သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတော်အတိုင်ပင်ခံ နီပေါ ရောက်ရှိ


မြန်မာနိုင်ငံတော်အတိုင်ပင်ခံ နီပေါ ရောက်ရှိ (Ministry of Foreign Affairs)
မြန်မာနိုင်ငံတော်အတိုင်ပင်ခံ နီပေါ ရောက်ရှိ (Ministry of Foreign Affairs)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ချစ်ကြည်ရေး ခရီးစဉ်နဲ့ အာရှ-ပစိဖိတ်ထိပ်သီး အစည်းအဝေးပွဲ တက်ရောက်ဖို့ နီပေါနိုင်ငံမှာ ရောက်နေပါတယ်။

နီပေါဝန်ကြီးချုပ် K.P. Sharma Oli ရဲ့ ဖိတ်ကြားချက်အရ ခတ္တမန္ဒူးမြို့တော်ကို ဒီကနေ့ပဲ ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့က လေဆိပ်မှာလာရောက် နှုတ်ဆက်ခဲ့ကြပြီး ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ကြကြောင်းလည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။

ခရီးစဉ်အတွင်း နီပေါသမ္မတနဲ့ ဝန်ကြီးချုပ်တို့ အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံကြား ကိစ္စတွေကို ဆွေးနွေးမယ်လို့လည်း မျှော်လင့်ရပါတယ်။ ဒါဟာဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နဲ့ ပထမဆုံးအကြိမ် နီပေါနိုင်ငံကို နိုင်ငံတော်ခရီး သွားရောက်ခဲ့တာပါ။

ဒီမတိုင်ခင် ၂၀၁၄ ခုနှစ်မှာတုန်းကလည်း အတိုက်အခံခေါင်းဆောင် အဖြစ်နဲ့ နီပေါနိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။ ခတ္တမန္ဒူးမြို့တော်မှာ သောကြာနေ့ကနေ တနင်္လာနေ့အထိ ကျင်းပသွားမယ့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာပါ။ ထိပ်သီးအစည်းအဝေးမှာတော့ ငြိမ်းချမ်းရေး၊ ပဋိပက္ခနဲ့ ရာသီဥတု ပြောင်းလဲမှု အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းက စိန်ခေါ်မှုတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမူဆလင်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတဲ့အထိ ဖြစ်ခဲ့တဲ့အတွက် နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံတွေကပါ ဝေဖန်သံတွေ ထွက်ပေါ်နေချိန်မှာပဲ ဒေသတွင်းခေါင်းဆောင်တွေ တက်ရောက်မယ့် ထိပ်သီးအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG