သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ အိုဘားမား တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ အိုဘားမား သတင်းစာရှင်းလင်းပွဲ
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ အိုဘားမား သတင်းစာရှင်းလင်းပွဲ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်သမ္မတအိုဘားမားနဲ့ အမေရိကန်စံချိန် မနက် ၁၁ နာရီကျော်မှာ စတင်တွေ့ဆုံနေပြီဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ ဒု သမ္မတ ဂျိုးဘိုင်ဒန်နဲ့အတူ မနက်စာ စားသုံးခဲ့တာပါ။

သမ္မတအိုဘားမားနဲ့ တွေ့ဆုံပြီးရင်တော့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့အတူ နေလည်စာ စားသုံးပြီး စကားပြောဆိုဖို့ရှိနေပါတယ်။ အမေရိကန် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ ဖြေလျှော့ရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်လွှတ်တော်ခေါင်းဆောင်တွေနဲ့လည်း မနက်ဖြန်မှာ တွေ့ဆုံဖို့ရှိနေပါတယ်။

ဒီကနေ့ ညနေပိုင်းမှာတော့ ဝါရှင်တန်ဒီစီမြို့က အထင်ကရနေရာတခုဖြစ်တဲ့ လင်ကွန်းအမှတ်တရဗိမာန်ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် လည်ပတ်မှာဖြစ်ပြီး၊ ညပိုင်းမှာတော့ ဝါရှင်တန်ဒီစီ မြန်မာသံရုံးက ညစာ စားပွဲကို တတ်ရောက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညပိုင်းက ဝါရှင်တန်ဒီစီကို ရောက်ရှိချိန်မှာတော့ ဒေသခံမြန်မာတွေက ခရီးဦးကြိုခဲ့ကြပါတယ်။

XS
SM
MD
LG