သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးေအာင္ဆန္းဦးတို႔ အေမြဆိုင္ အိမ္ယာအမႈ အၿပီးသတ္ ၾကားနာ


MYANMAR ရန္ကုန္ၿမိဳ႔က ေဒၚေအာင္ဆန္းစုၾကည္ေနထိုင္ရာအိမ္

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အကိုျဖစ္သူ ဦးေအာင္ဆန္းဦးတို႔ၾကား အိမ္ကိစၥ အမႈကို တနလာၤေန႔မွာ တရားရံုးခ်ဳပ္မွာ အၿပီးသတ္ ၾကားနာခဲ႔ပါတယ္။ ရန္ကုန္ၿမိဳ႕က မိသားစု အိမ္ကို ခြဲေ၀ေရး ဦးေအာင္ဆန္းဦးရဲ႕ အထူး အယူခံကို ၾကားနာဖို႔ ေနျပည္ေတာ္ တရားရံုးခ်ဳပ္က ၿပီးခဲ႔တဲ႔ႏွစ္ ေအာက္တိုဘာလက လက္ခံခဲ႔တာ ျဖစ္ေၾကာင္း ဦးေအာင္ဆန္းဦးရဲ႕ ေရွ႕ေနက ေျပာဆိုေၾကာင္း AP သတင္းက ေဖာ္ျပပါတယ္။

တရားရံုးခ်ဳပ္ရဲ႕ အထူးခံုရံုးက သံုးလ အတြင္းဆံုးျဖတ္ခ်က္ ခ်မွတ္ႏိုင္ၿပီး ဒီဆံုးျဖတ္ခ်က္က အၿပီးသတ္ ျဖစ္မယ့္ အေၾကာင္း ေရွ႕ေန ဦးေအးလြင္က ေျပာပါတယ္။ ၿပီးခဲ႔တဲ႔ ေဖေဖာ္ဝါရီလ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံထားရတဲ႔ အသက္ ၇၇ ႏွစ္ အရြယ္ ေဒၚေအာင္ဆန္းစုၾကည္ အေပၚမွာ စစ္တပ္က အမႈေပါင္း မ်ားစြာနဲ႔ စြဲဆိုထားတာလည္း ျဖစ္ပါတယ္။ တရားစီရင္ေရး စနစ္ အေပၚ စစ္တပ္ရဲ႕ ၾသဇာ လႊမ္းမိုးမႈ ရွိတယ္လို႔ အခြင့္အေရး လႈပ္ရွားမႈ အဖြဲ႔ေတြကေတာ့ ေ၀ဖန္ၾကပါတယ္။

မိသားစုပိုင္ ရန္ကုန္ၿမိဳ႕က ေျမ ၂ ဧက ေပၚက ကိုလိုနီေခတ္ ပံုစံ ႏွစ္ထပ္ တိုက္အိမ္ကို အေမြဆိုင္ ရရွိေရး အတြက္ ဦးေအာင္ဆန္းဦးက ၂၀၀၀ ျပည့္ႏွစ္မွာ စလို႔ တရားစြဲခဲ႔တာ ျဖစ္ပါတယ္။ ဦးေအာင္ဆန္းဦးရဲ႕ ေရွ႕ေန ဦးေအးလြင္ကေတာ့ အေမြဆိုင္ အိမ္ယာဟာ ေဒၚလာ သန္း ၉၀ ေလာက္ တန္းဖိုးရွိတယ္လို႔ ေျပာဆိုၿပီး ဒီအေပၚမွာေတာ့ သီးျခား အတည္ျပဳလို႔ေတာ့ မရပါဘူး။ အိမ္ကို အေမြခြဲေရးမွာ အျငင္းပြားတာက အဓိက ျဖစ္တယ္လို႔ ေရွ႕ေန ဦးေအးလြင္က ေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြကိုေတာ့ မွတ္ခ်က္ေပးေရး ဆက္သြယ္လို႔ မရခဲ႔ဘူးလို႔လည္း AP က ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ဒေါ်အောင်ဆန်းစုကြည်နဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား အိမ်ကိစ္စ အမှုကို တနလာၤနေ့မှာ တရားရုံးချုပ်မှာ အပြီးသတ် ကြားနာခဲ့ပါတယ်။ ရန်ကုန်မြို့က မိသားစု အိမ်ကို ခွဲဝေရေး ဦးအောင်ဆန်းဦးရဲ့ အထူး အယူခံကို ကြားနာဖို့ နေပြည်တော် တရားရုံးချုပ်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက လက်ခံခဲ့တာ ဖြစ်ကြောင်း ဦးအောင်ဆန်းဦးရဲ့ ရှေ့နေက ပြောဆိုကြောင်း AP သတင်းက ဖော်ပြပါတယ်။
တရားရုံးချုပ်ရဲ့ အထူးခုံရုံးက သုံးလ အတွင်းဆုံးဖြတ်ချက် ချမှတ်နိုင်ပြီး ဒီဆုံးဖြတ်ချက်က အပြီးသတ် ဖြစ်မယ့် အကြောင်း ရှေ့နေ ဦးအေးလွင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ အသက် ၇၇ နှစ် အရွယ် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ စစ်တပ်က အမှုပေါင်း များစွာနဲ့ စွဲဆိုထားတာလည်း ဖြစ်ပါတယ်။ တရားစီရင်ရေး စနစ် အပေါ် စစ်တပ်ရဲ့ သြဇာ လွှမ်းမိုးမှု ရှိတယ်လို့ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေကတော့ ဝေဖန်ကြပါတယ်။ မိသားစုပိုင် ရန်ကုန်မြို့က မြေ ၂ ဧက ပေါ်က ကိုလိုနီခေတ် ပုံစံ နှစ်ထပ် တိုက်အိမ်ကို အမွေဆိုင် ရရှိရေး အတွက် ဦးအောင်ဆန်းဦးက ၂၀၀၀ ပြည့်နှစ်မှာ စလို့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ဦးအောင်ဆန်းဦးရဲ့ ရှေ့နေ ဦးအေးလွင်ကတော့ အမွေဆိုင် အိမ်ယာဟာ ဒေါ်လာ သန်း ၉၀ လောက် တန်းဖိုးရှိတယ်လို့ ပြောဆိုပြီး ဒီအပေါ်မှာတော့ သီးခြား အတည်ပြုလို့တော့ မရပါဘူး။ အိမ်ကို အမွေခွဲရေးမှာ အငြင်းပွားတာက အဓိက ဖြစ်တယ်လို့ ရှေ့နေ ဦးအေးလွင်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုတော့ မှတ်ချက်ပေးရေး ဆက်သွယ်လို့ မရခဲ့ဘူးလို့လည်း AP က ဖော်ပြထားပါတယ်။

XS
SM
MD
LG