သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု စင်္ကာပူသွားမည်


စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲသတင်းစာရှင်းပွဲမှာ တွေ့ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့သီတင်းပါတ်ထဲမှာ စင်္ကာပူနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ရဲ့ ဖိတ်ကြားချက်အရ သွားရောက်မယ့် ဒီ ခရီးစဉ် စတင်မယ့် ရက်အတိအကျ မသိရသေးပေမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ သွားဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီလတရက် အစိုးရသစ်တက်လာခဲ့ပြီးတဲ့ နောက်ပိုင်း အာရှခေါင်းဆောင် တဦးဖြစ်တဲ့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ဇွန်လ ထဲမှာ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်ခဲ့တဲ့ နောက်ပိုင်း စင်္ကာပူ မြန်မာ ၂ နိုင်ငံကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လာခဲ့တာပါ။

ဒီခရီးစဉ်မှာပဲ ၂ နိုင်ငံကြား ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို လက်မှတ် ရေးထိုးခဲ့တာဖြစ်ပြီး သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေ အတွက် ဗီဇာကင်းလွတ် ရက်ပေါင်း ၃၀ နေထိုင်ခွင့်ပြုမယ့် ဒီအစီအစဉ်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဖြစ်ကြတဲ့ မြန်မာနဲ့ စင်ကာပူ နိုင်ငံတို့ဟာ ဒေသတွင်းမှာ အပြန်အလှန် စီးပွားကုန်သွယ်မှုတွေနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေတဲ့ နိုင် ငံတွေ ဖြစ်ပါတယ်။

စကာင်္ပူနိုင်ငံမှာ မြန်မာနိုင်ငံသား သိန်းနဲ့ချီ နေထိုင် အလုပ်လုပ်ကိုင်နေတာ ဖြစ် သလို မြန်မာနိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေမှာလည်း အရေး ပါတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ၂၀၁၆ အောက်တိုဘာလအထိ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံခွဲကျော် ရင်းနှီးမြှုပ်နှံမှု ရှိနေတာမို့စင်ကာပူနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် မြန် မာနိုင်ငံရဲ့ ဒုတိယမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

စင်္ကပူနဲ့ မြန်မာ နိုင်ငံကြား သံတမန် ဆက်ဆံရေးကတော့ ၁၉၆၆ ခုနှစ်မှာ စတင်ခဲ့ တာမို့ အခုဆိုရင် နှစ်ပေါင်း ၅၀ ပြည့်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒေါ်စု စင်္ကာပူသွားမည်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG