သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါရောက်ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး အလေးထားပြောကြား

Aung San Suu kyi nepal visit(Ministry of Foreign Affairs)
Aung San Suu kyi nepal visit(Ministry of Foreign Affairs)

လူမှုအသိုင်းအဝိုင်းကြား ပဋိပက္ခတွေကို အဆုံးသတ်နိုင်ရေးအတွက် ငြိမ်းချမ်းရေးအလေ့အထကို အလေးထားအကောင်အထည်ဖေါ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ငြိမ်းချမ်းတဲ့ ယဉ်ကျေးမှုကို ပြန့်ပွါးအောင်ဆောင်ရွက်မှာသာ မတူကွဲပြားခြားနားတဲ့ နိုင်ငံတွေအကြား သင့်မြတ်မှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။ ဒါပေမယ့်လည်း နိုင်ငံတွင်းမှာဖြစ်ပါွးနေတဲ့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး တိုက်ရိုက် ရည်ညွှန်းပြောကြားသွားတာမျိုးတော့ မရှိပါဘူး။ နီပေါလ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ်အနေနဲ့ ရောက်ရှိစဉ်အတွင်း တက်ရောက်တဲ့အခမ်းအနားတခုမှာ အခုလို ပြောကြားသွားတာပါ။

မမှန်ကန်တဲ့ သဘောထားအခြေခံနဲ့ ဆောင်ရွက်မှုတွေကြောင့် နစ်နာဆုံးရှုံးမှုတွေ ကြုံရပြီး ပဋိပက္ခတွေထပ်ဖြစ်ပွါးအောင် လမ်းပွင့်သွားသလိုဖြစ်စေကြောင်းနဲ့ အမုန်းတရားနဲ့ အကြောက်တရားတွေ ဆင့်ကဲပြန့်ပွါးလာပြီး ငြိမ်းချမ်းရေးကို ထိခိုက်စေတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ ဒါ့အပြင် နိုင်ငံတွေအကြား အပြန်အလှန်လေးစားမှုထားပြီး ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လကစလို့ လူမှုအသိုင်းအဝိုင်းကြား ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ဒုက္ခသည် ၇ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန် မေးခွန်းထုတ်ခဲ့ကြတာပါ။ အရင်အတိုက်အခံဘဝနဲ့ ဒီမိုကရေစီအရေးဦးဆောင်ခဲ့တာကြောင့် နိုင်ငံတကာမှာ တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင်မဲန်ဒဲလားလို့ ဒီမိုကရေစီ မီးရှုးတန်ဆောင်အဖြစ် အကြီးအကျယ် အလေးစားခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာအရေးကိစ္စလို ဖြစ်ရပ်မျိုးတွေမှာ လူ့အခွင့်အရေးကို ဦးစားပေးဆောင်ရွက်တာမျိုး မရှိတာကြောင့် နိုင်ငံတကာက ပေးအပ်ထားတဲ့ ဆုတွေ ပြန်လည်ရုပ်သိမ်းခံနေရတာမှာ အခုနောက်ဆုံးမှာတော့ ပဲရစ်မြို့တော်ဝန်ရုံးက ပြင်သစ်မြို့တော်ဆိုင်ရာ ဂုဏ်ထူးဆောင်လွတ်လပ်ရေးဆုကို ပြန်ရုပ်သိမ်းမယ်ဆိုပြီး သောကြာနေ့က ပြောကြားထားပါတယ်။

နီပေါရောက်ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး အလေးထားပြောကြား
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG