သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲတဲ့အမှုတချို့ အပြီးသတ်အမိန့်ချဖို့ ရှိနေ


ဒေါ်အောင်ဆန်းစုကြည် (ယခင်ပုံဟောင်း)
ဒေါ်အောင်ဆန်းစုကြည် (ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}

သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ပုဒ်မ ၂၅ နဲ့ စွဲချက်တင်ထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ အမှုတွေအတွက် ဒီဇင်ဘာ ၆ ရက်နေ့မှာ အမိန့်ချမှာဖြစ်ပါတယ်။ အဲဒီ ၂ မှုလုံးအတွက် ဒီနေ့ နေပြည်တော် သီးသန့်တရားရုံးမှာ အပြီးသတ် လျှောက်လဲချက်တွေ တင်ပြခဲ့ကြပါတယ်။ ရှေ့လာမယ့်သီတင်းပတ်ကစပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့အမှုတချို့အတွက် အပြီးသတ်အမိန့်ချဖို့ ရှိနေတာမှာ တရားရုံးကြားနာမှုတွေအပေါ် မူတည်ပြီး ချမှတ်တဲ့ ဆုံးဖြတ်မိန့်မျိုး မျှော်လင့်လို့ရနိုင်မှာပါလား။ ရန်ကုန်ကပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

နေပြည်တော် သီးသန့်တရားရုံးမှာ တနင်္လာနေ့တိုင်းစစ်ဆေးတဲ့ သမ္မတဦးဝင်းမြင့် အပေါ်စွဲချက်တင်ထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာအမှု၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာအမှု၊ ဆက်သွယ်ရေးအမှုနဲ့ ပို့ကုန် သွင်းကုန်အမှုတွေအတွက် ဒီနေ့ နိုဝင်ဘာ ၂၂ ရက်မှာလည်း ဆက်လက် ကြားနာစစ်ဆေးပါတယ်။

ဦးဝင်းမြင့်ကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ စွဲချက်တင်ထားတဲ့ သဘာဝဘေးအမှု ၂ ခုလုံးအတွက် အပြီးသတ်လေ ျှာက်လဲချက်တွေကို ဒီနေ့ တင်ပြ လျှောက် ထားခဲ့ကြတယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။ အဲဒီ ၂ မှုလုံးအတွက် လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဆုံးဖြတ်ချက် ချမှတ်မယ်လို့ တရားသူကြီးက သတ်မှတ်လိုက်တယ်ပါတယ်။

ဒီနေ့ ရုံးချိန်မှာ ကြားနာ စစ်ဆေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ၃ မှုထဲက ပို့ကုန်သွင်းကုန်ဥပဒေချိုးဖောက်တယ်ဆိုတဲ့အမှုနဲ့ ဆက်သွယ်ရေးဥပဒေချိုးဖောက်တယ်ဆိုတဲ့ အမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သက်သေအနေနဲ့ ဖြေဆိုလျှောက်ထားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေအနေနဲ့ သတင်းမီဒီယာတွေကို သတင်းမပေးရလို့ စစ်ကောင်စီက တားမြစ်ထားတဲ့အတွက် တရားခွင်မှာ သူဘာတွေ ဖြေဆိုခဲ့သလဲဆိုတဲ့ အသေးစိတ်တော့ မသိရနိုင်ပါဘူး။ လာမယ့် ဒီဇင်ဘာ ၆ ရက်မွာပဲ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေ အမှု ၂ ခုလုံးအတွက် အပြီးသတ်လျှောက်လဲချက်တြေ ကြားနာဖို့ ပြန်လည် ချိန်းဆိုထားတယ်လို့ စုံစမ်း သိရပါတယ်။

ရှေ့သီတင်းပတ် အင်္ဂါနေ့နိုဝင်ဘာ ၃၀ ရက်နေ့ကျရင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကော်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အပေါ်အမှုတွဲပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ နဲ့တရားစွဲထားတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အမိန့်အတွက် တရားသူကြီးက အမိန့်ချမှတ်မှာဖြစ်ပါတယ်။ NLD အကြီးအကဲတွေအပေါ်တရားခွင်မှာ စစ်ဆေးကြားနာမှုတွေကို အများပြည်သူ အသေးစိတ်မသိရသလို ရှေ့နေတွေကိုလည်း မပြောရလို့ ပိတ်ပင်တားမြစ်ထားချိန်မှာ အထူး တရားရုံးအနေနဲ့ကရော မျှတ လွတ်လပ်တဲ့ တရားစီရင်မှုမျိုး လုပ်နိုင်ပါ့မလား။ တရားလွှတ်တော်ရှေ့နေတဦး ကတော့ ခုလိုသုံးသပ်ပြောဆိုလိုက်ပါတယ်။

“တရားသူကြီးတွေ သဘောသဘာဝက နိုင်ငံတကာစံချိန်စံညွှန်းအပြည်ပြည်ဆိုင် ရာ သဘောတူစာချုပ်တွေအရ တရားစီရင်ရေးမှာ တရားမျှတဖို့ တရားဥပဒေစိုးမိုးဖို့ လွတ်လပ်ဖို့ စံချိန်စံည့န်းတွေရှိပေမယ့် ကျနော်တို့ဆီက တရားသူကြီးတွေက ဥပဒေအတိုင်းလုပ်ဖို့သည် သူတို့ကိုယ်တိုင် တော်တော်သတိထားပြီးတော့ ဘယ်လိုအချိန်မှာ ဘယ်လိုအမိန့်ချရမလဲဘဲ စဉ်းစားတာများတယ်။ ဥပဒေနဲ့အညီဖြစ်အောင်ပဲ သူတို့က ဘောင်ထဲကနေ မငြိတာကို ငြိတဲ့လမ်းကြောင်းကနေ စိတ်ထဲကနေဘယ်လို လုပ်မလဲ စဉ်းစားရတယ်။ အဲဒီပုံစံဖြစ်နေတယ်။ ဒီလိုအချိန်မျိုးမှာ ဘယ်လို အမိန့်နာခံမလဲပဲ စဉ်းစားနေကြတယ်။ တရားသူကြီးတွေအနေနဲ့ကတော့ ခိုင်းတာကိုနာခံရမယ့်ခေါင်းနဲ့ဘဲ စဉ်းစားနေရလို့ သူတို့လွတ်လပ်ခွင့်ကလည်း အင်မတန် မရှိသလောက်ပဲ။”

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အေပါ် စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွေရဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေ ပေါင်းလိုက်ရင် ထောင်ဒဏ် နှစ် ၉၀ ထိ ကျနိုင်တဲ့ အခြေအနေရှိပါတယ်။ တရားရုံးက ဆုံးဖြတ်ချက် ချပြီးရင်ဘယ်လိုဆက်လက် လုပ်ဆောင်မလဲ လို့ မေးမြန်းတာနဲ့ပတ်သတ်လို့ ဗွီအိုအေက မေးမြန်းတာမှာ တော့ ဗိုလ်ချုပ်ဇော်မင်းထွန်းကခုလိုတုံ့ပြန်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ထဲက သမ္မတဦးဝင်းမြင့်၊ နိုင်ငံ တော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ဖမ်းဆီး တရားစွဲခံခဲ့ရပြီး ဇွန်လ ၁၄ ရက်နေ့ကစပြီး သူတို့အမှုတွေကို နေပြည်တော် တရားရုံးမှာ စတင်စစ်ဆေးကြားနာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှု စတဲ့အမှုတွေအပါအဝင် အမှုပေါင်း ၁၁ မှုထက်မနည်းနဲ့ လက်ရှိမှာ ရင်ဆိုင်နေပြီး အမှု ၅ မှုအတွက် စွဲချက်တင်ခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်


===========

{{/Unicode}}










#MyanmarMilitaryCoup #AungSanSuuKyi #VOABurmese


===========

XS
SM
MD
LG