သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ အဂတိမႈ ၄ မႈ တည္ဆဲဥပေဒနဲ႔ ၿငိစြန္းတာမရွိ(အမႈလိုက္ေရွ႕ေန)


{{Zawgyi/Unicode}}

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့ အဂတိလိုက္စားမႈ ၄ မႈမွာ တည္ဆဲ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပါအခ်က္ေတြနဲ႔ ၿငိစြန္းတာမရွိဘဲ တရားစြဲထားတယ္ဆိုတာ စိစစ္ေတြ႕ရတယ္လို႔ သူ႔ရဲ႕ ေရွ႕ေနေတြကေျပာပါတယ္။ ဒီတပတ္မွာလည္း စစ္ေကာင္စီဘက္က အဓိကသက္ေသအျဖစ္ ေခၚထားတဲ့ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္းရဲ႕ဇနီး လာေရာက္ ထြက္ဆိုျခင္းမရွိပါဘူး။ ဒီကေန႔ ေနျပည္ေတာ္က အမႈၾကားနာပြဲ အေျခအေနကို မေမခက အျပည့္အစုံ ဆက္ၿပီး တင္ျပေပးထားပါတယ္။

အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥေပဒနဲ႔ ေဒၚေအာင္ဆန္းစုၾကည္အေပၚ တရားစြဲထားတဲ့ အမႈ ၄ မႈကို အပတ္စဥ္ ေသာၾကာေန႔တိုင္း စစ္ေဆးေနတာမို႔ေနျပည္ေတာ္ သီးသန႔္တရား႐ုံးမွာ ဒီကေန႔ ေအာက္တိုဘာ ၂၂ ရက္မွာ ႐ုံးထုတ္ ၾကားနာပါတယ္။ ဒီေန႔ အဂတိလိုက္စားမႈ ၂ ခုကို စစ္ေဆးခဲ့ၿပီး တရားလိုအျဖစ္ တရားစြဲထားတဲ့ အဂတိလိုက္စားမႈေကာ္မရွင္ရဲ႕ စုံစမ္းစစ္ေဆးေရးမႉးကို ေရွ႕ေနေတြက အျပန္အလွန္ေမးခြန္းထုတ္ခဲ့ၾကပါတယ္။ စစ္ေဆးေမးျမန္းမႈေတြအရ အဂတိလိုက္စားမႈပုဒ္မကို က်ဴးလြန္ေၾကာင္း ခိုင္ခိုင္မာမာ သက္ေသမျပႏိုင္တာ ထပ္မံေတြ႔ခဲ့တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေနတဦးက ဗြီအိုေအကိုေျပာပါတယ္။
“စစ္တဲ့အခါမွာ တရားလိုရဲ႕စံုစမ္းစစ္ေဆးမႈေတြဟာ ဥပေဒနဲ႔ညီသလား၊ မညီဘူးလားဆိုတာကို အခု ျပန္လွန္ေမးခြန္းေတြေမးေနၿပီေလ။...အဲဒီ အဂတိလိုက္စားမႈဥပေဒဆိုတာ သတင္းေက်ာ္ေဇာရမယ္။ တိုင္စာေတြရွိရမယ္။ ေလွ်ာက္ထားခ်က္ေတြ ရွိရမယ္။ အခု ေဒၚေအာင္ဆန္းစုၾကည္တုိ႔၊ ဦးမ်ဳိးေအာင္တို႔၊ ဦးရဲမင္းဦးတို႔ ၁ ရက္၊ ၂ လ ၊ ၂၀၂၁ ဟိုဘက္က တုိင္စာကို မရွိတာ။ တုိင္စာမရွိရင္ အေရးယူလို႔ မရဘူး။ တရက္၊ ၂ လ၊ ၂၀၂၁ ခုႏွစ္မွာ အေရးေပၚကာလ ျပဌာန္းၿပီးေတာ့ ရာထူးရွိတဲ့သူေတြမွန္သမွ် အကုန္လံုး ထိန္းသိမ္းလိုက္တယ္။ ႏိုင္ငံေတာ္အတုိင္ပင္ခံကိုလည္း ထိန္းသိမ္းၿပီးေတာ့မွ ...သက္ေသေတြကို စစ္ၿပီးေတာ့မွ သက္ေသေတြစစ္ၿပီးလို႔ ရတဲ့အခ်က္ေတြကို တုိင္ခ်က္ဖြင့္တာဆုိေတာ့ ရာဇဝတ္က်င့္ထုံး ဥပေဒ ပုဒ္မ ၁၅၄ နဲ႔ မညီတဲ့သေဘာေတြ ျဖစ္ေနတာေပါ့။”

ေဒၚေအာင္ဆန္းစုၾကည္အေပၚ တရားစြဲထားတဲ့ အဂတိအမႈေတြထဲက NLD အစိုးရလက္ထက္က ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းေပးတဲ့ ေ႐ႊနဲ႔ ေဒၚလာေငြေတြ ယူတယ္ဆိုတဲ့ အမႈအတြက္ တရားလိုျပ သက္ေသအေနနဲ႔ ဦးၿဖိဳးမင္းသိန္းရဲ႕ဇနီးကို စစ္ေကာင္စီဘက္က တင္သြင္းထားတာရွိခဲ့ပါတယ္။ အဲဒီအမႈအတြက္ ၿပီးခဲ့တဲ့ အပတ္႐ုံးခ်ိန္းမွာေကာ ဒီတပတ္မွာပါ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္းရဲ႕ ဇနီး ေဒၚခင္မိမိႂကြယ္ အမႈၾကားနာပြဲ မလာႏိုင္ခဲ့သလို အခ်ိန္အတိုင္းအတာအရလည္း အမႈ ၄ မႈ စစ္ရမွာျဖစ္ေပမယ့္ ၂ မႈကိုသာ စစ္ႏိုင္ခဲ့တယ္ လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြကေျပာပါတယ္။ ဒီကေန႔စစ္ေဆးတဲ့ အမႈေတြနဲ႔ပတ္သက္လို႔ ေရွ႕ေနကအခုလိုေျပာျပပါတယ္။

“ဒီေန႔ ေလးမႈ စစ္ျဖစ္တယ္။ ၿပီးက်ေတာ့ ၿပီးခဲ့တဲ့ ေသာၾကာေန႔က တုိ႔ဘက္က ကန္႔ကြက္ထားတာေလ။ သက္ေသခံ (ဌ-၁) ကန္႔ကြက္ထားတာ သူတို႔က လက္ခံလိုက္တယ္ေပါ့ေနာ္။ အဲဒီေျမကြက္က ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းကေနၿပီးေတာ့ ေျမငွားဂရန္ယူထားတာ။ အဲဒါ ဥကၠ႒ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္က ေဖာင္ေဒးရွင္းဥကၠ႒အေနနဲ႔ ဒါ ယ....၅၅ နဲ႔စြဲတာေပါ့။ အမႈ စစ္ေဆးေရးအရာရွိေတြက ျပန္လွန္ေမးခြန္းေတြ ေမးၾကတာေပါ့။ စစ္ၿပီးတဲ့အခါက် ႐ံုးခ်ိန္းက ၂၉ ရက္ေန႔ခ်ိန္းတယ္။ အလားတူပဲ- ေဖာင္ေဒးရွင္း အေဆာက္အဦးပိုင္ ေျမဝယ္ၿပီးေတာ့ ေဆာက္တယ္၊ ၂၃.၈၅ ဧကမွာ လာၿပီးေဆာက္တာေပါ့။ အဲဒါကို ေဒၚေအာင္ဆန္းစုၾကည္ေနဖို႔ အိမ္ေဆာက္တယ္ ဆိုၿပီးေတာ့ စြဲတာ။ အဲဒါက ဒီေန႔စၿပီးေတာ့ စစ္တာေပါ့ေနာ္။”

လက္ရွိ စစ္ေဆးၾကားနာေနတဲ့ အဂတိလိုက္စားမႈ အမႈ ၄ မႈမွာေဒၚေအာင္ဆန္းစုၾကည္တဦးတည္းကို သီးသန႔္စြဲ ဆို ထားတာ ၂ မႈ၊ ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ ေဒါက္တာမ်ိဳးေအာင္၊ ဒုတိယ ၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးတို႔နဲ႔ ပူးတြဲ ၁ မႈ၊ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီအဖြဲ႕ဝင္ ဦးမင္းသူ၊ ေဒါက္တာမ်ိဳးေအာင္တို႔နဲ႔ ပူးတြဲ ၁ မႈ တရားစြဲခံထား ရတာျဖစ္ပါတယ္။

ေအာက္တိုဘာလ ၂၉ ရက္ ေရွ႕တပတ္ေသာၾကာမွာ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့ အဂတိလိုက္စားမႈ ေတြကို ဆက္လက္စစ္ေဆးသြားဖို႔ ႐ုံးခ်ိန္းေပးထားပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ရန္ကုန္တိုင္းေဒသႀကီးမွာ အဂတိလိုက္စားမႈနဲ႔စြဲထားတဲ့ အမႈတခုကို မႏၲေလးတိုင္းမွာ ေျပာင္းေ႐ႊ႕စစ္ဖို႔ တရားလႊတ္ေတာ္ခ်ဳပ္က ခြင့္ျပဳထားေပမဲ့ ေနျပည္ေတာ္ သီးသန႔္တရား႐ုံးမွာ ဘယ္ေတာ့ စတင္ စစ္ေဆးမယ္ဆိုတဲ့ရက္ကိုလည္း မသိရေသးပါဘူး။လာမယ့္ သီတင္းပတ္ေတြမွသာ စတင္ စစ္ေဆးမယ့္႐ုံးခ်ိန္းရက္ကို သိရႏိုင္မယ္လို႔ ေရွ႕ေနေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


===========

{{Unicode}}

ဒေါ်အောင်ဆန်းစုကြည် အဂတိမှု ၄ မှု တည်ဆဲဥပဒေနဲ့ ငြိစွန်းတာမရှိ(အမှုလိုက်ရှေ့နေ)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိလိုက်စားမှု ၄ မှုမှာ တည်ဆဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါအချက်တွေနဲ့ ငြိစွန်းတာမရှိဘဲ တရားစွဲထားတယ်ဆိုတာ စိစစ်တွေ့ရတယ်လို့ သူ့ရဲ့ ရှေ့နေတွေကပြောပါတယ်။ ဒီတပတ်မှာလည်း စစ်ကောင်စီဘက်က အဓိကသက်သေအဖြစ် ခေါ်ထားတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ဇနီး လာရောက် ထွက်ဆိုခြင်းမရှိပါဘူး။ ဒီကနေ့ နေပြည်တော်က အမှုကြားနာပွဲ အခြေအနေကို မမေခက အပြည့်အစုံ ဆက်ပြီး တင်ပြပေးထားပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပေဒနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အမှု ၄ မှုကို အပတ်စဉ် သောကြာနေ့တိုင်း စစ်ဆေးနေတာမို့နေပြည်တော် သီးသန့်တရားရုံးမှာ ဒီကနေ့ အောက်တိုဘာ ၂၂ ရက်မှာ ရုံးထုတ် ကြားနာပါတယ်။ ဒီနေ့ အဂတိလိုက်စားမှု ၂ ခုကို စစ်ဆေးခဲ့ပြီး တရားလိုအဖြစ် တရားစွဲထားတဲ့ အဂတိလိုက်စားမှုကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးမှူးကို ရှေ့နေတွေက အပြန်အလှန်မေးခွန်းထုတ်ခဲ့ကြပါတယ်။ စစ်ဆေးမေးမြန်းမှုတွေအရ အဂတိလိုက်စားမှုပုဒ်မကို ကျူးလွန်ကြောင်း ခိုင်ခိုင်မာမာ သက်သေမပြနိုင်တာ ထပ်မံတွေ့ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတဦးက ဗွီအိုအေကိုပြောပါတယ်။
“စစ်တဲ့အခါမှာ တရားလိုရဲ့စုံစမ်းစစ်ဆေးမှုတွေဟာ ဥပဒေနဲ့ညီသလား၊ မညီဘူးလားဆိုတာကို အခု ပြန်လှန်မေးခွန်းတွေမေးနေပြီလေ။...အဲဒီ အဂတိလိုက်စားမှုဥပဒေဆိုတာ သတင်းကျော်ဇောရမယ်။ တိုင်စာတွေရှိရမယ်။ လျှောက်ထားချက်တွေ ရှိရမယ်။ အခု ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးမျိုးအောင်တို့၊ ဦးရဲမင်းဦးတို့ ၁ ရက်၊ ၂ လ ၊ ၂၀၂၁ ဟိုဘက်က တိုင်စာကို မရှိတာ။ တိုင်စာမရှိရင် အရေးယူလို့ မရဘူး။ တရက်၊ ၂ လ၊ ၂၀၂၁ ခုနှစ်မှာ အရေးပေါ်ကာလ ပြဌာန်းပြီးတော့ ရာထူးရှိတဲ့သူတွေမှန်သမျှ အကုန်လုံး ထိန်းသိမ်းလိုက်တယ်။ နိုင်ငံတော်အတိုင်ပင်ခံကိုလည်း ထိန်းသိမ်းပြီးတော့မှ ...သက်သေတွေကို စစ်ပြီးတော့မှ သက်သေတွေစစ်ပြီးလို့ ရတဲ့အချက်တွေကို တိုင်ချက်ဖွင့်တာဆိုတော့ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၅၄ နဲ့ မညီတဲ့သဘောတွေ ဖြစ်နေတာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အဂတိအမှုတွေထဲက NLD အစိုးရလက်ထက်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပေးတဲ့ ရွှေနဲ့ ဒေါ်လာငွေတွေ ယူတယ်ဆိုတဲ့ အမှုအတွက် တရားလိုပြ သက်သေအနေနဲ့ ဦးဖြိုးမင်းသိန်းရဲ့ဇနီးကို စစ်ကောင်စီဘက်က တင်သွင်းထားတာရှိခဲ့ပါတယ်။ အဲဒီအမှုအတွက် ပြီးခဲ့တဲ့ အပတ်ရုံးချိန်းမှာကော ဒီတပတ်မှာပါ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ ဇနီး ဒေါ်ခင်မိမိကြွယ် အမှုကြားနာပွဲ မလာနိုင်ခဲ့သလို အချိန်အတိုင်းအတာအရလည်း အမှု ၄ မှု စစ်ရမှာဖြစ်ပေမယ့် ၂ မှုကိုသာ စစ်နိုင်ခဲ့တယ် လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကပြောပါတယ်။ ဒီကနေ့စစ်ဆေးတဲ့ အမှုတွေနဲ့ပတ်သက်လို့ ရှေ့နေကအခုလိုပြောပြပါတယ်။

“ဒီနေ့ လေးမှု စစ်ဖြစ်တယ်။ ပြီးကျတော့ ပြီးခဲ့တဲ့ သောကြာနေ့က တို့ဘက်က ကန့်ကွက်ထားတာလေ။ သက်သေခံ (ဌ-၁) ကန့်ကွက်ထားတာ သူတို့က လက်ခံလိုက်တယ်ပေါ့နော်။ အဲဒီမြေကွက်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေပြီးတော့ မြေငှားဂရန်ယူထားတာ။ အဲဒါ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဖောင်ဒေးရှင်းဥက္ကဋ္ဌအနေနဲ့ ဒါ ယ....၅၅ နဲ့စွဲတာပေါ့။ အမှု စစ်ဆေးရေးအရာရှိတွေက ပြန်လှန်မေးခွန်းတွေ မေးကြတာပေါ့။ စစ်ပြီးတဲ့အခါကျ ရုံးချိန်းက ၂၉ ရက်နေ့ချိန်းတယ်။ အလားတူပဲ- ဖောင်ဒေးရှင်း အဆောက်အဦးပိုင် မြေဝယ်ပြီးတော့ ဆောက်တယ်၊ ၂၃.၈၅ ဧကမှာ လာပြီးဆောက်တာပေါ့။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်နေဖို့ အိမ်ဆောက်တယ် ဆိုပြီးတော့ စွဲတာ။ အဲဒါက ဒီနေ့စပြီးတော့ စစ်တာပေါ့နော်။”

လက်ရှိ စစ်ဆေးကြားနာနေတဲ့ အဂတိလိုက်စားမှု အမှု ၄ မှုမှာဒေါ်အောင်ဆန်းစုကြည်တဦးတည်းကို သီးသန့်စွဲ ဆို ထားတာ ၂ မှု၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦးတို့နဲ့ ပူးတွဲ ၁ မှု၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူ၊ ဒေါက်တာမျိုးအောင်တို့နဲ့ ပူးတွဲ ၁ မှု တရားစွဲခံထား ရတာဖြစ်ပါတယ်။

အောက်တိုဘာလ ၂၉ ရက် ရှေ့တပတ်သောကြာမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိလိုက်စားမှု တွေကို ဆက်လက်စစ်ဆေးသွားဖို့ ရုံးချိန်းပေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ရန်ကုန်တိုင်းဒေသကြီးမှာ အဂတိလိုက်စားမှုနဲ့စွဲထားတဲ့ အမှုတခုကို မန္တလေးတိုင်းမှာ ပြောင်းရွှေ့စစ်ဖို့ တရားလွှတ်တော်ချုပ်က ခွင့်ပြုထားပေမဲ့ နေပြည်တော် သီးသန့်တရားရုံးမှာ ဘယ်တော့ စတင် စစ်ဆေးမယ်ဆိုတဲ့ရက်ကိုလည်း မသိရသေးပါဘူး။လာမယ့် သီတင်းပတ်တွေမှသာ စတင် စစ်ဆေးမယ့်ရုံးချိန်းရက်ကို သိရနိုင်မယ်လို့ ရှေ့နေတွေက ပြောပါတယ်။


#AungSanSuuKyi#PhyoMinThein#KhinMiMiKyawel#NayPyiTaw#ခင်မိမိကြွယ်#အဂတိလိုက်စားမှု#နေပြည်တော်#ရွှေနဲ့ဒေါ်လာ#စစ်ကောင်စီ
===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG