သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell ပါ ငါးဦးအမှု ပြန်လည်စစ်ဆေး 


ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရသည့် Sean Turnell (ဇန်နဝါရီ ၃၀၊ ၂၀၁၂) (ဓာတ်ပုံ - Sean Turnell Facebook)
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရသည့် Sean Turnell (ဇန်နဝါရီ ၃၀၊ ၂၀၁၂) (ဓာတ်ပုံ - Sean Turnell Facebook)

[[Zawgyi/Unicode]]

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ် အပါအဝင် NLD အစိုးရလက်ထက်က ဝန်ကြီး၃ ဦးတို့ရဲ့ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) နဲ့စွဲဆိုထားတဲ့အမှုကို တလနီးပါး စစ်ဆေးကြားနာမှု ရပ်နားထားခဲ့ပြီးတဲ့နောက် ဒီနေ့ ပြန်လည်စစ် ဆေးကြားနာခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ စစ်ကောင်စီဘက်ကတင်တဲ့ သက်သေနှစ်ဦးကို စစ်ဆေးခဲ့တယ်လို့သိရပါတယ်။ ဒုရဲမှုးအဆင့်ရှိတဲ့ ရဲအရာရှိတယောက်နဲ့ ရာအိမ်မှူးတယောက်တို့ကိုဒီကနေ့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စီးပွားရေးအကြံပေး Sean Turnell ရဲ့ Laptop ထဲမှာတွေ့ရတဲ့ စီမံ/ဘဏ္ဍာဝန်ကြီးဌာနနဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်းတွေကြောင့် သူနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရလက်ထက်က စီမံဘဏ္ဍာဝန်ကြီးနှစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်းနဲ့ ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင် စုစုပေါင်း ၅ ဦးကို စစ်ကောင်စီဘက်က နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁ (ဂ) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ကင်ဆာဝေဒနာကြောင့် အစာအိမ်အရေးပေါ်ခွဲစိတ်ကုသမှုခံယူူခဲ့ရတဲ့ NLD အစိုးရလက်ထက်က စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းရဲ့ကျန်းမာရေးအခြေအနေကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလည်လောက်ကတည်းက စစ်ဆေးကြားနာမှုတွေကို ခေတ္တရပ်နားခဲ့ရတာ ကနေ အခုမှ ပြန်ပြီး စစ်ဆေးတာပါ။ ဦးစိုးဝင်းအခြေအနေက တိုးတက်မှုမရှိသေးတဲ့အတွက် ဆေးရုံဆင်းခွင့်မရသေးတာမို့ ဒီကနေ့ရုံးချိန်းကို မတက်ရောက်နိုင်ကြောင်း တရားရုံးကိုတင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မှာ Sean Turnell တဦးတည်းကို စွဲဆိုထားတဲ့ လဝကအမှုကိုလည်း စစ်ဆေးခဲ့ပြီး တရားလိုပြသက်တဦးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေကို အမှုအကြောင်းမပြောဖို့ စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြီး ပိတ်ပင်ထားတာကြောင့် အမှုနှစ်ခုလုံး စစ်ဆေးချက်တွေနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေကိုတော့ မသိရပါဘူး။ ရုံးချိန်းကို လာမယ့် ကြာသပတေးနေ့ ဇန်နဝါရီ ၂၀ ရက်ကို ထပ်မံချိန်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]








===============

XS
SM
MD
LG