သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကို ေနာက္ထပ္ အဂတိမႈသုံးမႈနဲ႔ စြဲဖို႔ျပင္ဆင္ေန


Myanmar Suu Kyi

Zawgyi/Unicode

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို ေနာက္ထပ္ အဂတိလိုက္စားမႈ၃ မႈနဲ႔ တရားစြဲႏိုင္ဖို႔ စစ္ေကာင္စီဘက္က စုံစမ္း ျပင္ဆင္ေနတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြကေျပာပါတယ္။ တရားခြင္မွာ လက္ရွိ စစ္ေဆးခံေနရတဲ့ အဂတိမႈေတြမွာ စစ္ေကာင္စီဘက္က တရားလိုျပသက္ေသေတြရဲ႕ ထြက္ဆိုခ်က္ေတြဟာ အဓိပၸါယ္မရွိတဲ့ စြပ္စြဲခ်က္ေတြျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က တုံ႔ျပန္ပါတယ္။ သူ႔အမႈေတြကို သီတင္းတပတ္လုံး စစ္ေဆးေနတာေၾကာင့္ က်န္းမာေရးထိခိုက္တဲ့အတြက္ ႏွစ္ပတ္တခါ စစ္ေဆးဖို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က တရား႐ုံးကို ေလွ်ာက္ထားခဲ့ပါတယ္။ ရန္ကုန္ကလာတဲ့ ေဒၚေအာင္ဆန္းစုၾကည္အမႈသတင္း အျပည့္အစုံကို နန္းေလာင္ဝ္ေျပာျပပါမယ္။

လက္႐ွိ အဂတိလိုက္စားမႈ ၅ မႈနဲ႔ တရားစြဲခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို ေနာက္ထပ္ အဂတိလိုက္စားမႈ ၃ မႈတိုးဖုိ႔ စစ္ေကာင္စီဘက္ က ျပင္ဆင္ေနပါတယ္။ အမႈဖြင့္ တရားစြဲႏိုင္ဖုိ႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က စံုစမ္းေနတာမွာ ကနဦးစစ္ေဆး ခ်က္ယူဖို႔ ဆင့္ေခၚစာပို႔ထားတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနအဖဲြ႔ထဲက တရားလႊတ္ေတာ္ေ႐ွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ဗြီအိုေအကို ေျပာပါတယ္။

“ေလယာဥ္ပ်ံငွားၿပီးေတာ့ အခ်ိန္ျပည့္ မစီးလို႔ ဆိုတာပါတယ္။ .... တခုက ကြၽန္းသစ္ဆိုလားမသိဘူးဗ်။ ကြၽန္းသစ္တဲ့ ဗ်။ က်ေနာ္တို႔ၾကားလိုက္တာကိုေျပာတာပါ။”(ဦးခင္ေမာင္ေဇာ္၊ တရားလႊတ္ေတာ္ေရွ႕ေန)


“အမႈ စြဲဖို႔ေပါ့။ ပထမ အဂတိက စုံစမ္းတယ္ဗ်။ အမႈ မစြဲခင္မွာေလ၊ အမႈ တခုတည္း မဟုတ္ဘူး၊ ၃ မႈဗ်။ ဆင့္စာ အဲဒီဘက္ကေခၚတာဗ်။ ၃ မႈေခၚတာဗ်။ က်ေနာ္ တို႔လည္းေကာင္းေကာင္းမသိဘူး။ သူကလည္းပဲ ေရွ႕ေနေတြ...က်ေနာ္တို႔ကို မလႊတ္ဘူး၊ သူ႔ကိုေမးခ်င္လာေမးလို႔ ရတာပဲ။ သူဘယ္မွေရွာင္လႊဲလို႔ ရတာလည္းမဟုတ္ဘဲတဲ့- အဲလိုေျပာပါတယ္။ ကိုယ္တိုင္ျဖစ္ေစ၊ ကိုယ္စားလွယ္ျဖစ္ေစ လႊတ္ရမယ္ ေျပာတာကို။ ေလယာဥ္ပ်ံငွားၿပီးေတာ့ အခ်ိန္ျပည့္ မစီးလို႔ ဆိုတာပါတယ္။ ေလယာဥ္ပ်ံငွားၿပီးေတာ့ေပါ့။ တခုက အဲဒါပါတယ္။ တခုက ကြၽန္းသစ္ဆိုလားမသိဘူးဗ်။ ကြၽန္းသစ္တဲ့ ဗ်။ က်ေနာ္ တို႔ၾကားလိုက္တာကိုေျပာတာပါ။”

စစ္ေကာင္စီရဲ႕ အဂတိလိုက္စားမႈေကာ္မ႐ွင္က စံုစမ္းေနတဲ့ အေၾကာင္းအခ်က္ အေသးစိတ္ကို ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေ႐ွ႕ေနေတြ မသိရေသးပါဘူး။

“ဟိုတပတ္ကထြက္ခ်က္နဲ႔ ပတ္သက္လို႔ ဘယ္လို ဘာေျပာစရာရွိလဲ-လို႔ က်ေနာ္တို႔ ေမးတယ္ ဒါပဲ။ နာမည္ဘာညာ ဘာမွမေျပာဘူး။ သူကလည္း နားလည္တယ္။ 'ဟိုတပတ္က ထြက္ခ်က္နဲ႔ ပတ္သက္လို႔ ဘယ္လိုဘာေျပာစရာရွိလဲဆိုေတာ့ သူက 'All absurd (အဓိပၸါယ္မရွိ မဟုတ္တမ္းတရားေတြ)'...လို႔ အဂၤ လိပ္လိုပဲ ေျပာတယ္။ အဲဒါပါပဲဗ်။” (ဦးခင္ေမာင္ေဇာ္၊ တရားလႊတ္ေတာ္ ေရွ႕ေန)


အိုေအက အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ကို ဆက္သြယ္တာမွာလည္း ေျဖဆိုဖို႔ျငင္းဆန္ပါတယ္။ လက္႐ွိေနျပည္ေတာ္ သီးသန္႔တရား႐ံုးမွာ အရင္စြဲဆိုထားတဲ့ အဂတိလိုက္စားမႈ ၄ မႈကို စြဲခ်က္တင္သင့္ မသင့္ ၾကားနာစစ္ေဆးမႈေနပါတယ္။ အဲဒီထဲက အမႈ ၁ ခုအတြက္ ၿပီးခဲ့တဲ့ ေသာၾကာေန႔ ေအာက္တိုဘာ ၁ ရက္က စစ္ေကာင္စီရဲ႕ တရားလိုျပသက္ေသအေနနဲ႔ ရန္ကုန္တုိင္းဝန္းႀကီးခ်ဳပ္ (ေဟာင္း) ဦးၿဖိဳးမင္းသိန္းက လာေရာက္ ထြက္ဆိုခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္က တံု႔ျပန္ခ်က္ကို ေ႐ွ႕ေန ဦးခင္ေမာင္ေဇာ္က ခုလိုေျပာပါတယ္။

“ဟိုတပတ္ကထြက္ခ်က္နဲ႔ ပတ္သက္လို႔ ဘယ္လို ဘာေျပာစရာရွိလဲ-လို႔ က်ေနာ္တို႔ ေမးတယ္ ဒါပဲ။ နာမည္ဘာညာ ဘာမွမေျပာဘူး။ သူကလည္း နားလည္တယ္။ 'ဟိုတပတ္က ထြက္ခ်က္နဲ႔ ပတ္သတ္လို႔ ဘယ္လိုဘာေျပာစရာရွိလဲဆိုေတာ့ သူက 'All absurd (အဓိပၸါယ္မရွိ မဟုတ္တမ္းတရားေတြ)'...လို႔ အဂၤ လိပ္လိုပဲ ေျပာတယ္။ အဲဒါပါပဲဗ်။”

ဦးၿဖိဳးမင္းသိန္းက အေခါက္ေ႐ႊ (၇) ပိႆာ၊ အေမရိကန္ ေဒၚလာ (၆) သိန္းနဲ႔ ေ႐ႊဘုရားဆင္းတုေတာ္ တဆူေပးခဲ့တယ္လို႔ ထြက္ဆိုခဲ့တာျဖစ္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ကို အပတ္စဥ္ စစ္ေဆးေနက် အမႈ ၃ မႈနဲ႔ သမၼတ ဦးဝင္းျမင့္ ၁ မႈတို႔အတြက္ ဒီကေန႔ ေအာက္တိုဘာ (၄) ရက္မွာ ႐ံုးထုတ္စဥ္ ေ႐ွ႕ေနေတြနဲ႔ နာရီဝက္ေလာက္ ေတြ႔ဆံုေျပာခြင့္ ရခဲ့တာပါ။

ဒီကေန႔ ႐ုံးခ်ိန္းမွာေတာ့ ပို႔ကုန္သြင္းကုန္ဥပေဒ၊ ဆက္သြယ္ေရးဥပေဒနဲ႔ သဘာဝေဘးဥပေဒတို႔အတြက္ ႐ုံးထုတ္စစ္ေဆးခဲ့ၿပီး သဘာဝေဘး ဥပေဒ ပုဒ္မ (၂၅) အတြက္ လာမယ့္ အပတ္ ေအာက္တိုဘာ ၁၁ ရက္ေန႔ ႐ုံးခ်ိန္း က်မွသာ စြဲခ်က္တင္သင့္ မတင္သင့္ဆုံးျဖတ္ဖို႔ တရား႐ုံးက အမိန႔္ခ်လိုက္ပါ တယ္။ ပို႔ကုန္သြင္းကုန္ ဥပေဒနဲ႔ ပတ္သတ္လို႔ တဘက္ေရွ႕ေနေတြဘက္က တင္ျပထားတဲ့ ေနာက္တိုး သက္ေသ စစ္ေဆးခြင့္ကို ေဒၚေအာင္ဆန္းစုၾကည္ေရွ႕ေနေတြက ကန႔္ကြက္ခဲ့ေပမယ့္ တရား႐ုံးက လက္မခံတာေၾကာင့္ လာမယ့္႐ုံးခ်ိန္းမွာ ေနာက္တိုး သက္ေသ ထပ္မံစစ္ေဆးမယ္လို႔ ေရွ႕ေနဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

ဒီတရားစြဲတာက အသံလႊင့္႐ုံေတြနဲ႔ပတ္သတ္တာကို စြဲရတာ။ စကားေျပာစက္ေတြနဲ႔ မဆိုင္ဘူး။ ဒါကမွားစြဲတာ။ ပုဒ္မ ၆၇ နဲ႔ မၿငိဘူး။ ... ေနာက္ဒီစကားေျပာစက္ေတြက ေဒၚစုဆီက မိတာမဟုတ္ဘူး။ စကားေျပာစက္ေတြက ဝန္ထမ္းေတြကမိတယ္ဆိုတာ ရွာေဖြ ပုံစံမွာကိုကေပၚေနတာ။ သူတို႔ ေျပာေတာ့ ဝန္ထမ္းေတြဆီက သိမ္းတာမဟုတ္ဘူး။ ေဒၚေအာင္ဆန္းစုၾကည္ အိမ္ကလို ဟိုလိုလို ဒီလိုလို လုပ္ၾကတာ။ .... ဒါေၾကာင့္ ေလွ်ာက္လဲခ်က္ေပးေတာ့ ဒီအမႈက မွားယြင္းမႈပါလို႔ ေျပာတာပါ။” (ေရွ႕ေန ဦးၾကည္ဝင္း)


ဆက္သြယ္ေရးဥပေဒနဲ႔ပတ္သတ္လို႔ေတာ့ ဒီကေန႔မွာ စြဲခ်က္ တင္သင့္ မသင့္ကို ၂ ဘက္ေရွ႕ေနေတြက ေလွ်ာက္လဲခ်က္ေပးၾကရတယ္လို႔ အဲဒီအမႈကို လိုက္ေပးေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနႀကီးဦးၾကည္ဝင္းက ဗြီအိုေအကိုေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ သူမက်ဴးလြန္တဲ့ ျပစ္မႈတခုကို မက်ဴးလြန္ေၾကာင္းတင္ျပႏိုင္ခဲ့သလို အမႈစြဲဆိုတာမွာလည္း လြဲမွားစြာ အမႈတပ္ တရားစြဲခံခဲ့ရတယ္လို႔ ဦးၾကည္ဝင္းက ဗြီအိုေအကိုေျပာပါတယ္။

“ဆက္သြယ္ေရး ဥပေဒဆိုတာ ေရဒီယို၊ အခုလို ႀကိဳးမဲ့ မိုဘိုင္းဖုန္းေတြနဲ႔ မဆိုင္ဘူး။ FM ေတြ၊ အသံလႊင့္ telecommunication ေတြ အသံလႊင့္႐ုံေတြထူေထာင္ တာ။ လိုင္စင္ဆိုတာက ခုနက ေျမေတြဝယ္ရဦးမယ္၊ ပုဒ္မေတြ အမ်ားႀကီးပဲ။ ဒီတရားစြဲတာက အသံလႊင့္႐ုံေတြနဲ႔ပတ္သတ္တာကို စြဲရတာ။ စကားေျပာစက္ေတြနဲ႔ မဆိုင္ဘူး။ ဒါကမွားစြဲတာ။ ပုဒ္မ ၆၇ နဲ႔ မၿငိဘူး။ ဘာေၾကာင့္လဲဆို ဒါက အသံလႊင့္႐ုံေတြကို လိုင္စင္ေပးတာမို႔။ ေနာက္ဒီစကားေျပာစက္ေတြက ေဒၚစုဆီက မိတာမဟုတ္ဘူး။ စကားေျပာစက္ေတြက ဝန္ထမ္းေတြကမိတယ္ဆိုတာ ရွာေဖြ ပုံစံမွာကိုကေပၚေနတာ။ သူတို႔ ေျပာေတာ့ ဝန္ထမ္းေတြဆီက သိမ္းတာမဟုတ္ဘူး။ ေဒၚေအာင္ဆန္းစုၾကည္ အိမ္ကလို ဟိုလိုလို ဒီလိုလို လုပ္ၾကတာ။ ဒါမယ့္ ရွာေဖြပုံစံမွာကိုက လုံၿခဳံေရးဝန္ထမ္းေတြဆီက သိမ္းဆည္းသည္ဆိုတာ ပါတယ္။ ဒါေၾကာင့္ ေလွ်ာက္လဲခ်က္ေပးေတာ့ ဒီအမႈက မွားယြင္းမႈပါလို႔ ေျပာတာပါ။”

ေလာေလာဆယ္ စုစုေပါင္း အမႈ ၁၁ ခုနဲ႔တရားစြဲခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾက ည္ ကို အမႈ ၁၀ ခုအတြက္ သီတင္းပတ္တိုင္း ေနျပည္ေတာ္ သီးသန္႔တရား႐ံုးမွာ ႐ံုးထုတ္ ၾကားနာစစ္ေဆးမႈေတြ လုပ္ေနပါတယ္။ ေန႔စဥ္တရား႐ံုးလာေနရတာ သူ႔ က်န္းမာေရးထိခိုက္တဲ့အတြက္ အပတ္စဥ္အစား သီတင္း ၂ ပတ္ျခား စစ္ေပးဖို႔ ေဒၚေအာင္ဆန္းစုၾကည္က ဒီေန႔ တရား႐ံုးကို စာတင္ေတာင္းဆိုခဲ့ပါတယ္။

လက္ရွိေဒၚေအာင္ဆန္းစုၾကည္ ရင္ဆိုင္ဆဲ အမႈ ၁၁ မႈ႐ွိေနပါတယ္။ ပို႔ကုန္သြင္း ကုန္ ဥပေဒ၊ ဆက္သြယ္ေရးဥပေဒ၊ သဘာဝ ေဘးဥပေဒနဲ႔ (၂) မႈအပါအဝင္ ပုဒ္မ ၅၀၅ (ခ) အမႈေတြအတြက္ကို တနလၤာနဲ႔ အဂၤါေန႔တိုင္း စစ္ေဆးေနၿပီး ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒ ၃ (၁)/ဂ နဲ႔ အမႈကိုေတာ့ ၾကာသပေတးေန႔တိုင္း စစ္ေဆးေနပါတယ္။ ဒါ့အျပင္ အဂတိလိုက္စားမႈ (၅) မႈထဲက (၄) မႈအတြက္ ေသာၾကာ ေန႔တိုင္း ေနျပည္ေတာ္မွာ ၾကားနာစစ္ေဆးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

Unicode

ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်အဂတိမှုသုံးမှုနဲ့စွဲဖို့ပြင်ဆင်နေ

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် အဂတိလိုက်စားမှု၃ မှုနဲ့ တရားစွဲနိုင်ဖို့ စစ်ကောင်စီဘက်က စုံစမ်း ပြင်ဆင်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကပြောပါတယ်။ တရားခွင်မှာ လက်ရှိ စစ်ဆေးခံနေရတဲ့ အဂတိမှုတွေမှာ စစ်ကောင်စီဘက်က တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေဟာ အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်တွေဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပါတယ်။ သူ့အမှုတွေကို သီတင်းတပတ်လုံး စစ်ဆေးနေတာကြောင့် ကျန်းမာရေးထိခိုက်တဲ့အတွက် နှစ်ပတ်တခါ စစ်ဆေးဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ဒေါ်အောင်ဆန်းစုကြည်အမှုသတင်း အပြည့်အစုံကို နန်းလောင်ဝ်ပြောပြပါမယ်။

“လေယာဉ်ပျံငှားပြီးတော့ အချိန်ပြည့် မစီးလို့ ဆိုတာပါတယ်။ .... တခုက ကျွန်းသစ်ဆိုလားမသိဘူးဗျ။ ကျွန်းသစ်တဲ့ ဗျ။ ကျနော်တို့ကြားလိုက်တာကိုပြောတာပါ။”(ဦးခင်မောင်ဇော်၊ တရားလွှတ်တော်ရှေ့နေ)


လက်ရှိ အဂတိလိုက်စားမှု ၅ မှုနဲ့ တရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် အဂတိလိုက်စားမှု ၃ မှုတိုးဖို့ စစ်ကောင်စီဘက် က ပြင်ဆင်နေပါတယ်။ အမှုဖွင့် တရားစွဲနိုင်ဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းနေတာမှာ ကနဦးစစ်ဆေး ချက်ယူဖို့ ဆင့်ခေါ်စာပို့ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ထဲက တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။

“အမှု စွဲဖို့ပေါ့။ ပထမ အဂတိက စုံစမ်းတယ်ဗျ။ အမှု မစွဲခင်မှာလေ၊ အမှု တခုတည်း မဟုတ်ဘူး၊ ၃ မှုဗျ။ ဆင့်စာ အဲဒီဘက်ကခေါ်တာဗျ။ ၃ မှုခေါ်တာဗျ။ ကျနော် တို့လည်းကောင်းကောင်းမသိဘူး။ သူကလည်းပဲ ရှေ့နေတွေ...ကျနော်တို့ကို မလွှတ်ဘူး၊ သူ့ကိုမေးချင်လာမေးလို့ ရတာပဲ။ သူဘယ်မှရှောင်လွှဲလို့ ရတာလည်းမဟုတ်ဘဲတဲ့- အဲလိုပြောပါတယ်။ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြစ်စေ လွှတ်ရမယ် ပြောတာကို။ လေယာဉ်ပျံငှားပြီးတော့ အချိန်ပြည့် မစီးလို့ ဆိုတာပါတယ်။ လေယာဉ်ပျံငှားပြီးတော့ပေါ့။ တခုက အဲဒါပါတယ်။ တခုက ကျွန်းသစ်ဆိုလားမသိဘူးဗျ။ ကျွန်းသစ်တဲ့ ဗျ။ ကျနော် တို့ကြားလိုက်တာကိုပြောတာပါ။”

စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုကော်မရှင်က စုံစမ်းနေတဲ့ အကြောင်းအချက် အသေးစိတ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ မသိရသေးပါဘူး။

“ဟိုတပတ်ကထွက်ချက်နဲ့ ပတ်သက်လို့ ဘယ်လို ဘာပြောစရာရှိလဲ-လို့ ကျနော်တို့ မေးတယ် ဒါပဲ။ နာမည်ဘာညာ ဘာမှမပြောဘူး။ သူကလည်း နားလည်တယ်။ 'ဟိုတပတ်က ထွက်ချက်နဲ့ ပတ်သက်လို့ ဘယ်လိုဘာပြောစရာရှိလဲဆိုတော့ သူက 'All absurd (အဓိပ္ပါယ်မရှိ မဟုတ်တမ်းတရားတွေ)'...လို့ အင်္ဂ လိပ်လိုပဲ ပြောတယ်။ အဲဒါပါပဲဗျ။” (ဦးခင်မောင်ဇော်၊ တရားလွှတ်တော် ရှေ့နေ)

ဗွီအိုအေက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဆက်သွယ်တာမှာလည်း ဖြေဆိုဖို့ငြင်းဆန်ပါတယ်။ လက်ရှိနေပြည်တော် သီးသန့်တရားရုံးမှာ အရင်စွဲဆိုထားတဲ့ အဂတိလိုက်စားမှု ၄ မှုကို စွဲချက်တင်သင့် မသင့် ကြားနာစစ်ဆေးမှုနေပါတယ်။ အဲဒီထဲက အမှု ၁ ခုအတွက် ပြီးခဲ့တဲ့ သောကြာနေ့ အောက်တိုဘာ ၁ ရက်က စစ်ကောင်စီရဲ့ တရားလိုပြသက်သေအနေနဲ့ ရန်ကုန်တိုင်းဝန်းကြီးချုပ် (ဟောင်း) ဦးဖြိုးမင်းသိန်းက လာရောက် ထွက်ဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ချက်ကို ရှေ့နေ ဦးခင်မောင်ဇော်က ခုလိုပြောပါတယ်။

“ဟိုတပတ်ကထွက်ချက်နဲ့ ပတ်သက်လို့ ဘယ်လို ဘာပြောစရာရှိလဲ-လို့ ကျနော်တို့ မေးတယ် ဒါပဲ။ နာမည်ဘာညာ ဘာမှမပြောဘူး။ သူကလည်း နားလည်တယ်။ 'ဟိုတပတ်က ထွက်ချက်နဲ့ ပတ်သတ်လို့ ဘယ်လိုဘာပြောစရာရှိလဲဆိုတော့ သူက 'All absurd (အဓိပ္ပါယ်မရှိ မဟုတ်တမ်းတရားတွေ)'...လို့ အင်္ဂ လိပ်လိုပဲ ပြောတယ်။ အဲဒါပါပဲဗျ။”

ဦးဖြိုးမင်းသိန်းက အခေါက်ရွှေ (၇) ပိဿာ၊ အမေရိကန် ဒေါ်လာ (၆) သိန်းနဲ့ ရွှေဘုရားဆင်းတုတော် တဆူပေးခဲ့တယ်လို့ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အပတ်စဉ် စစ်ဆေးနေကျ အမှု ၃ မှုနဲ့ သမ္မတ ဦးဝင်းမြင့် ၁ မှုတို့အတွက် ဒီကနေ့ အောက်တိုဘာ (၄) ရက်မှာ ရုံးထုတ်စဉ် ရှေ့နေတွေနဲ့ နာရီဝက်လောက် တွေ့ဆုံပြောခွင့် ရခဲ့တာပါ။

ဒီကနေ့ ရုံးချိန်းမှာတော့ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေနဲ့ သဘာဝဘေးဥပဒေတို့အတွက် ရုံးထုတ်စစ်ဆေးခဲ့ပြီး သဘာဝဘေး ဥပဒေ ပုဒ်မ (၂၅) အတွက် လာမယ့် အပတ် အောက်တိုဘာ ၁၁ ရက်နေ့ ရုံးချိန်း ကျမှသာ စွဲချက်တင်သင့် မတင်သင့်ဆုံးဖြတ်ဖို့ တရားရုံးက အမိန့်ချလိုက်ပါ တယ်။ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ ပတ်သတ်လို့ တဘက်ရှေ့နေတွေဘက်က တင်ပြထားတဲ့ နောက်တိုး သက်သေ စစ်ဆေးခွင့်ကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက ကန့်ကွက်ခဲ့ပေမယ့် တရားရုံးက လက်မခံတာကြောင့် လာမယ့်ရုံးချိန်းမှာ နောက်တိုး သက်သေ ထပ်မံစစ်ဆေးမယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

“ဒီတရားစွဲတာက အသံလွှင့်ရုံတွေနဲ့ပတ်သတ်တာကို စွဲရတာ။ စကားပြောစက်တွေနဲ့ မဆိုင်ဘူး။ ဒါကမှားစွဲတာ။ ပုဒ်မ ၆၇ နဲ့ မငြိဘူး။ ... နောက်ဒီစကားပြောစက်တွေက ဒေါ်စုဆီက မိတာမဟုတ်ဘူး။ စကားပြောစက်တွေက ဝန်ထမ်းတွေကမိတယ်ဆိုတာ ရှာဖွေ ပုံစံမှာကိုကပေါ်နေတာ။ သူတို့ ပြောတော့ ဝန်ထမ်းတွေဆီက သိမ်းတာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အိမ်ကလို ဟိုလိုလို ဒီလိုလို လုပ်ကြတာ။ .... ဒါကြောင့် လျှောက်လဲချက်ပေးတော့ ဒီအမှုက မှားယွင်းမှုပါလို့ ပြောတာပါ။” (ရှေ့နေ ဦးကြည်ဝင်း)


ဆက်သွယ်ရေးဥပဒေနဲ့ပတ်သတ်လို့တော့ ဒီကနေ့မှာ စွဲချက် တင်သင့် မသင့်ကို ၂ ဘက်ရှေ့နေတွေက လျှောက်လဲချက်ပေးကြရတယ်လို့ အဲဒီအမှုကို လိုက်ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီးဦးကြည်ဝင်းက ဗွီအိုအေကိုပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမကျူးလွန်တဲ့ ပြစ်မှုတခုကို မကျူးလွန်ကြောင်းတင်ပြနိုင်ခဲ့သလို အမှုစွဲဆိုတာမှာလည်း လွဲမှားစွာ အမှုတပ် တရားစွဲခံခဲ့ရတယ်လို့ ဦးကြည်ဝင်းက ဗွီအိုအေကိုပြောပါတယ်။

“ဆက်သွယ်ရေး ဥပဒေဆိုတာ ရေဒီယို၊ အခုလို ကြိုးမဲ့ မိုဘိုင်းဖုန်းတွေနဲ့ မဆိုင်ဘူး။ FM တွေ၊ အသံလွှင့် telecommunication တွေ အသံလွှင့်ရုံတွေထူထောင် တာ။ လိုင်စင်ဆိုတာက ခုနက မြေတွေဝယ်ရဦးမယ်၊ ပုဒ်မတွေ အများကြီးပဲ။ ဒီတရားစွဲတာက အသံလွှင့်ရုံတွေနဲ့ပတ်သတ်တာကို စွဲရတာ။ စကားပြောစက်တွေနဲ့ မဆိုင်ဘူး။ ဒါကမှားစွဲတာ။ ပုဒ်မ ၆၇ နဲ့ မငြိဘူး။ ဘာကြောင့်လဲဆို ဒါက အသံလွှင့်ရုံတွေကို လိုင်စင်ပေးတာမို့။ နောက်ဒီစကားပြောစက်တွေက ဒေါ်စုဆီက မိတာမဟုတ်ဘူး။ စကားပြောစက်တွေက ဝန်ထမ်းတွေကမိတယ်ဆိုတာ ရှာဖွေ ပုံစံမှာကိုကပေါ်နေတာ။ သူတို့ ပြောတော့ ဝန်ထမ်းတွေဆီက သိမ်းတာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အိမ်ကလို ဟိုလိုလို ဒီလိုလို လုပ်ကြတာ။ ဒါမယ့် ရှာဖွေပုံစံမှာကိုက လုံခြုံရေးဝန်ထမ်းတွေဆီက သိမ်းဆည်းသည်ဆိုတာ ပါတယ်။ ဒါကြောင့် လျှောက်လဲချက်ပေးတော့ ဒီအမှုက မှားယွင်းမှုပါလို့ ပြောတာပါ။”

လောလောဆယ် စုစုပေါင်း အမှု ၁၁ ခုနဲ့တရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြ ည် ကို အမှု ၁၀ ခုအတွက် သီတင်းပတ်တိုင်း နေပြည်တော် သီးသန့်တရားရုံးမှာ ရုံးထုတ် ကြားနာစစ်ဆေးမှုတွေ လုပ်နေပါတယ်။ နေ့စဉ်တရားရုံးလာနေရတာ သူ့ ကျန်းမာရေးထိခိုက်တဲ့အတွက် အပတ်စဉ်အစား သီတင်း ၂ ပတ်ခြား စစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တရားရုံးကို စာတင်တောင်းဆိုခဲ့ပါတယ်။

လက်ရှိဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ဆဲ အမှု ၁၁ မှုရှိနေပါတယ်။ ပို့ကုန်သွင်း ကုန် ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ သဘာဝ ဘေးဥပဒေနဲ့ (၂) မှုအပါအဝင် ပုဒ်မ ၅၀၅ (ခ) အမှုတွေအတွက်ကို တနင်္လာနဲ့ အင်္ဂါနေ့တိုင်း စစ်ဆေးနေပြီး နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ၃ (၁)/ဂ နဲ့ အမှုကိုတော့ ကြာသပတေးနေ့တိုင်း စစ်ဆေးနေပါတယ်။ ဒါ့အပြင် အဂတိလိုက်စားမှု (၅) မှုထဲက (၄) မှုအတွက် သောကြာ နေ့တိုင်း နေပြည်တော်မှာ ကြားနာစစ်ဆေးနေပါတယ်။


#MyanmarMilitaryCoup #AungSanSuuKyiTrial #AungSanSuuKyi #MyanmarPolitics #VOABurmese #လေယာဉ်ပျံဆီအကုန်မသုံးမှု#ဦးကြည်ဝင်း#ဦးခင်မောင်ဇော်#အဂတိလိုက်စားမှု#နိုင်ငံတော်လျှို့ဝှက်ချက်#အောင်ဆနန်းစုကြည်

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG