သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာျပည္သူေတြ ညီၫြတ္ၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္ မွာၾကား


ေဒၚအောင္ဆန္းစုၾကည္(ယခင္မွတ္တမ္းရုပ္ပုံ)

ျမန္မာစစ္ေကာင္စီက ဖမ္းဆီးထိန္းသိမ္းထားတဲ့ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာျပည္သူျပည္သားေတြစည္းလုံးညီညႊတ္မႈရွိၾကဖို႔ သတင္းစကားပါးလုိက္ေၾကာင္း နီးစပ္သူေတြကို ကိုးကားၿပီးရိုက္တာသတင္းတရပ္မွာ ေဖာ္ျပထားပါတယ္

(Zawgyi/Unicode)

ျမန္မာစစ္ေကာင္စီက ဖမ္းဆီးထိန္းသိမ္းထားတဲ့ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာျပည္သူျပည္သားေတြစည္းလုံးညီညႊတ္မႈရွိၾကဖို႔ သတင္းစကားပါးလုိက္ေၾကာင္း နီးစပ္သူေတြကို ကိုးကားၿပီးရိုက္တာသတင္းတရပ္မွာ ေဖာ္ျပထားပါတယ္။ ဒါဟာ စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ပိုင္းဖမ္း ဆီးထိန္းသိမ္းထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ဆီက ရွားရွားပါးပါးၾကားရတဲ့ သတင္းစကားလည္းျဖစ္ပါတယ္။ ႏုိင္ငံေတာ္လ ွ်ိဳ႔၀ွက္ခ်က္ဥပေဒခ်ိဳးေဖာက္မႈစြဲခ်က္အျပင္ အက်င့္ပ်က္ျခစားမႈစြဲခ်က္အေတာ္မ်ားမ်ားနဲ႔ပါ တရားရင္ဆုိင္ေနရတဲ့ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ေထာင္ဒဏ္အႏွစ္ ၁၅၀ေက်ာ္ထိ အျမင့္ဆုံး ျပစ္ဒဏ္ခ်မွတ္ႏုိင္တဲ့ စြဲခ်က္ေတြနဲ႔ တရားရင္ဆုိင္ေနရတာပါ။

ျပည္သူေတြစည္းလုံးညီညႊတ္ၾကဖို႔၊ ပြင့္ပြင့္လင္းလင္း ေျပာဆိုၾကဖို႔၊ မတူညီတဲ့အျမင္သေဘာထားေတြကိုလည္း စိတ္ရွည္သီးခံစြာ ေဆြးေႏြးၾကဖို႔ သတင္းစကားပါးလိုက္တယ္လို႔ နာမည္မေဖာ္လိုတဲ့ အဲဒီသတင္းရင္းျမစ္ကို ကိုးကားၿပီး ရိုက္တာသတင္းမွာေရးသားထားတာပါ။ ေဒၚေအာင္ဆန္းစုၾကည္ရင္ဆုိင္ေနရတဲ့ တရားေရးရာ ကိစၥေတြကို ေျပာဆိုတာမ်ိဳးမလုပ္ဖို႔ စစ္ေကာင္စီကတားျမစ္ထားတာပါ။ စည္းလုံးညီညႊတ္မႈရွိၾကပါဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္ ဘာေၾကာင့္တိုက္တြန္းတာလဲဲဆိုတာ အေသးစိတ္မေေျပာေပမယ့္ စစ္ေကာင္စီနဲ႔ ေတြ႔ဆုံေဆြးေႏြးဖို႔ ေျပာတာ မဟုတ္ဘူးလို႔လည္းအဲဒီသတင္းရင္းျမစ္ကဆိုပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔ မွတ္ခ်က္ေပးဖို႔ စစ္ေကာင္စီေျပာခြင့္ရသူကို ရိုက္တာသတင္းဌာနက ဆက္သြယ္ခဲ့ေပမယ္ ့ အေၾကာင္းျပန္ၾကားျခင္းမရွိဘူးလို႔လည္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

မြန်မာစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူပြည်သားတွေစည်းလုံးညီညွှတ်မှုရှိကြဖို့ သတင်းစကားပါးလိုက်ကြောင်း နီးစပ်သူတွေကို ကိုးကားပြီးရိုက်တာသတင်းတရပ်မှာ ဖော်ပြထားပါတယ်။ ဒါဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီက ရှားရှားပါးပါးကြားရတဲ့ သတင်းစကားလည်းဖြစ်ပါတယ်။နိုင်ငံတော်လ ျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှုစွဲချက်အပြင် အကျင့်ပျက်ခြစားမှုစွဲချက်အတော်များများနဲ့ပါ တရားရင်ဆိုင်နေရတဲ့ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထောင်ဒဏ်အနှစ် ၁၅၀ကျော်ထိ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်နိုင်တဲ့ စွဲချက်တွေနဲ့ တရားရင်ဆိုင်နေရတာပါ။

ပြည်သူတွေစည်းလုံးညီညွှတ်ကြဖို့၊ ပွင့်ပွင့်လင်းလင်း ပြောဆိုကြဖို့၊ မတူညီတဲ့အမြင်သဘောထားတွေကိုလည်း စိတ်ရှည်သီးခံစွာ ဆွေးနွေးကြဖို့ သတင်းစကားပါးလိုက်တယ်လို့ နာမည်မဖော်လိုတဲ့ အဲဒီသတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းမှ ာရေးသားထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ တရားရေးကိစ္စတွေကို ပြောဆိုတာမျိုးမလုပ်ဖို့ စစ်ကောင်စီကတားမြစ်ထားတာပါ။ စည်းလုံးညီညွှတ်မှုရှိကြပါဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့်တိုက်တွန်းတာလဲဆိုတာ အသေးစိတ်မေပြောပေမယ့် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြောတာ မဟုတ်ဘူးလို့လည်းအဲဒီသတင်းရင်းမြစ်ကဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ စစ်ကောင်စီပြောခွင့်ရသူကို ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်းမရှိဘူးလို့လည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG