆိုခဲ့တယ် လို့ စုံစမ်းသိရပါတယ်။

အာဏာသိမ်းစဉ် သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြပြီး သမ္မတအဖြစ်က နုတ်ထွက်ဖို့ စစ်အရာရှိကြီး ၂ ယောက်က လက်မှတ်ထိုးခိုင်းခဲ့တာကို သူက ငြင်းဆိုခဲ့ကြောင်း ဦးဝင်းမြင့်က ရုံးတော်ကို ပြီးခဲ့တဲ့ ရုံးချိန်းမှာ ပြောကြားခဲ့ပါတယ်။ ဦးဝင်းမြင့်ရဲ့ထွက်ဆိုချက်ဟာ ကမ္ဘာအနှံ့သတင်းတွေမှာ ပျံ့နှံ့သွားပြီးတဲ့နောက် စစ်ကောင်စီက စွပ်စွဲခံထားကြသူတွေရဲ့ ရှေ့နေတွေကို ပုဒ်မ ၁၄၄ နဲ့ နှုတ်ပိတ်ခဲ့တာကြောင့် ဒီနေ့ အမှုစစ်ဆေးပုံ အသေးစိတ်ကိုတော့ မသိရှိရပါဘူး။ 


အပတ်စဉ်စစ်ဆေးနေကျ အမှုတွေဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ သဘာဝဘေးအန္တရာယ်အမှုတို့ကို နေပြည်တော်သီးသန့်တရားရုံးမှာ ဒီကနေ့ စစ်ဆေးခဲ့တာပါ။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ထိပ်တန်းခေါင်းဆောင်တချို့ ထိန်းသိမ်းခံထားရစဉ် အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်တာမလုပ်ကြဖို့ နဲ့ နိုင်ငံတော်သမ္မတဟာ ဦးဝင်းမြင့်သာဖြစ်ကြောင်းဖော်ပြထားတဲ့ ကြေညာချက် နှစ်စောင်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့အပေါ် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) နဲ့ စစ်ကောင်စီက တရားစွဲထားတာပါ။ဒီအမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်တို့ ၃ ယောက်ကို ပြီးခဲ့တဲ့ လက စွဲချက်တင်ခဲ့ပါတယ်။စွပ်စွဲခံရသူ ၃ ဦးစလုံး က ဒီအမှုအတွက် သီးခြား တရားခံပြသက်သေ မတင်တော့ဘဲ ကိုယ်တိုင် သက်သေ ထွက်ဆိုကြတာပါ။ပြီးခဲ့တဲ့ အပတ်ရုံးချိန်းမှာ သမ္မတဦးဝင်းမြင့်က သက်သေထွက်ဆိုခဲ့ပြီး ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က သက်သေထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစဉ် သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြပြီး သမ္မတအဖြစ်က နုတ်ထွက်ဖို့ စစ်အရာရှိကြီး ၂ ယောက်က လက်မှတ်ထိုးခိုင်းခဲ့တာကို သူက ငြင်းဆိုခဲ့ကြောင်း ဦးဝင်းမြင့်က ရုံးတော်ကို ပြီးခဲ့တဲ့ ရုံးချိန်းမှာ ပြောကြားခဲ့ပါတယ်။ ဦးဝင်းမြင့်ရဲ့ထွက်ဆိုချက်ဟာ ကမ္ဘာအနှံ့သတင်းတွေမှာ ပျံ့နှံ့သွားပြီးတဲ့နောက် စစ်ကောင်စီက စွပ်စွဲခံထားကြသူတွေရဲ့ ရှေ့နေတွေကို ပုဒ်မ ၁၄၄ နဲ့ နှုတ်ပိတ်ခဲ့တာကြောင့် ဒီနေ့ အမှုစစ်ဆေးပုံ အသေးစိတ်ကိုတော့ မသိရှိရပါဘူး။

#MyanmarMilitaryCoup #AungSanSuuKyiTrial #AungSanSuuKyi #VOABurmese

#ဒေါ်အောင်ဆန်းစုကြည်#၅၀၅(ခ)#ပုဒ်မ၁၄၄#ဒေါက်တာမျိုးအောင်#ကိုယ်တိုင်ထွက်ဆို

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG