သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဟန်ဂေရီနိုင်ငံ ခရီးဆက်


طاہرالقادری نے دھرنے کے شرکا سے کہا کہ اب ملک میں شہر شہر دھرنے ہوں گے۔
طاہرالقادری نے دھرنے کے شرکا سے کہا کہ اب ملک میں شہر شہر دھرنے ہوں گے۔
ဥရောပ အလယ်ပိုင်း သုံးနိုင်ငံဆီ ခရီးထွက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ဟန်ဂေရီနိုင်ငံ၊ဘူဒါပက်စ်တ်မြို့တော်ဆီ ရောက်နေပါတယ်။

သောကြာ စနေ နှစ်ရက်ကြာ ဟန်ဂေရီခရီးစဉ်အတွင်း ဟန်ဂေရီသမ္မတ Janos Ader၊၊ နိုင်ငံခြားရေးဝန်ကြီး Janos Martonyi တို့အပြင် လွှတ်တော်ဥက္ကဋ္ဌတို့နဲ့ပါ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံဖို့ ရှိတယ်လို့ ဟန်ဂေရီနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဘူဒါပက်စ်တ်မြို့က Corvinus တက္ကသိုလ်မှာလည်း “တော်လှန်ရေးမှသည် ပြန်လည်တည်ဆောက်ရေးဆီသို့” ဆိုတဲ့ခေါင်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောဆွေးနွေးမှာဖြစ်ပါတယ်။

ဟန်ဂေရီနိုင်ငံခရီးစဉ်ပြီးရင် ချက်က်သမ္မတနိုင်ငံဆီ တနင်္ဂနွေနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ခရီးဆက်မှာဖြစ်ပါတယ်။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ ၃ ရက်ကြာ ချက်သမ္မတနိုင်ငံ ခရီးစဉ် အတွင်း Forum 2000 ဆွေးနွေးပွဲမှာ အဖွင့် မိန့်ခွန်းပြောကြားပါလိမ့်မယ်။ ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ဟန်ဂေရီခရီးစဉ်မတိုင်ခင် ပိုလန်နိုင်ငံခရီးစဉ်တုန်းကတော့ ပိုလန်သမ္မတနဲ့ လွှတ်တော် ခေါင်းဆောင်တွေအပြင် သမ္မတဟောင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Lech Walesa တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။

ပိုလန်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းမှုတွေကို နမူနာယူပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာဖို့ ပြဿနာတွေ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ဝါဆောတက္ကသိုလ်မှာလုပ်တဲ့ နိုင်ငံရေးနဲ့ ပညာရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာလူငယ်တွေအတွက် ပညာရေးဟာ အင်မတန်အရေးကြီး တယ်ဆိုတာကို ဟောပြောဆွေးနွေးခဲ့ပါတယ်။
XS
SM
MD
LG