သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေရှည်အကျိုးအတွက် NLD အစိုးရလုပ်ဆောင်နေတယ်လို့ အတိုင်ပင်ခံဆို


ဒီဇင်ဘာ ၁၄ ရက် သောကြာနေ့က နေပြည်တော်မှာကျင်းပတဲ့ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း တတိယအကြိမ် ထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။
ဒီဇင်ဘာ ၁၄ ရက် သောကြာနေ့က နေပြည်တော်မှာကျင်းပတဲ့ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း တတိယအကြိမ် ထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။

လက်ရှိအာဏာရ အန်အယ်ဒီအစိုးရအနေနဲ့ နိုင်ငံရေးကို ကိုယ်ကျိုးအတွက်အသုံးချဖို့ ရည်ရွယ်ပြီး ရေတို အတွက် ဆောင်ရွက်တာ မဟုတ်ဘဲ နောင်မျိုးဆက်အတွက် လုပ်တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အလားတူ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း အဲဒီအတိုင်း သဘောထားပြီး တခြားနိုင်ငံတွေနဲ့မတူကွဲပြားတဲ့ ဖန်တီးမှုတွေနဲ့ တိုးတက်အောင်လုပ်သင့်ကြောင်း ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် သောကြာနေ့က နေပြည်တော်မှာကျင်းပတဲ့ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း တတိယအကြိမ် ထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

နိုင်ငံ့အရေးလုပ်တဲ့သူတွေအနေနဲ့ ရွေးကောက်ပွဲသက်တမ်းတစ်ခု အနိုင်ရဖို့အတွက်ပဲ စဉ်းစားတာမျိုးမဟုတ်ဘဲ နောင်မျိုးဆက် အထိစဉ်းစားပြီးမှ ရေရှည်အတွက် လုပ်ကြတာဖြစ်လို့ စီးပွားရေးနယ်ပယ်က သူတွေအနေနဲ့ လည်း ဒါကိုအတုယူသင့်ကြောင်း လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း တတိယအကြိမ်မြောက် ထိပ်သီး တွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြောသွားတာပါ။

“ကျမတို့ ဘာပဲလုပ်လုပ်ပေါ့နော် ရေရှည်ခိုင်မာဖို့ ရေရှည်တည်တံ့ခိုင်မြဲဖို့ လုပ်ဖို့ဆိုတာ အဓိကပါပဲ။ ရေတိုကို ကြည့်လို့ မဖြစ်ပါဘူး။ တခဏလေးကောင်းဖို့မဟုတ်ပါဘူး၊ ကျမတို့ အခုလုပ်နေတဲ့ကိစ္စဟာ တနေ့ကောင်းဖို့ လည်း မဟုတ်ဘူး၊ တလ ကောင်းဖို့လည်းမဟုတ်ဘူး၊ တနှစ်ကောင်းဖို့လည်း မဟုတ်ဘူး။ ပြောရမယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲသက်တမ်းတခုကောင်းဖို့လည်း မဟုတ်ပါဘူး။ ဒါဟာ ကျွန်မတို့ထပ်တလဲလဲပြောရပါတယ်။ နိုင်ငံရေးလောကမှာဆိုရင် အဆိုရှိတဲ့အတိုင်းပဲ။ နိုင်ငံရေးလုပ်စားတဲ့ သူတွေက နောက်ရွေးကောက်ပွဲအတွက်ပဲ စဉ်းစားတယ်။ ဒါပေမဲ့ နိုင်ငံ့အရေးလုပ်တဲ့သူတွေက နောက်မျိုးဆက်အတွက် စဉ်းစားတယ်ဆိုတာ၊ အဲဒါကို ကျမတို့စီးပွားရေးလုပ်ငန်းရှင်များကလည်း ဒီအတိုင်း စိတ်ထဲမှာ ထားစေချင်ပါတယ်။ ကိုယ့်အတွက်ပဲ လုပ်နေတာလား၊ ကိုယ့်နိုင်ငံအတွက် လုပ်နေတာလား၊ ကိုယ့်အောင်မြင်မှုတစ်ခုအတွက်ပဲ လုပ်နေတာလား၊ နိုင်ငံအောင်မြင်မှု အတွက်လုပ်နေတာလားဆိုတာ အဲဒါကိုစဉ်းစားပြီးတော့ ဒါကိုခေတ်မရှိတဲ့ အတွေးအခေါ်လို့ မထင်ပါနဲ့။ ခေတ်ကို ရှေ့ပြေးတဲ့ အတွေးအခေါ်လို့ ထင်စေချင်ပါတယ်။”

အစိုးရတစ်ရပ်ရဲ့အောင်မြင်မှုက စီးပွားရေးနဲ့လည်း ဆက်စပ်နေလို့ အတူပူးပေါင်းလုပ်ကိုင်ကြဖို့ လည်း သူက ပြောသွားပါတယ်။ နှစ်ပေါင်းများစွာနောက်ကျကျန်ခဲ့တဲ့ ပညာရေးစနစ်ကြောင့်လည်း လက်ရှိမှာ မြန်မာနိုင်ငံ သားတွေအနေနဲ့ နေရာတိုင်းမှာ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်တတ်တာ အားနည်းနေပြီး တခြားသူရဲ့စီးပွားရေး အောင်မြင်ဖို့လည်း စဉ်းစားပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒီဇင်ဘာ ၁၄ ရက် သောကြာနေ့က နေပြည်တော်မှာကျင်းပတဲ့ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း တတိယအကြိမ် ထိပ်သီးညီလာခံမြင်ကွင်း။
ဒီဇင်ဘာ ၁၄ ရက် သောကြာနေ့က နေပြည်တော်မှာကျင်းပတဲ့ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း တတိယအကြိမ် ထိပ်သီးညီလာခံမြင်ကွင်း။

“ကျမတို့ရဲ့ လူငယ်လုပ်ငန်းရှင်များကို ကျမတို့နိုင်ငံကိုမတူတဲ့ ပုံစံနဲ့ဖွံ့ဖြိုးတိုးတက်ဖို့ကို စဉ်းစားစေချင်ပါတယ်။ တခြားနိုင်ငံတွေနဲ့မတူအောင် ကျမတို့နိုင်ငံကိုတကယ့်ကို ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်တဲ့ နိုင်ငံတခု ဖြစ်စေချင်တယ်။ ကျွန်မတို့ လွတ်လပ်ရေးရဖို့ ကြိုးပမ်းစဉ် အခါတုန်းကဆိုရင် လွတ်လပ်ရေး ဖခင်ကြီးများက ကြွေးကြော်တာ ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ရမယ်။ ကိုယ့်ရဲ့ကံကြမ္မာကို ဖန်တီးနိုင်ဖို့ဆိုတာဟာ နိုင်ငံရေးတခုနဲ့တင် မပြီးပါဘူး။ စီးပွားရေးလည်း အရေးကြီးပါတယ်။ စီးပွားရေးတောင့်တင်းမှလည်း ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ့်လက်ထဲမှာ စွဲစွဲမြဲမြဲဆုပ်ကိုင်ထားမှာပါ။ အဲဟာအတွက်ကို ကျမတို့ရဲ့ လူငယ်လုပ်ငန်းရှင် များဟာ ပံ့ပိုးပေးစေချင်ပါတယ်။”

မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ထိပ်သီးညီလာခံကို ကျင်းပရတာက လူငယ်တွေ စီးပွားရေးနယ်ပယ်မှာ ဖန်တီးမှုအသစ်အဆန်းတွေနဲ့ အောင်မြင်လာပြီး နိုင်ငံရဲ့စီးပွားရေး အနာဂတ်မှာ တိုးတက်လာဖို့ ပံ့ပိုးပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီနေ့ပွဲမှာ စွန့်ဦးတီထွင်ဆုပေးပွဲတွေနဲ့ သူတို့ဖန်တီးထားတဲ့ ထုတ်ကုန်ပစ္စည်းတွေကိုလည်း ပြသခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG