သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုမျက်စိခွဲစိပ်မှု အောင်မြင်


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ စနေနေ့က နေပြည်တော်ဆေးရုံကြီးမှာ မျက်စိခွဲစိပ် ကုသမှု ခံယူခဲ့တာ အောင်မြင်စွာ ပြီးစီးသွားပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညာဘက်မျက်လုံးမှာ တည်နေတဲ့ အတွင်းတိမ်ကို နေပြည်တော်ဆေးရုံကြီး ပါမောက္ခ ဒေါက်တာဆွေဦးလွင် ဦးဆောင်တဲ့ အဖွဲ့က တာဝန်ယူ ခွဲစိပ် ကုသပေးခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လောလောဆယ် နေပြည်တော် ဆေးရုံကြီးမှာ ရှိနေဆဲဖြစ်ပြီး ၃ - ၄ ရက်ကြာရင် ပတ်တီးဖြေရမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ခုနှစ်၊ မတ်လတုန်းက မြိတ်မြို့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း သွားလာရေး အခက်အခဲ အမျိုးမျိုး ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ကျန်းမာရေး ချို့ယွင်းခဲ့မှု ဖြစ်ခဲ့တဲ့အတွက် ဆရာဝန်ရဲ့ အကြံပေး တိုက်တွန်းချက်အရ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွေအားလုံးကို ဖျက်လိုက်ပြီး ရန်ကုန်မြို့ နေအိမ်မှာ ရက်အနဲငယ် အနားယူခဲ့ရပါတယ်။

ဒါ့အပြင် ၂၀၀၃ ခုနှစ်၊ စက်တင်ဘာအတွင်း ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုအပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရစဉ်မှာ အမျိုးသမီးရောဂါနဲ့ ခွဲစိပ် ကုသမှုခံရခဲ့ပါသေးတယ်။

အသက် (၇၁) နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပြင် နိုင်ငံခြားရေးနဲ့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စု ဝန်ကြီးရာထူးတွေကို ပူးတွဲ ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

XS
SM
MD
LG