သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ဆီက လန်ဒန်မြို့တော် ဂုဏ်ထူးဆောင်ဆု ရုပ်သိမ်းဖို့ ဆုံးဖြတ်


လန်ဒန်မြို့တော်ဂုဏ်ထူးဆောင်ဆုပေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ် (Ministry of Foreign Affairs Myanmar)
လန်ဒန်မြို့တော်ဂုဏ်ထူးဆောင်ဆုပေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ် (Ministry of Foreign Affairs Myanmar)

ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ပြန်ရုပ်သိမ်းဖို့ လန်ဒန်မြို့တော် ကော်ပိုရေးရှင်း (City of London Corporation) က အဖွဲ့ဝင်တွေက ကြာသပတေးနေ့မှာ မဲခွဲဆုံးဖြတ်လိုက်ကြပါတယ်။

အခုလို မဲခွဲဆုံးဖြတ်ထားကြောင်းနဲ့ ဒီလိုရုပ်သိမ်းဖို့ အပြီးသတ် ဆုံးဖြတ်ချက်မချခင် ပြန်လည်ဖြေရှင်းချက် ပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆီကို စာရေး အကြောင်းကြားနေပြီလို့လည်း အဖွဲ့ကကြာသပတေးနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေကို အထူးစိုးရိမ်ကြောင်း မြန်မာသံအမတ်ကြီးဆီ စာရေး အကြောင်းကြားခဲ့ပြီး ဖြစ်သလို မြန်မာနိုင်ငံက ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ အတွက် ရှုံ့ချကြောင်းလည်း လန်ဒန်မြို့တော် ကော်ပိုရေးရှင်းရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှုင့်ထားတဲ့ Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ပြန်ရုပ်သိမ်းဖို့ ကောင်စီဝင်တဦးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ဗြိတိန်နိုင်ငံသား Munsur Ali ရဲ့ အဆိုပြုချက်ကို Common Council တရားရုံးမှာ အခြေအတင် ဆွေးနွေးခဲ့ပြီးတဲ့နောက် ရုံးတော်က အခုလို ဆုံးဖြတ်ချက် ချပေးခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG