သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ဆီက နိုဗယ်ဆု ပြန်ရုပ်သိမ်းမည်မဟုတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ်အကျယ်ချုပ်ချထားတဲ့ ၁၉၉၁ ခုနှစ်က နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ဖို့ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် နိုဘဲလ်ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာက ရပ်တည်ပြောဆိုလိုက်ပါတယ်။

“လူသားထုအတွက် သူလုပ်ဆောင်တဲ့ သိပ်ကိုကောင်းတဲ့ လုပ်ရပ်တွေအတွက် သူ့ကို ဆုချီးမြှင့်ခဲ့တာပါ။ အဲဒီနောက်ပိုင်း ဖြစ်ပျက်တာတွေကို ကျနော်တို့ အနီးကပ်စောင့်ကြည့်နေတာ မဟုတ်သလို သိပ်ကြီး ပြန်ပြီးသုံးသပ်တာမျိုးလည်း မရှိပါဘူး။ နိုဘဲလ်ဆုရှင်အားလုံးကို လိုက်ကြည့်နေဖို့က ကျနော်တို့အလုပ် မဟုတ်သလို ချီးမြှင့်ထားတဲ့ဆုတွေကို ပြန်ရုပ်သိမ်းတာလည်း မရှိပါဘူး။ ဒါက အဓိပ္ပါယ်ပြည့်ဝတဲ့ နည်းလမ်းနဲ့ လုပ်လို့ရနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။” လို့ နိုဘဲလ်ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ Lars Heikensten က ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ပြောသွားတာပါ။

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုတာမျိုးမရှိတဲ့အပေါ် နိုင်ငံတကာက ဝေဖန်ပြောဆိုနေကြပြီး နှစ်ပေါင်းများစွာအတွင်း သူ့ကို အသိအမှတ်ပြု ချီးမြှင့်ခဲ့တဲ့ ဂုဏ်ထူးဆောင်ဆုတချို့ကို ပြန်ရုပ်သိမ်းတာ တွေလည်းရှိထားပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုချက်တချို့ ရှိပေမဲ့လည်း ဆုချီးမြှင့်ရေးကော်မတီကတော့ ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ ပြောထားဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG