သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Harvard လူသားချင်းစာနာမှုဆု ဒေါ်စုလက်ခံ


İtaliyanın paytaxtında evsiz
İtaliyanın paytaxtında evsiz

အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့ ညနေပိုင်းမှာ ဟားဗတ်တက္ကသိုလ် ဟားဗတ်ဖောင်ဒေးရှင်းက ချီးမြှင့်တဲ့ ၂၀၁၆ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာဆု - Harvard Humanitarian of the Year ဆုကို လက်ခံ ရယူခဲ့ပါတယ်။

ဒီဆုလက်ခံရယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က လူသားတွေ အတွက် လောကကြီးမှာ သာတူညီမျှရှိရေးဟာ သိပ်ကို အရေးပါကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

“ပစ္စည်းဥစ္စာ ပိုင်ဆိုင်တာနဲ့ ပတ်သက်ပြီး ပြောရရင်၊ ဘာ့ကြောင့် ပိုင်ဆိုင်ချင်ကြတာပါလဲ၊ လုံခြုံရေး အတွက်ကြောင့်လား၊ သူများထက် သာချင်လို့လား၊ ကျမတော့ သိပ်မသိပါဘူး။ အဲဒီအဖြေကို သိချင်ပါတယ်။ ချမ်းသာတဲ့သူတွေက ဘာ့ကြောင့်များပိုပြီး ချမ်းသာချင်ကြတာပါလဲ၊ သိပ်အရေးကြီးတဲ့ အဖြေ ရှာရပါတော့မယ်။ မတူကွဲပြားတဲ့ တိုင်းရင်းသားတွေ ကြားမှာ ဆက်ဆံရေး ပိုကောင်းလာအောင် ကျမတို့ တခုခုတော့ ရှာကြရပါတော့မယ်။ ဒီကိစ္စဟာ လူသား တွေ အချင်းချင်းကြားမှာ ဖြစ်တာမို့ လူသားတွေနဲ့ ပါတ်သက်ပြီး ကျမယုံကြည်ချက်ကတော့ တယောက်နဲ့ တယောက်ကြားမှာ အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ မချဉ်းကပ် မချင်း ရှေ့တိုးနိုင်မယ်လို့ မထင်ပါဘူး။

လူသားတွေရဲ့ အဖွဲ့အစည်းဟာ နောက်ကိုမဆုတ်ပါဘူး။ ရှေ့ကိုပဲ တိုးတက်မယ်ဆိုတာ ကျမ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဘယ်လို တိုးတက်အောင် လုပ်မယ် ဆိုတဲ့ အဖြေကို ရှာကြရမှာပါ။ ဒီကျောင်းတော်ကြီးမှာ ကမ္ဘာ့အရပ်ရပ်က ဘာသာ ယဉ်ကျေးမှု မျိုးစုံနဲ့ လူတွေ စုဝေးနေတာမို့ ဒီအဖြေကို ဒီနေရာမှာ ရှာလို့ ရနိုင်တာပါ။ ဒါ့ကြောင့် ဘယ်လိုရှာရမယ်ဆိုတဲ့ အဖြေကို ပြောကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားတာပါ။”

ဘော်စတွန်မြို့မှာရှိတဲ့ ကမ္ဘာ့ထိပ်တန်း ဟားဗတ် တက္ကသိုလ် ဖေါင်ဒေးရှင်း က ဒေါ်အောင်ဆန်းစုကြည်ကို Peter J. Gomes Humanitarian Award ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့ မနက်ပိုင်းက နယူးယောက်မြန်မာသံရုံးမှာ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ စက်တင်ဘာလ ၁၉ ရက် တနင်္လာနေ့ ကျရင်တော့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပမယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူများ ဆိုင်ရာ ကုလသမဂ္ဂ ဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

စက်တင်ဘာလ ၂၁ ရက် ဗုဒ္ဓဟူးနေ့ မှာပဲ ညနေ ၅နာရီခွဲမှာ နယူးရောက်က Asia Society Policy Institute မှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အနာဂါတ်အကြောင်း မိန့်ခွန်းပြောကြားမှာဖြစ်ပြီး အဲဒီမိန့်ခွန်းကို တိုက်ရိုက် ထုတ်လွှင့်ပေးမှာလည်း ဖြစ်ပါတယ်။

ဆုချီးမြင့်ပွဲအပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Harvard က ထူးချွန်ကျောင်းသား တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ညစာနဲ့ တည်ခင်း ဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

Harvard လူသားချင်းစာနာမှုဆု ဒေါ်စုလက်ခံ
please wait

No media source currently available

0:00 0:02:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG