သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ် ခရီးစတင်


ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc နဲနိုင်ငံတော်င်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သီခြားတွေ့ဆုံဆွေးနွေးပွဲ (ဖိလစ်ပိုင် အာဆီယံထိပ်သီးညီလာခံ၊ ဧပြီ ၂၈ ၂၀၁၇)
ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc နဲနိုင်ငံတော်င်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သီခြားတွေ့ဆုံဆွေးနွေးပွဲ (ဖိလစ်ပိုင် အာဆီယံထိပ်သီးညီလာခံ၊ ဧပြီ ၂၈ ၂၀၁၇)

နိုင်ငံတော်င်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧပြီလ ၁၉ ရက် ကနေ ၂၀ ရက် အထိလာရောက်မယ့် ဗီယက်နမ်နိုင်ငံ ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာပြီး အပြည့်အဝပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ်ခိုင်မြဲလာမှာ ဖြစ်ကြောင်း ဗီယက်နမ်အစိုးရ ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc ရဲ့ ဖိတ်ကြားချက်အရ ပထမဆုံး တရားဝင်ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။

ဗီယက်နမ်နဲ့ မြန်မာတို့ဟာ ၁၉၇၅ ခုနှစ်မှာ သံတမန်ဆက်ဆံရေး စပြီးထူထောင်ခဲ့ တာဖြစ်ပြီး ၂၀၁၇ ခု သြဂုတ်လထဲမှာ နိုင်ငံတော်ခရီးစဉ်အဖြစ် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှုး Nguyen Phu Trong မြန်မာနိုင်ငံကို လာရောက်ချိန်အတွင်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ မိတ်ဆွေတွေအဖြစ် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မနှစ်က နိုဝင်ဘာလထဲ ဗီယက်နမ်မှာကျင်းပတဲ့ APEC အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးညီလာခံကို APEC အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် ဗီယက်နမ်သမ္မတ Tran Dai Quang ရဲ့ ဖိတ်ကြားချက်နဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သလို ၂၀၁၆ အောက်တိုဘာလတုန်းကလည်း အဲဒီအချိန်က သမ္မတတာဝန်ယူထားတဲ့ ဦးထင်ကျော် ဟာ ဗီယက်နမ်သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ နိုင်ငံတော်ခရီးစဉ်အဖြစ် ဗီယက်နမ်ကို သွားရောက်ခဲ့တာပါ။

နှစ်နိုင်ငံကြား ကုန်သွယ်ရေးကတော့ ၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၈၂၈ သန်းကျော် ရှိလာတာမို့ ၂၀၁၆ ခုနှစ်ကထက် ၅၂ % တိုးလာပြီး ဗီယက်နမ်ဟာ မြန်မာနိုင်ငံမှာ ဒေါ်လာ သန်း ၂,၀၀၀ တန် စီမံကိန်း ၇၀ နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ သတ္တမမြောက် အကြီးဆုံးနိုင်ငံ ဖြစ်လာပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG