သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NUG ကို ေဒၚေအာင္ဆန္းစုၾကည္လက္မခံဆိုတဲ့အြန္လိုင္းသတင္း မွားယြင္း


Daw Aung San Su Kyi

Zawgyi/Unicode

လူမႈကြန္ယက္ မွာ ပ်ံ႕ႏွံ႔ေနတဲ့ NUG နဲ႔ PDF ေတြကိုေဒၚေအာင္ဆန္းစုၾကည္က လက္မခံဘူးဆိုတာ မဟုတ္မွန္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ေရွ႕ေန က ေျပာပါတယ္။

“ေဒၚေအာင္ဆန္းစုၾကည္က အဲဒါ ေရွ႕ေနေတြ အကုန္သိၿပီးသားပဲ-တဲ့။ က်မတို႔......အဲဒါေတြမွ မပါဘဲ..တဲ့။ ေနာက္တခါ၊ လူထုကေရာ အဲဒါကို ယံုလား၊ ယံုပါ့မလား...တဲ့။ က်ေနာ္တို႔ကေတာ့ ယံုတာကေတာ့ မယံုပါဘူး...လို႔ အဲလိုပဲ ေျပာျပပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူေျပာျပတာက သူက အမ်ားျပည္သူ စိတ္အားငယ္ေစမယ့္အလုပ္မ်ဳိး ဘာတခြန္းမွ သူေျပာမွာမဟုတ္ဘူးတဲ့၊ ေျပာလည္းမေျပာဘူးတဲ့- နံပါတ္တစ္က အဲဒါ ေျပာပါတယ္။ ေနာက္တခုကေတာ့ CEC ေတြရဲ႕အလုပ္က CEC ေတြအကုန္ လြတ္လြတ္လပ္လပ္ ျပည့္ျပည့္စံုစံုေတြ႔ႏုိင္တဲ့အခ်ိန္က်မွ သူနဲ႔ေ တြ႔ၿပီးေတာ့ ဒီကိစၥေတြကို ေဆြးေႏြးၾကရမယ္၊ အဲလိုမေတြ႔ႏုိင္ေသးဘဲနဲ႔ CEC လုပ္တဲ့အလုပ္ကို သူ ကန္႔ကြက္စရာလည္းမရွိဘူး-တဲ့။ အဲဒါက သူ႔သေဘာထားအေနနဲ႔ ဘာမွ ....ေပးစရာမရွိဘူးလို႔ေျပာပါတယ္ဗ်။

CEC ရဲ႕ အလုပ္ ကို CECေတြ လြတ္လြတ္လပ္လပ္ ေတြ႔ဆုံ ေဆြးေႏြးရတဲ့အခါ မွသာ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕သေဘာထားကို ေပးမွာ ျဖစ္ပါတယ္လို႔ ေရွ႕ေန ဦးခင္ေမာင္ေဇာ္ က ေျပာပါတယ္။ဒါေၾကာင့္ စီအီးစီရဲ႕ အလုပ္ကို ကန႔္ကြက္တာ၊ သေဘာထားေပးတာ မရွိဘူးလို႔ ဆိုပါတယ္။ဒါေပမဲ့ လူထု စိတ္အားငယ္ေစတဲ့လုပ္ရပ္ေတြ ကို သူ မလုပ္ဘူး လို႔ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ ေရွ႕ေနေတြ ကို အခိုင္အမာ ေျပာပါတယ္။အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG နဲ႔ျပည္သူ႔ ကာကြယ္ေရးအဖြဲ႕ PDF အေၾကာင္းေတြဟာ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ေရွ႕ေနေတြ ေျပာဆိုခဲ့ၾကတဲ့ အေၾကာင္းေတြထဲမွာ အရင္က မပါဝင္ခဲ့ဘူး လို႔ လည္း သိရပါတယ္။ယခင္ကလည္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ပါတီကို စာပို႔ရာမွာ စီအီးစီေတြ ေတြ႔ဆုံခြင့္ မရွိတာေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ က သေဘာထား မေပးခဲ့ပါဘူး။

NUG နဲ႔PDF ေတြကို စစ္ေကာင္စီက အၾကမ္းဖက္အဖြဲ႔စာရင္း ေၾကညာထားၿပီး ျဖစ္ေပမဲ့ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကိုေတာ့ ပါတီတခုအျဖစ္ လက္ခံသတ္မွတ္ထားဆဲ ျဖစ္ပါတယ္။

---------

တိုက္႐ိုက္ လင့္ခ္


Unicode

NUG ကို ဒေါ်အောင်ဆန်းစုကြည်လက်မခံဆိုတဲ့အွန်လိုင်းသတင်း မှားယွင်း

လူမှုကွန်ယက် မှာ ပျံ့နှံ့နေတဲ့ NUG နဲ့ PDF တွေကိုဒေါ်အောင်ဆန်းစုကြည်က လက်မခံဘူးဆိုတာ မဟုတ်မှန်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေ က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အဲဒါ ရှေ့နေတွေ အကုန်သိပြီးသားပဲ-တဲ့။ ကျမတို့......အဲဒါတွေမှ မပါဘဲ..တဲ့။ နောက်တခါ၊ လူထုကရော အဲဒါကို ယုံလား၊ ယုံပါ့မလား...တဲ့။ ကျနော်တို့ကတော့ ယုံတာကတော့ မယုံပါဘူး...လို့ အဲလိုပဲ ပြောပြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူပြောပြတာက သူက အများပြည်သူ စိတ်အားငယ်စေမယ့်အလုပ်မျိုး ဘာတခွန်းမှ သူပြောမှာမဟုတ်ဘူးတဲ့၊ ပြောလည်းမပြောဘူးတဲ့- နံပါတ်တစ်က အဲဒါ ပြောပါတယ်။ နောက်တခုကတော့ CEC တွေရဲ့အလုပ်က CEC တွေအကုန် လွတ်လွတ်လပ်လပ် ပြည့်ပြည့်စုံစုံတွေ့နိုင်တဲ့အချိန်ကျမှ သူနဲ့ေ တွ့ပြီးတော့ ဒီကိစ္စတွေကို ဆွေးနွေးကြရမယ်၊ အဲလိုမတွေ့နိုင်သေးဘဲနဲ့ CEC လုပ်တဲ့အလုပ်ကို သူ ကန့်ကွက်စရာလည်းမရှိဘူး-တဲ့။ အဲဒါက သူ့သဘောထားအနေနဲ့ ဘာမှ ....စရာမရှိဘူးလို့ပြောပါတယ်ဗျ။

CEC ရဲ့ အလုပ် ကို CECတွေ လွတ်လွတ်လပ်လပ် တွေ့ဆုံ ဆွေးနွေးရတဲ့အခါ မှသာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့သဘောထားကို ပေးမှာ ဖြစ်ပါတယ်လို့ ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။ဒါကြောင့် စီအီးစီရဲ့ အလုပ်ကို ကန့်ကွက်တာ၊ သဘောထားပေးတာ မရှိဘူးလို့ ဆိုပါတယ်။ဒါပေမဲ့ လူထု စိတ်အားငယ်စေတဲ့လုပ်ရပ်တွေ ကို သူ မလုပ်ဘူး လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ ရှေ့နေတွေ ကို အခိုင်အမာ ပြောပါတယ်။အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ပြည်သူ့ ကာကွယ်ရေးအဖွဲ့ PDF အကြောင်းတွေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ရှေ့နေတွေ ပြောဆိုခဲ့ကြတဲ့ အကြောင်းတွေထဲမှာ အရင်က မပါဝင်ခဲ့ဘူး လို့ လည်း သိရပါတယ်။ယခင်ကလည်း ရွေးကောက်ပွဲ ကော်မရှင်က ပါတီကို စာပို့ရာမှာ စီအီးစီတွေ တွေ့ဆုံခွင့် မရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည် က သဘောထား မပေးခဲ့ပါဘူး။

NUG နဲ့PDF တွေကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့စာရင်း ကြေညာထားပြီး ဖြစ်ပေမဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုတော့ ပါတီတခုအဖြစ် လက်ခံသတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

#MyanmarMilitaryCoup #MyanmarNUG #AungSanSuuKyi #VOABurmese#ဒေါ်အောင်ဆန်းစုကြည်#ဦးခင်မောင်ဇော်# NUG နဲ့ PDF

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG