သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ဇန်နဝါရီ ၁၀ ရက် အမှုသုံးမှု အမိန့်ချဖို့ရှိနေ


DASSK
DASSK

[[Zawgyi/Unicode]]

NLD အစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရပ်သား တဦးက တရားစွဲထားတဲ့ သဘာဝအန္တရာယ်ဆိုင်ရာ ဥပဒေချိုးဖောက်တယ်ဆိုတဲ့ အမှုအတွက် အပြီးသတ်အမိန့်ကို ဇန်နဝါရီ ၁၀ ရက်နေ့မှာ ချမှတ်မယ်လို့ နေပြည်တော်အထူးတရားရုံးက သတ်မှတ်လိုက်ပါတယ်။ အဲဒီအမှုအတွက် ဒီနေ့ ဇန်နဝါရီလ ၃ ရက် နေပြည်တော် အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ တွေဘက်က သူမှာအပြစ်မရှိကြောင်း အပြီးသတ်လျှောက်လဲချက်ကို စာနဲ့တင်ပြခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ကာလတုန်းက နေပြည်တော် ရွှေကြာပင်ရပ်ကွက်အတွင်း ဒေါ်အောင်ဆန်းစုကြည်သွားလာခဲ့မှုဟာ ကိုဗစ်စည်းကမ်းကို ဖောက်ဖျက်တယ်လို့ ဆိုပြီး လယ်ဝေးမြို့နယ်က အရပ်သားတဦးဖြစ်တဲ့ ဦးညီညီ (ခ) ဦးထွန်းမြင့်အောင် က တရားလိုအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အမှုဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှု ၂ ခု စွဲဆိုထားတာဖြစ်ပြီး တမှုအတွက်ကတော့ ၂၀၂၁ ဒီဇင်ဘာလမှာ ထောင်ဒဏ် ၂ နှစ် ချခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်း စုကြည် အပေါ် စွပ်စွဲထားတဲ့ အမှုတွေထဲက ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ အမှု ၂ ခု အတွက်ကိုလည်း ဇန်နဝါရီ ၁၀ ရက်နေ့မှာ အပြီးသတ်အမိန့် ချမှတ်မယ်လို့ တရားသူကြီးက သတ်မှတ်ထားတဲ့အတွက် အဲဒီနေ့မှာ စုစုပေါင်း ၃ မှုအတွက် အမိန့်ချဖို့ရှိနေပါတယ်။

အမှုစုစုပေါင်း ၁၂ ခုထက်မနည်းနဲ့ တရားစွဲခံခဲ့ရတဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်တယ်ဆိုတဲ့အမှုအတွက် ထောင် ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေချိုးဖောက်မှုအတွက် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ချခဲ့ပြီးမှ စစ်ကောင်စီအကြီးအကဲက ပြစ်ဒဏ် ၂ နှစ် လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့ပါတယ်။ ဒီနေ့ ရုံးထုတ်ချိန် မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝတ်စုံနဲ့ ရုံးထုတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]





#AungSanSuuKyi #MyanmarMilitaryCoup #VOABurmese

XS
SM
MD
LG