သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Newcastle လွတ်မြောက်ရေးဆု ဒေါ်အောင်ဆန်းစုကြည် ဆုံးရှုံးနိုင်


 ဒေါ်အောင်ဆန်းစုကြည် (ဇန်န၀ါရီ ၂၄-၂၀၁၈)

ရိုဟင်ဂျာတွေ နှိပ်ကွပ်ခံရမှုကို အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်တဲ့အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အပ်နှင်းခဲ့တဲ့ NEWCASTLE လွတ်မြောက်ရေးဆုကို ပြန်လည်ရုပ်သိမ်းသွားမယ်လို့ သိရပါတယ်။

လူ့အခွင့်အရေး တိုက်ပွဲဝင်ခဲ့ပြီး သူပြောကြားခဲ့တဲ့ လွတ်မြောက်ရေးမိန့်ခွန်းတွေကိုအသိအမှတ်ပြုတဲ့အနေနဲ့ NEWCASTLE မြို့တော်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ မှာ ဂုဏ်ပြုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

အခုအခါ သူဟာ နိုင်ငံတွင်းကအကြမ်းဖက်မှုတွေကိုဆန့်ကျင်ပြောကြားဖို့ ပျက်ကွက်တယ်ဆိုပြီး နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်နေရတာပါ။ နောက်အပတ် ပြုလုပ်မယ့် မြို့တော်ကောင်စီအစည်းအဝေးပွဲမှာဒီဆုပြန်လည်ရုပ်သိမ်းရေးကို တင်ပြမယ်လို့ ကောင်စီအကြီးအကဲ နိတ်ဖော့စ် က ဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီ ရေရှည်ကြိုးပမ်းမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တာ သင့်လျှော်မှန်ကန်ခဲ့ပေမယ့် ရိုဟင်ဂျာတွေအပေါ် ဆက်လက်နှိပ်ကွပ်နေမှုနဲ့ ဒီလူတွေရဲ့ အတိဒုက္ခအပေါ် NEWCASTLE လူထုက စိုးရိမ်တကြီးဖြစ်နေတဲ့အတွက် ဒီအတိုင်းလက်ပိုက်ကြည့်နေလို့ မဖြစ်နိုင်ဘူးလို့လည်း သူကပြောကြောင်း Chronicallive.co.uk မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG