သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ Sean Turnell အပါ ၅ ဦးအမႈ ေရွ႕ေနေတြနဲ႔ ေဆြးေႏြးခြင့္မရေသး


တရားစြဲဆိုခံေနၾကရေသာ ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔စီးပြါးေရးအႀကံေပး Sean Tunell (AP)

Zawgyi/Unicode

ၾသစေၾတးလ်ႏုိင္ငံသား Sean Turnell နဲ႔ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ၅ ဦးေပၚ စြဲဆိုထားတဲ့ အမႈအတြက္ ေရွ႕ေနေတြနဲ႔ အမႈသည္ေတြ သီးျခားစီ ေတြ႔ဆံုေဆြးေႏြးခြင့္ရဖို႔ ဒီကေန႔ ေလွ်ာက္လဲခ်က္ေပးခဲ့ၾကၿပီး ဆံုးျဖတ္ခ်က္ေတာ့ ထြက္မလာေသးပါဘူး။ ဒီကေန႔ တရား႐ံုးအေျခအေန ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးကေျပာျပပါမယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ စီးပြားေရးအႀကံေပး ၾသစေၾတးလ်ႏိုင္ငံသား Sean Turnell နဲ႔ အစိုးရအဖြဲ႔ဝင္ေဟာင္းသုံးဦးတို႔ကို ေထာင္ဒဏ္ ၁၄ ႏွစ္ အထိ ခ်မွတ္ႏိုင္တဲ့ လွ်ိဳ႕ဝွက္အက္ဥပေဒ ခ်ိဳးေဖာက္မႈနဲ႔ စစ္ေကာင္စီက တရားစြဲဆိုထားၿပီး ဒီေန႔မွာ ဒုတိအႀကိမ္ ၾကားနာတာျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ စြပ္စြဲခံရသူေတြရဲ႕အခြင့္အေရးအရ အမႈသည္နဲ႔ ေရွ႕ေနေတြ အမႈကိစၥ သီးသန႔္ေဆြးေႏြးႏိုင္ေရးနဲ႔ပတ္သက္လို႔ ေရွ႕ေနေတြဘက္က တင္ျပခ်က္ကို တရား႐ုံးက လက္ခံၾကားနာခဲ့တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ဗြီအိုေအ ကိုေျပာပါတယ္။

"ေရွာင္တာနယ္အမႈက ေရွာင္တာနယ္ပါ ၅ ေပါ့ဗ်ာ။ လွ်ဳိ႕ဝွက္အက္အမႈေပါ့။ ေဒၚေအာင္ ဆန္းစုၾကည္လည္း လာပါတယ္။ က်န္တဲ့ ေလးေယာက္လည္း ႐ုံးေရွ႕လာပါတယ္။ ႐ုံးခ်ိန္းကို ႏွစ္ပတ္တခါလုပ္ဖို႔ ရန္ကုန္ေရွ႕ေနေတြဘက္က တင္ျပပါတယ္၊ ဒါေပမယ့္ အဲဒါကို ႐ုံးေတာ္က လက္မခံပါဘူး၊ တပတ္တခါပဲေပါ့။ အရင္႐ုံးခ်ိန္းက အမႈသည္နဲ႔ ေရွ႕ေနေတြ႔ခြင့္ကိစၥ၊ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္မွာတင္ထားတဲ့ကိစၥ၊ အဲဒီကိစၥကို ေလွ်ာက္ လဲခ်က္ေပးဖို႔ ဒီ႐ုံးခ်ိန္းမွာ လုပ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ေရွ႕ေနက ေရးသားေလွ်ာက္လဲခ်က္တင္ပါတယ္။ ေရွာင္တာနယ့္ေရွ႕ေနကႏႈတ္နဲ႔ ေလွ်ာက္လဲခ်က္တင္ပါတယ္။ ဦးစိုးဝင္းေရွ႕ေနကလည္း ႏႈတ္နဲ႔ေလွ်ာက္လဲခ်က္တင္ပါတယ္။ ႏႈတ္နဲ႔တင္တဲ့ ေရွ႕ေနေတြကို လာမယ့္အပတ္မွာ စာနဲ႔ေရးတင္ဖို႔ ေျပာၿပီး အဲဒါေလ့လာၿပီး အမိန႔္ခ်မယ္ ေျပာပါတယ္။ ရန္ကုန္ခ႐ိုင္တရား႐ုံးမွာတုန္းက မျပတ္ေသးတဲ့ လုပ္ငန္းေလးေတြဆက္တာေပါ့ ေလွ်ာက္လဲခ်က္တို႔ ဘာတို႔ ..."

ရန္ကုန္တိုင္းေဒသႀကီးမွာ စြဲဆိုထားတဲ့အမႈကို ေနျပည္ေတာ္မွာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၃ ရက္ေန႔က စၿပီး ေျပာင္းေ႐ႊ႕စစ္ေဆးတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့႐ုံးခ်ိန္းမွာ ေနျပည္ေတာ္ ဒကၡိဏသီရိ တရား႐ုံးမွာ စစ္ေဆးခဲ့ေပမယ့္ဒီေန႔႐ုံးခ်ိန္းကိုေတာ့ ေနျပည္ေတာ္ ဇဗၺဴသီရိခ႐ိုင္ထဲက ေဒၚေအာင္ဆန္းစုၾကည္အမႈေတြကို စစ္ေနတဲ့အထူးတရား႐ုံးမွာ ေျပာင္းစစ္ခဲ့တယ္လို႔ ဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။ ဒီလိုေျပာင္းခဲ့တာမို႔ ေဒၚေအာင္ ဆန္းစုၾကည္ကိုယ္တိုင္ တက္ေရာက္ခဲ့တာလို႔ သူ႔ေရွ႕ေနေတြကေျပာပါတယ္။

ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္မွာ စၿပီး႐ုံးတင္ခ်ိန္ကတည္းက မစၥတာေရွာင္တာနယ္ရဲ႕ ေရွ႕ေနကေကာ၊ ေဒၚေအာင္ဆန္းစုၾကည္တို႔ ေရွ႕ေနေတြကပါ အမႈသည္နဲ႔ေတြ႔ခြင့္ျပဳဖို႔ ေတာင္းဆိုထားခဲ့တာပါ။ ၿပီးခဲ့တဲ့ ေနျပည္ေတာ္ ႐ုံးခ်ိန္းမွာ မစၥတာေရွာင္တာနယ္ေရွ႕ေနက မစၥတာေရွာင္တာနယ္နဲ႔ သီးသန႔္ေတြ႔ခြင့္နဲ႔ စကားျပန္ ငွါးေပးဖို႔ ႐ုံးေတာ္မွာတင္ျပခဲ့ပါတယ္။

ဒီကေန႔ ႐ုံးခ်ိန္းမွာလည္း ေရွ႕ေနနဲ႔ အမႈသည္ေတြ သီးသန႔္ေတြ႔ခြင့္ မရခဲ့ဘူးလို႔ ေရွ႕ေနေတြကေျပာပါတယ္။

ဒီအမႈမွာ စြပ္စြဲခံရသူေတြမ်ားတာမို႔ စြပ္စြဲခံရသူေတြအတြက္ ေရွ႕ေနအျဖစ္ေဆာင္႐ြက္ဖို႔ ပါဝါတင္မယ့္ ေရွ႕ေနေတြလည္းလာတာမွာ တရားခြင္ထဲဝင္မယ့္ေရွ႕ေန ၁၀ ဦးေက်ာ္ရွိခဲ့ပါတယ္။ ဝင္ေရာက္ခြင့္ရေရးမွာ လုံၿခံဳေရးအေၾကာင္းျပခ်က္အရဆိုၿပီးလုံၿခဳံေရးေတြဘက္က ကန႔္သတ္တာကို ၾကံဳခဲ့ရတယ္လို႔ ေရွ႕ေနေတြကေျပာပါတယ္။ ဒါနဲ႔ပတ္သက္ လို႔ ေရွ႕ေနေတြက တရား႐ုံးကိုတင္ျပခဲ့ၿပီး ေနာက္႐ုံးခ်ိန္းေတြမွာ ကန႔္သတ္မႈ မျဖစ္ေအာင္လုပ္ေပးဖို႔ တရား႐ုံးက ၫႊန္ၾကားထားတယ္လို႔ ေျပာပါတယ္။

ဒီအမႈမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မစၥတာေရွာင္တာနယ္ အပါအဝင္ စီမံ/ဘ႑ာဝန္ႀကီး ေဟာင္းေတြျဖစ္တဲ့ ဦးစိုးဝင္းနဲ႔ ဦးေက်ာ္ဝင္း၊ ဒုဝန္ႀကီး ဦးဆက္ေအာင္တို႔ကိုပါ တရားစြဲဆိုထားတာျဖစ္ၿပီး Sean Turnell ကို ဦးတည္စြဲဆိုတဲ့ အမႈလည္းျဖစ္ပါတယ္။ လက္ရွိမွာ မစၥတာ Turnell ဟာ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒ ခ်ဳိးေဖာက္မႈအျပင္ လူဝင္ မႈႀကီးၾကပ္ေရးဥပေဒနဲ႔ပါ တရားစြဲဆိုခံထားရပါတယ္။

မစၥတာေရွာင္တာနယ္ကို ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၃ ရက္ေန႔ ေနျပည္ေတာ္မွာ ႐ုံးထုတ္ စစ္ေဆးခဲ့ခ်ိန္က ရန္ကုန္ ၾသစေၾတးလ်သံ႐ုံးက အရာရွိေတြနဲ႔ ေတြ႔ခြင့္မေပးခဲ့ဘူးလို႔ၾသစေၾတးလ် ႏိုင္ငံျခားေရးနဲ႔ ကုန္သြယ္ေရးဆိုင္ရာ DFAT ဌာနေျပာခြင့္ရက ABC သတင္းမွာေျပာထားတာရွိပါတယ္။ ဒီကေန႔ ဒုတိယအႀကိမ္ ႐ုံးထုတ္ စစ္ေဆးတာမွာလည္း ၾသစေၾတးလ်သံ႐ုံးက အရာရွိေတြနဲ႔ ေတြ႔ခြင့္မရခဲ့ဘူးလို႔ ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

"ၾသစေၾတးလ် သံ႐ုံးက လာတယ္ေျပာပါတယ္။ ဝင္ခြင့္မရပါဘူး။ ဂိတ္ကပဲ ဝင္ခြင့္မေပးပါဘူး။"

ဘာ့ေၾကာင့္ ေတြ႔ခြင့္မေပးတာလဲဆိုတာ စစ္ေကာင္စီဘက္က ထုတ္ျပန္တာမရွိသလို ၾသစေၾတးလ်သံ႐ံုးကေရာ ေရွာင္န္ တာနယ္လ္ရဲ႕ ေရွ႕ေနေတြကပါ မွတ္ခ်က္ေပးဖို႔ ျငင္းခဲ့ပါတယ္။

"ၾသစေၾတးလ် သံ႐ုံးက လာတယ္ေျပာပါတယ္။ ဝင္ခြင့္မရပါဘူး။ ဂိတ္ကပဲ ဝင္ခြင့္မေပးပါဘူး။"


Sean Turnell အေပၚစစ္ေကာင္စီက တရားစြဲထားတာနဲ႔ပတ္သက္လို႔ ၾသစေၾတးလ် အစိုးရကဘက္က မွ်တတဲ့ တရားစီရင္မႈ ရႏိုင္ေျခအေပၚ သံသယျဖစ္ရေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသလို ၾသစေၾတးလ်အစိုးရ အေနနဲ႔ ပါေမာကၡ Turnell ရဲ႕ အမႈနဲ႔ပတ္သက္ၿပီး တရား႐ုံးခ်ိန္းတိုင္းကို တက္ေရာက္ခြင့္ ရဖို႔ေရာ၊ အခ်ိန္မီ အႀကံေပးခြင့္ရဖို႔ပါ ေတာင္းဆိုထားပါတယ္။

အသက္ ၅၇ ႏွစ္အ႐ြယ္ ပါေမာကၡ Turnell ဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြါးေရးအႀကံေပးအျဖစ္ လုပ္ေဆာင္ခဲ့ၿပီး ေဖေဖၚဝါရီလ ၁ ရက္ စစ္တပ္အာဏာသိမ္းၿပီး ၅ ရက္ အၾကာမွာ ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။

အစိုးရ လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒနဲ႔ေရွာင္န္ တာနယ္လ္ကို အဓိကထားၿပီး တရားစြဲဆိုတာမွာ ဘယ္လို ဆက္စပ္မႈနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကိုပါထည့္ၿပီး တရားစြဲထားတာလဲ ဆိုတာနဲ႔ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေရွ႕ေနေတြဘက္က တိတိက်က် မသိရေသးဘူးလို႔ ေရွ႕ေနေတြက ေျပာပါတယ္။ ဒီအမႈကို လာမယ့္ ေအာက္တိုဘာ ၇ ရက္ေန႔မွာ ဆက္လက္ၾကားနာမွာပါ။

ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိလိုက္စားမႈဆိုင္ရာ အမႈ ၅ မႈနဲ႔ တရားစြဲဆိုထားတာမွာအမႈ ၄ မႈကို ေနျပည္ေတာ္ အထူးတရား႐ုံးမွာ မနက္ျဖန္ စတင္ ၾကားနာမွာျဖစ္ပါတယ္။ ဒီ ၄ မႈ ကို တပတ္ျခားတခါ ေသာၾကာေန႔တိုင္း စစ္သြားမွာျဖစ္ပါတယ္။ ရန္ကုန္မွာ ထပ္မံစြဲဆိုထားတဲ့ အဂတိမႈကိုလည္း ေနျပည္ေတာ္မွာ ေျပာင္းစစ္ဖို႔ ရွိေနပါတယ္။ ဘယ္ေတာ့ေျပာင္းမယ္ဆိုတာကိုေတာ့ အတိအက် မသိရေသးပါဘူး။

အသက္ ၇၆ ႏွစ္အ႐ြယ္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက အျမင့္ဆုံးေထာင္ဒဏ္ စုစုေပါင္း ႏွစ္ ၉၀ နီးပါး ခ်မွတ္ခံရႏိုင္မယ့္ ဥပေဒေတြနဲ႔ တရားစြဲဆိုထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

/Unicode

ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell အပါ ၅ ဦးအမှု ရှေ့နေတွေနဲ့ ဆွေးနွေးခွင့်မရသေး

သြစတြေးလျနိုင်ငံသား Sean Turnell နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၅ ဦးပေါ် စွဲဆိုထားတဲ့ အမှုအတွက် ရှေ့နေတွေနဲ့ အမှုသည်တွေ သီးခြားစီ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ ဒီကနေ့ လျှောက်လဲချက်ပေးခဲ့ကြပြီး ဆုံးဖြတ်ချက်တော့ ထွက်မလာသေးပါဘူး။ ဒီကနေ့ တရားရုံးအခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးကပြောပြပါမယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell နဲ့ အစိုးရအဖွဲ့ဝင်ဟောင်းသုံးဦးတို့ကို ထောင်ဒဏ် ၁၄ နှစ် အထိ ချမှတ်နိုင်တဲ့ လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ စစ်ကောင်စီက တရားစွဲဆိုထားပြီး ဒီနေ့မှာ ဒုတိအကြိမ် ကြားနာတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စွပ်စွဲခံရသူတွေရဲ့အခွင့်အရေးအရ အမှုသည်နဲ့ ရှေ့နေတွေ အမှုကိစ္စ သီးသန့်ဆွေးနွေးနိုင်ရေးနဲ့ပတ်သက်လို့ ရှေ့နေတွေဘက်က တင်ပြချက်ကို တရားရုံးက လက်ခံကြားနာခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဗွီအိုအေ ကိုပြောပါတယ်။

"ရှောင်တာနယ်အမှုက ရှောင်တာနယ်ပါ ၅ ပေါ့ဗျာ။ လျှို့ဝှက်အက်အမှုပေါ့။ ဒေါ်အောင် ဆန်းစုကြည်လည်း လာပါတယ်။ ကျန်တဲ့ လေးယောက်လည်း ရုံးရှေ့လာပါတယ်။ ရုံးချိန်းကို နှစ်ပတ်တခါလုပ်ဖို့ ရန်ကုန်ရှေ့နေတွေဘက်က တင်ပြပါတယ်၊ ဒါပေမယ့် အဲဒါကို ရုံးတော်က လက်မခံပါဘူး၊ တပတ်တခါပဲပေါ့။ အရင်ရုံးချိန်းက အမှုသည်နဲ့ ရှေ့နေတွေ့ခွင့်ကိစ္စ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်မှာတင်ထားတဲ့ကိစ္စ၊ အဲဒီကိစ္စကို လျှောက် လဲချက်ပေးဖို့ ဒီရုံးချိန်းမှာ လုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေက ရေးသားလျှောက်လဲချက်တင်ပါတယ်။ ရှောင်တာနယ့်ရှေ့နေကနှုတ်နဲ့ လျှောက်လဲချက်တင်ပါတယ်။ ဦးစိုးဝင်းရှေ့နေကလည်း နှုတ်နဲ့လျှောက်လဲချက်တင်ပါတယ်။ နှုတ်နဲ့တင်တဲ့ ရှေ့နေတွေကို လာမယ့်အပတ်မှာ စာနဲ့ရေးတင်ဖို့ ပြောပြီး အဲဒါလေ့လာပြီး အမိန့်ချမယ် ပြောပါတယ်။ ရန်ကုန်ခရိုင်တရားရုံးမှာတုန်းက မပြတ်သေးတဲ့ လုပ်ငန်းလေးတွေဆက်တာပေါ့ လျှောက်လဲချက်တို့ ဘာတို့ ..."

ရန်ကုန်တိုင်းဒေသကြီးမှာ စွဲဆိုထားတဲ့အမှုကို နေပြည်တော်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က စပြီး ပြောင်းရွှေ့စစ်ဆေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရုံးချိန်းမှာ နေပြည်တော် ဒက္ခိဏသီရိ တရားရုံးမှာ စစ်ဆေးခဲ့ပေမယ့်ဒီနေ့ရုံးချိန်းကိုတော့ နေပြည်တော် ဇဗ္ဗူသီရိခရိုင်ထဲက ဒေါ်အောင်ဆန်းစုကြည်အမှုတွေကို စစ်နေတဲ့အထူးတရားရုံးမှာ ပြောင်းစစ်ခဲ့တယ်လို့ ဦးခင်မောင်ဇော်ကပြောပါတယ်။ ဒီလိုပြောင်းခဲ့တာမို့ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့တာလို့ သူ့ရှေ့နေတွေကပြောပါတယ်။

ရန်ကုန် အရှေ့ပိုင်းခရိုင်မှာ စပြီးရုံးတင်ချိန်ကတည်းက မစ္စတာရှောင်တာနယ်ရဲ့ ရှေ့နေကကော၊ ဒေါ်အောင်ဆန်းစုကြည်တို့ ရှေ့နေတွေကပါ အမှုသည်နဲ့တွေ့ခွင့်ပြုဖို့ တောင်းဆိုထားခဲ့တာပါ။ ပြီးခဲ့တဲ့ နေပြည်တော် ရုံးချိန်းမှာ မစ္စတာရှောင်တာနယ်ရှေ့နေက မစ္စတာရှောင်တာနယ်နဲ့ သီးသန့်တွေ့ခွင့်နဲ့ စကားပြန် ငှါးပေးဖို့ ရုံးတော်မှာတင်ပြခဲ့ပါတယ်။

ဒီကနေ့ ရုံးချိန်းမှာလည်း ရှေ့နေနဲ့ အမှုသည်တွေ သီးသန့်တွေ့ခွင့် မရခဲ့ဘူးလို့ ရှေ့နေတွေကပြောပါတယ်။

ဒီအမှုမှာ စွပ်စွဲခံရသူတွေများတာမို့ စွပ်စွဲခံရသူတွေအတွက် ရှေ့နေအဖြစ်ဆောင်ရွက်ဖို့ ပါဝါတင်မယ့် ရှေ့နေတွေလည်းလာတာမှာ တရားခွင်ထဲဝင်မယ့်ရှေ့နေ ၁၀ ဦးကျော်ရှိခဲ့ပါတယ်။ ဝင်ရောက်ခွင့်ရရေးမှာ လုံခြုံရေးအကြောင်းပြချက်အရဆိုပြီးလုံခြုံရေးတွေဘက်က ကန့်သတ်တာကို ကြုံခဲ့ရတယ်လို့ ရှေ့နေတွေကပြောပါတယ်။ ဒါနဲ့ပတ်သက် လို့ ရှေ့နေတွေက တရားရုံးကိုတင်ပြခဲ့ပြီး နောက်ရုံးချိန်းတွေမှာ ကန့်သတ်မှု မဖြစ်အောင်လုပ်ပေးဖို့ တရားရုံးက ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာရှောင်တာနယ် အပါအဝင် စီမံ/ဘဏ္ဍာဝန်ကြီး ဟောင်းတွေဖြစ်တဲ့ ဦးစိုးဝင်းနဲ့ ဦးကျော်ဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်တို့ကိုပါ တရားစွဲဆိုထားတာဖြစ်ပြီး Sean Turnell ကို ဦးတည်စွဲဆိုတဲ့ အမှုလည်းဖြစ်ပါတယ်။ လက်ရှိမှာ မစ္စတာ Turnell ဟာ လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုအပြင် လူဝင် မှုကြီးကြပ်ရေးဥပဒေနဲ့ပါ တရားစွဲဆိုခံထားရပါတယ်။

"သြစတြေးလျ သံရုံးက လာတယ်ပြောပါတယ်။ ဝင်ခွင့်မရပါဘူး။ ဂိတ်ကပဲ ဝင်ခွင့်မပေးပါဘူး။"


မစ္စတာရှောင်တာနယ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ နေပြည်တော်မှာ ရုံးထုတ် စစ်ဆေးခဲ့ချိန်က ရန်ကုန် သြစတြေးလျသံရုံးက အရာရှိတွေနဲ့ တွေ့ခွင့်မပေးခဲ့ဘူးလို့သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ DFAT ဌာနပြောခွင့်ရက ABC သတင်းမှာပြောထားတာရှိပါတယ်။ ဒီကနေ့ ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးတာမှာလည်း သြစတြေးလျသံရုံးက အရာရှိတွေနဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

"သြစတြေးလျ သံရုံးက လာတယ်ပြောပါတယ်။ ဝင်ခွင့်မရပါဘူး။ ဂိတ်ကပဲ ဝင်ခွင့်မပေးပါဘူး။"

ဘာ့ကြောင့် တွေ့ခွင့်မပေးတာလဲဆိုတာ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသလို သြစတြေးလျသံရုံးကရော ရှောင်န် တာနယ်လ်ရဲ့ ရှေ့နေတွေကပါ မှတ်ချက်ပေးဖို့ ငြင်းခဲ့ပါတယ်။

Sean Turnell အပေါ်စစ်ကောင်စီက တရားစွဲထားတာနဲ့ပတ်သက်လို့ သြစတြေးလျ အစိုးရကဘက်က မျှတတဲ့ တရားစီရင်မှု ရနိုင်ခြေအပေါ် သံသယဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုထားသလို သြစတြေးလျအစိုးရ အနေနဲ့ ပါမောက္ခ Turnell ရဲ့ အမှုနဲ့ပတ်သက်ပြီး တရားရုံးချိန်းတိုင်းကို တက်ရောက်ခွင့် ရဖို့ရော၊ အချိန်မီ အကြံပေးခွင့်ရဖို့ပါ တောင်းဆိုထားပါတယ်။

အသက် ၅၇ နှစ်အရွယ် ပါမောက္ခ Turnell ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေးအဖြစ် လုပ်ဆောင်ခဲ့ပြီး ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီး ၅ ရက် အကြာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ရှောင်န် တာနယ်လ်ကို အဓိကထားပြီး တရားစွဲဆိုတာမှာ ဘယ်လို ဆက်စပ်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပါထည့်ပြီး တရားစွဲထားတာလဲ ဆိုတာနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က တိတိကျကျ မသိရသေးဘူးလို့ ရှေ့နေတွေက ပြောပါတယ်။ ဒီအမှုကို လာမယ့် အောက်တိုဘာ ၇ ရက်နေ့မှာ ဆက်လက်ကြားနာမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုဆိုင်ရာ အမှု ၅ မှုနဲ့ တရားစွဲဆိုထားတာမှာအမှု ၄ မှုကို နေပြည်တော် အထူးတရားရုံးမှာ မနက်ဖြန် စတင် ကြားနာမှာဖြစ်ပါတယ်။ ဒီ ၄ မှု ကို တပတ်ခြားတခါ သောကြာနေ့တိုင်း စစ်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မှာ ထပ်မံစွဲဆိုထားတဲ့ အဂတိမှုကိုလည်း နေပြည်တော်မှာ ပြောင်းစစ်ဖို့ ရှိနေပါတယ်။ ဘယ်တော့ပြောင်းမယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမြင့်ဆုံးထောင်ဒဏ် စုစုပေါင်း နှစ် ၉၀ နီးပါး ချမှတ်ခံရနိုင်မယ့် ဥပဒေတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #DawAungSanSuuKyi #SeanTurnell #voaburmese #စစ်အာဏာသိမ်းမှု #ဒေါ်အောင်ဆန်းစုကြည် #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG