သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲခ်က္တင္တဲ့ ၅၀၅ (ခ) စတင္စစ္ေဆး


Myanmar Suu Kyi

Zawgyi/Unicode

ေဒၚေအာင္ဆန္းစုၾကည္ကို ၿပီးခဲ့တဲ့အပတ္က စြဲခ်က္တင္ထားတဲ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ (ခ) နဲ႔ သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရးဥပေဒ ပုဒ္မ ၂၅ တို႔ကို ဒီကေန႔ တရား႐ုံးမွာ ၾကားနာစစ္ေဆးပါတယ္။ ၅၀၅ (ခ) အမႈအတြက္ တရားၿပိဳင္သက္ေသအမည္စာရင္း ေရွ႕အပတ္ထဲ တင္သြင္းဖို႔လည္း တရား႐ုံးက ေတာင္းခံခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ စစ္ေကာင္စီစြဲဆိုထားတဲ့အမႈေတြ ေနာက္ဆုံးအေျခအေနသတင္းေပးပို႔ထားတာကို နန္းေလာဝ္က တင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့အပတ္ ၾကားနာခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္နဲ႔ ေဒါက္တာမ်ိဳးေအာင္တို႔ကို အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေစေအာင္လုပ္ေဆာင္မႈဆိုတဲ့ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၅၀၅-ခ နဲ႔ တရား႐ုံးက စြဲခ်က္တင္ဖို႔ လက္ခံခဲ့တာပါ။ ဒီကေန႔မွာ အဲဒီအမႈကို ေနျပည္ေတာ္သီးသန႔္တရား႐ုံးမွာ ဆက္လက္ၾကားနာခဲ့တာျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ဗြီအိုေအကို ေျပာပါတယ္။
“ပထမတခုက ၅၀၅-ခ ေပါ့။ ေနာက္တခုက သဘာဝေဘး ၂၅ ေပါ့။ ပထမဆုံး ရာဇသတ္ႀကီး ၅၀၅-ခ အမႈကို စေခၚပါတယ္။ အဲဒီအမႈက ၿပီးခဲ့တဲ့ အပတ္က ဆြဲခ်က္တင္ထားတဲ့ အမႈပါ။ ဒီအ မႈအတြက္ ျပန္ေခၚသက္ေသေခၚဖို႔ က်ေနာ္တို႔ေလွ်ာက္ထားခဲ့တာကို ဒီကေန႔မွာ အဲဒီျပန္ေခၚသက္ေသ ၂ ေယာက္ကို ဒီကေန႔႐ုံးခ်ိန္းမွာ စစ္ပါတယ္။ တရားလိုနဲ႔ အမႈစစ္ရဲအရာရွိပါ။ ၿပီးေတာ့ေနာက္တခ်ိန္းမွာ စြပ္စြဲခံရသူဘက္က သက္ေသတင္ဖို႔ေျပာပါတယ္။ ဒုတိယအမႈကေတာ့ သဘာဝေဘး ၂၅ ပါ။အဲဒီ အမႈ ေခၚပါတယ္။ ဒီအမႈမွာက ဒီကေန႔စစ္ဖို႔က ေနာက္ဆုံးက်န္တဲ့ သက္ေသ နဲ႔ အမႈစစ္ရဲအရာရွိပါ။ ၂ ေယာက္စစ္ရမွာပါ။ က်န္တဲ့သက္ေသက ဒီကေန႔လည္း မလာပါဘူး။ အဲဒါေနာက္တခ်ိန္း သူ႔ကိုစစ္ပါမယ္။ သူ႔ကိုစစ္ရင္းနဲ႔ IO အမႈစစ္ရဲအရာရွိကို စစ္ပါမယ္။ အားလုံးကို ေနာက္တပတ္ အဂၤါေန႔ ျပန္ခ်ိန္းလိုက္ပါတယ္။”
လာမယ့္အပတ္မွာ ပုဒ္မ ၅၀၅-ခ အမႈအတြက္ ေဒၚေအာင္ဆန္းစုၾကည္ဘက္က သက္ေသအမည္စာရင္း တင္သြင္းဖို႔ ေရွ႕ေနေတြဘက္က ျပင္ဆင္ေနၿပီဆိုေပမယ့္ ဘယ္ႏွစ္ေယာက္ တင္ျပမလဲဆိုတာကိုေတာ့ ေရွ႕ေနေတြကမေျပာပါဘူး။ ေနာက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ပုဒ္မ ၅၀၅-ခ နဲ႔ စြဲခ်က္တင္ဖို႔ ဆုံးျဖတ္ခဲ့တဲ့ တရား႐ုံး ဆုံးျဖတ္ခ်က္အေပၚအထက္တရား႐ုံးဆီ ျပင္ဆင္ခ်က္ေလွ်ာက္ထားဖို႔ ေရွ႕ေနေတြကေဆာင္႐ြက္ေနပါတယ္။ အေကာင္းဆုံးရလဒ္ ေမွ်ာ္လင့္ၿပီး ျပင္ဆင္ခ်က္ တင္သြားမယ္လို႔ ေရွ႕ေနဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။
“စြဲခ်က္ကို တင္ဖို႔ေတာ့ရွိပါတယ္။ အဲဒါတလအတြင္း တင္ရမယ္။ ခ႐ိုင္႐ုံးကို တင္ရမွာပါ။ မူအားျဖင့္ စြဲခ်က္ကို ျပင္ဆင္ခ်က္တပ္မယ္လုပ္ထားတာပါ။ ဘာမွ မေမွ်ာ္လင့္ထားဘူးဗ်။ ဒါလည္း အတိအလင္း ေျပာရတာေပါ့။ လုပ္စရာရွိတာကို အျပည့္လုပ္မယ္ ဒါပါပဲ။ ဥပေဒနဲ႔အညီဆိုရင္ေတာ့ တမ်ိဳးေပါ့ဗ်ာ။ ဥပေဒနဲ႔အညီဆိုရင္ေတာ့ ရႏိုင္တဲ့ကိစၥေတြရွိတာေပါ့ဗ်ာ။”
လက္ရွိေဒၚေအာင္ဆန္းစုၾကည္အမႈေတြမွာ တရားလိုဘက္က ေနာက္တိုး သက္ေသတင္ဖို႔ လုပ္ေဆာင္တာေတြရွိေပမယ့္ တရားခံဘက္က သက္ေသတင္သြင္းမႈေတြကို တရားလိုဘက္က ကန႔္ကြက္တာေၾကာင့္ ပယ္ခ်ခံေနရတယ္လို႔လည္း ေရွ႕ေနေတြကေျပာပါတယ္။
ဒီကေန႔စစ္ေဆးတဲ့ ေနျပညိေတာ္အမႈေတြကို လာမယ့္ ေအာက္တိုဘာ ၅ ရက္ေန႔မွာ ဆက္လက္ စစ္ေဆးသြားမွာပါ။ လာမယ့္ ေအာက္တိုဘာလ ၁ ရက္ေန႔မွာေ တာ့ မႏၲေလးမွာစြဲဆိုတဲ့ အဂတိလိုက္စားမႈ ၄ မႈအေပၚ ေဒၚေအာင္ဆန္းစုၾကည္ကို စၿပီး စစ္ေဆးေတာ့မွာပါ။ ဒီအမႈ ၄ မႈကို ေနျပည္ေတာ္အထူးတရား႐ုံးမွာ ေသာၾကာေန႔တိုင္း တပတ္ျခား တခါ စစ္ဖို႔ ရွိေနပါတယ္။ ေနာက္ၿပီး သူမ အမႈတြဲအျဖစ္ပါဝင္တဲ့ ၾသစေၾတးလ် ႏိုင္ငံသား စီးပြားေရးအႀကံေပး မစၥတာ ေရွာင္တာနယ္ကို ဦးတည္စြဲဆိုတဲ့အမႈ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ အက္ ဥပေဒ ပုဒ္မ ၃-၁ (ဂ) အမႈကိုလည္း အပတ္စဥ္ ၾကာသပေတး ေန႔တိုင္းစစ္ဖို႔ ရွိေနပါတယ္။
အသက္ ၇၆ ႏွစ္အ႐ြယ္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီကအျမင့္ဆုံးျပစ္ဒဏ္ ခ်မွတ္ခံရႏိုင္မယ့္ ဥပေဒေတြနဲ႔ တရားစြဲဆိုထားတာျဖစ္ၿပီး စြဲထားတဲ့ အမႈေတြရဲ႕ အျမင့္ဆုံးျပစ္ဒဏ္ေတြကို ေပါင္းမယ္ဆိုရင္ သူမဟာ အႏွစ္ ၉၀ နီးပါး ႏွစ္ရွည္ ေထာင္ဒဏ္ခ်မွတ္ခံရႏိုင္တဲ့ အေျခအေနမွာ ရွိေနတာပါ။
ေဒၚေအာင္ဆန္းစုၾကည္ဟာ ပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ ၈၊ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇၊ ရာဇသတ္ ႀကီး ဥပေဒ ပုဒ္မ ၅၀၅-ခ၊ သဘာဝေဘး အႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရး ဥပေဒပုဒ္မ ၂၅ နဲ႔ (၂) မႈ၊ ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးကေန ေနျပည္ေတာ္တရားလႊတ္ေတာ္ကို လႊဲေျပာင္းထားတဲ့ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒ ပုဒ္မ ၃-၁ (ဂ) ၊ တခါ မႏၲေလးတိုင္းတရားလႊတ္ေတာ္မွာ ထပ္မံစြဲဆိုခံထားရတဲ့ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၅ နဲ႔ အမႈ ၄ မႈအျပင္ ခုေနာက္ ဆုံး ဗဟန္းၿမိဳ႕နယ္မွာ အမႈဖြင့္ထားတဲ့ အဂတိလိုက္စားမႈ စတဲ့ အမႈေပါင္း ၁၁ မႈနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

Zawgyi/Unicode

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်တဲ့ ၅၀၅ (ခ) စတင်စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့အပတ်က စွဲချက်တင်ထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ တို့ကို ဒီကနေ့ တရားရုံးမှာ ကြားနာစစ်ဆေးပါတယ်။ ၅၀၅ (ခ) အမှုအတွက် တရားပြိုင်သက်သေအမည်စာရင်း ရှေ့အပတ်ထဲ တင်သွင်းဖို့လည်း တရားရုံးက တောင်းခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီစွဲဆိုထားတဲ့အမှုတွေ နောက်ဆုံးအခြေအနေသတင်းပေးပို့ထားတာကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့အပတ် ကြားနာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေအောင်လုပ်ဆောင်မှုဆိုတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ နဲ့ တရားရုံးက စွဲချက်တင်ဖို့ လက်ခံခဲ့တာပါ။ ဒီကနေ့မှာ အဲဒီအမှုကို နေပြည်တော်သီးသန့်တရားရုံးမှာ ဆက်လက်ကြားနာခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေ ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။
“ပထမတခုက ၅၀၅-ခ ပေါ့။ နောက်တခုက သဘာဝဘေး ၂၅ ပေါ့။ ပထမဆုံး ရာဇသတ်ကြီး ၅၀၅-ခ အမှုကို စခေါ်ပါတယ်။ အဲဒီအမှုက ပြီးခဲ့တဲ့ အပတ်က ဆွဲချက်တင်ထားတဲ့ အမှုပါ။ ဒီအ မှုအတွက် ပြန်ခေါ်သက်သေခေါ်ဖို့ ကျနော်တို့လျှောက်ထားခဲ့တာကို ဒီကနေ့မှာ အဲဒီပြန်ခေါ်သက်သေ ၂ ယောက်ကို ဒီကနေ့ရုံးချိန်းမှာ စစ်ပါတယ်။ တရားလိုနဲ့ အမှုစစ်ရဲအရာရှိပါ။ ပြီးတော့နောက်တချိန်းမှာ စွပ်စွဲခံရသူဘက်က သက်သေတင်ဖို့ပြောပါတယ်။ ဒုတိယအမှုကတော့ သဘာဝဘေး ၂၅ ပါ။အဲဒီ အမှု ခေါ်ပါတယ်။ ဒီအမှုမှာက ဒီကနေ့စစ်ဖို့က နောက်ဆုံးကျန်တဲ့ သက်သေ နဲ့ အမှုစစ်ရဲအရာရှိပါ။ ၂ ယောက်စစ်ရမှာပါ။ ကျန်တဲ့သက်သေက ဒီကနေ့လည်း မလာပါဘူး။ အဲဒါနောက်တချိန်း သူ့ကိုစစ်ပါမယ်။ သူ့ကိုစစ်ရင်းနဲ့ IO အမှုစစ်ရဲအရာရှိကို စစ်ပါမယ်။ အားလုံးကို နောက်တပတ် အင်္ဂါနေ့ ပြန်ချိန်းလိုက်ပါတယ်။”
လာမယ့်အပတ်မှာ ပုဒ်မ ၅၀၅-ခ အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေအမည်စာရင်း တင်သွင်းဖို့ ရှေ့နေတွေဘက်က ပြင်ဆင်နေပြီဆိုပေမယ့် ဘယ်နှစ်ယောက် တင်ပြမလဲဆိုတာကိုတော့ ရှေ့နေတွေကမပြောပါဘူး။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုဒ်မ ၅၀၅-ခ နဲ့ စွဲချက်တင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ တရားရုံး ဆုံးဖြတ်ချက်အပေါ်အထက်တရားရုံးဆီ ပြင်ဆင်ချက်လျှောက်ထားဖို့ ရှေ့နေတွေကဆောင်ရွက်နေပါတယ်။ အကောင်းဆုံးရလဒ် မျှော်လင့်ပြီး ပြင်ဆင်ချက် တင်သွားမယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။
“စွဲချက်ကို တင်ဖို့တော့ရှိပါတယ်။ အဲဒါတလအတွင်း တင်ရမယ်။ ခရိုင်ရုံးကို တင်ရမှာပါ။ မူအားဖြင့် စွဲချက်ကို ပြင်ဆင်ချက်တပ်မယ်လုပ်ထားတာပါ။ ဘာမှ မမျှော်လင့်ထားဘူးဗျ။ ဒါလည်း အတိအလင်း ပြောရတာပေါ့။ လုပ်စရာရှိတာကို အပြည့်လုပ်မယ် ဒါပါပဲ။ ဥပဒေနဲ့အညီဆိုရင်တော့ တမျိုးပေါ့ဗျာ။ ဥပဒေနဲ့အညီဆိုရင်တော့ ရနိုင်တဲ့ကိစ္စတွေရှိတာပေါ့ဗျာ။”
လက်ရှိဒေါ်အောင်ဆန်းစုကြည်အမှုတွေမှာ တရားလိုဘက်က နောက်တိုး သက်သေတင်ဖို့ လုပ်ဆောင်တာတွေရှိပေမယ့် တရားခံဘက်က သက်သေတင်သွင်းမှုတွေကို တရားလိုဘက်က ကန့်ကွက်တာကြောင့် ပယ်ချခံနေရတယ်လို့လည်း ရှေ့နေတွေကပြောပါတယ်။
ဒီကနေ့စစ်ဆေးတဲ့ နေပြညိတော်အမှုတွေကို လာမယ့် အောက်တိုဘာ ၅ ရက်နေ့မှာ ဆက်လက် စစ်ဆေးသွားမှာပါ။ လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာေ တာ့ မန္တလေးမှာစွဲဆိုတဲ့ အဂတိလိုက်စားမှု ၄ မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ကို စပြီး စစ်ဆေးတော့မှာပါ။ ဒီအမှု ၄ မှုကို နေပြည်တော်အထူးတရားရုံးမှာ သောကြာနေ့တိုင်း တပတ်ခြား တခါ စစ်ဖို့ ရှိနေပါတယ်။ နောက်ပြီး သူမ အမှုတွဲအဖြစ်ပါဝင်တဲ့ သြစတြေးလျ နိုင်ငံသား စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်ကို ဦးတည်စွဲဆိုတဲ့အမှု နိုင်ငံတော်လျှို့ဝှက်ချက် အက် ဥပဒေ ပုဒ်မ ၃-၁ (ဂ) အမှုကိုလည်း အပတ်စဉ် ကြာသပတေး နေ့တိုင်းစစ်ဖို့ ရှိနေပါတယ်။
အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်ချုပ်ရေးကောင်စီကအမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခံရနိုင်မယ့် ဥပဒေတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး စွဲထားတဲ့ အမှုတွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကို ပေါင်းမယ်ဆိုရင် သူမဟာ အနှစ် ၉၀ နီးပါး နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရနိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ် ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ (၂) မှု၊ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးကနေ နေပြည်တော်တရားလွှတ်တော်ကို လွှဲပြောင်းထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) ၊ တခါ မန္တလေးတိုင်းတရားလွှတ်တော်မှာ ထပ်မံစွဲဆိုခံထားရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၄ မှုအပြင် ခုနောက် ဆုံး ဗဟန်းမြို့နယ်မှာ အမှုဖွင့်ထားတဲ့ အဂတိလိုက်စားမှု စတဲ့ အမှုပေါင်း ၁၁ မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

#MyanmarMilitaryCoup #AungSanSuuKyiTrial #AungSanSuuKyi #VOABurmese#အောင်ဆန်းစုကြည်#ပုဒ်မ၅၀၅(ခ)#၁၁မှု#နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG