သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sakharov လူ့အခွင့်အရေးဆု ၂၃ နှစ်အကြာ ဒေါ်စုလက်ခံ


ဆာခါရော့ခ်ဆုလက်ခံရယူရန် ပြင်သစ်နိုင်ငံသို့ မထွက်ခွာမီ EU နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်။ (၂၁၊ ၁၀၊ ၂၀၁၃)
ဆာခါရော့ခ်ဆုလက်ခံရယူရန် ပြင်သစ်နိုင်ငံသို့ မထွက်ခွာမီ EU နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်။ (၂၁၊ ၁၀၊ ၂၀၁၃)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ ခုနှစ်တုန်းက ချီးမြှင့်ခံခဲ့ရတဲ့ ဥရောပပါလီမန်ရဲ့ Sakharov ဆုကို ဥရောပပါလီမန် ရုံးစိုက်ရာ ပြင်သစ်နိုင်ငံ Strasbourg မှာ ဒီကနေ့မှာ ကိုယ်တိုင် လက်ခံရယူမှာဖြစ်ပါတယ်။

ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေး တရားဥပဒေ စိုးမိုးရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ တိုက်ပွဲဝင်ကြိုးပမ်းမှုတွေအပေါ်မှာ ဂုဏ်ပြုတဲ့ အနေနဲ့ ဥရောပ ပါလီမန်က သူ့ရဲ့ အထင်ကရ ဆုဖြစ်တဲ့ Sakharov ကို ၁၉၉၀ မှာ ချီးမြင့်ခဲ့တာဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေအတွက် ဆိုဗီယက်သိပ္ပံပညာရှင် အတိုက်အခံ လှုပ်ရှားသူ Andrei Sakharov ကို ဂုဏ်ပြုပြီး ၁၉၈၈ ခုနှစ်ကစလို့ လွတ်လပ်စွာတွေးခေါ်မှုဆိုင်ရာ ဆုအဖြစ် ဥရောပသမဂ္ဂက ဒီဆုကို နှစ်စဉ် ချီးမြှင့်ခဲ့တာပါ။

ဆုကြေးငွေကတော့ ဥရောပယူရိုငွေ ၅၀,၀၀၀ ဖြစ်ပြီး ပထမဆုံး ဆုရှင်ကတော့ တောင်အာဖရိက-က နယ်ဆင်မန်ဒဲလားနဲ့ ရုရှားက Anatoly Marchanko ကို ချီးမြှင့်ခဲ့ပါတယ်။ နောက်ဆုံး ၂၀၁၂ ခုနှစ် ဆုရရှိသူကတော့ အီရန်က အတိုက်အခံလှုပ်ရှားသူနှစ်ဦးဖြစ်တဲ့ Jafar Panahi နဲ့ Nasrin Sotoudeh တို့ဖြစ်ကြပါတယ်။

ဆုကိုတော့ နိုင်ငံတကာလူ့အခွင့်အရေးကြေညာစာတမ်း ပြဌာန်းခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့တိုင်းမှာ ကြေညာလေ့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလက နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ပြီးနောက် ဒီဆုကို အခု ကိုယ်တိုင်လက်ခံရယူမှာဖြစ်ပါတယ်။ တတိယမြောက် ဥရောပခရီးစဉ်ထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီ ဆုလက်ခံယူပြီးရင်တော့ ဗြိတိန်နိုင်ငံကို ခရီးဆက်မှာပါ။

ဗြိတိန်ခရီးစဉ်အတွင်းမှာတော့ မြောက်ပိုင်းအိုင်ယာလန်ကိုသွားပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေကို လေ့လာမှာဖြစ်သလို Sandhurst တော်ဝင်စစ်တက္ကသိုလ်ကိုလည်း သွားရောက်ပြီး အဲဒီက ဗိုလ်လောင်းတွေကို မိန့်ခွန်းပြောဖို့ရှိပါတယ်။
XS
SM
MD
LG