သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အမှုနှစ်မှု အမိန့်ချရက်ထပ်မံရွှေ့ဆိုင်း


ဒေါ်အောင်ဆန်းစုကြည် (စက်တင်ဘာ ၁၃၊ ၂၀၁၈)
ဒေါ်အောင်ဆန်းစုကြည် (စက်တင်ဘာ ၁၃၊ ၂၀၁၈)

[[Zawgyi/Unicode]]

NLD အစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ်တရားစွဲထားတဲ့အမှုတွေထဲက ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေတွေ ချိုးဖောက်တယ်ဆိုတဲ့ အမှု ၂ ခု အတွက် အမိန့်ချမယ့်ရက်ကို ရှေ့နှစ် ဇန်နဝါရီ ၁၀ ရက်ကို ထပ်မံ ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီအမှု ၂ ခုလုံးအတွက် ဒီနေ့ ဒီဇင်ဘာ ၂၇ ရက်မှာ အမိန့်ချမယ်လို့ ရွှေ့ဆိုင်းထားတာကို နောက်ထပ်သီတင်း ၁ ပတ် ထပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ ဘာကြောင့် အမိန့်ချမယ့်ရက်ကို ရွှေ့ဆိုင်းသလဲဆိုတာတော့ တိတိကျကျ မသိရပါဘူး။

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ မြနန်းဘုံသာလမ်းနေအိမ်ကိုဝင်ရောက်ရှာဖွေရာမှာ စကားပြောစက် ၁၀ လုံး နဲ့ကြိုးမဲ့ဆက်သွယ်ရေးကို ကြားဖြတ်ပိတ်နိုင်တဲ့ Jammer တစုံတွေ့လို့ဆိုပြီး ပို့ကုန်သွင်းကုန်ဥပဒေနဲ့ စတင်စွဲဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီစကားပြောစက်တွေ လက်ဝယ်ပိုင်ဆိုင်တာဟာ ဆက်သွယ်ရေးဥပဒေချိုး ဖောက်တာဖြစ်တယ်ဆိုပြီး မတ်လမှာ ဆက်သွယ်ရေးပုဒ်မတပ်ပြီး ထပ်တရားစွဲခဲ့ပါတယ်။ ပို့ကုန်သွင်းကုန်ဥပဒေအရ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်တယ်ဆိုရင် ထောင် ၃ နှစ် ဒါမှမဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်ပြီး ဆက်သွယ်ရေးဥပဒေအရဆိုရင် ထောင် ၁ နှစ် ဒါမှမဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်ပါတယ်။

ဒီနေ့ နေပြည်တော်အထူးတရားရုံးမှာပြုလုပ်တဲ့ကြားနာပွဲမှာဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ နောက်ထပ်အမှုတခုဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေချိုးဖောက်တယ်ဆိုတဲ့ အမှုအတွက် NLD အစိုးရလက်ထက်က မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက် တာဇော်မြင့်မောင်က ဒေါ်အောင်ဆန်းစုကြည်ဘက်က ဗွီဒီယို ကွန်ဖရန့်ဇင်းနဲ့ သက်သေထွက်ဆိုခဲ့တယ်လို့ စုံစမ်းသိရပါ တယ်။

အဲဒီအမှုနဲ့ပတ်သတ်လို့ ၂ ဘက်ရှေ့နေတွေ အပြီးသတ်လျှောက်လဲဖို့ရက်ကို ဇန်နဝါရီ ၃ ရက်နေ့ကို ရုံးချိန်းပြန်ပေးခဲ့တာကြောင့် အမှုအတွက် အပြီးသတ်အမိန့် မကြာခင် ချမှတ်မယ်လို့ ခန့်မှန်းရပါတယ်။ ပို့ကုန်သွင်းကုန်အမှု၊ ဆက်သွယ်ရေးအမှုတို့နဲ့အတူ အမိန့်ချကောင်း ချနိုင်ပါတယ်။

စစ်ကောင်စီက အမှုပေါင်း ၁ ဒါဇင်ထက်မနည်းနဲ့ တရားစွဲခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်တယ်ဆိုတဲ့ အမှုအတွက် ထောင် ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေချိုးဖောက်မှုအတွက် ထောင်ဒဏ် ၂ နှစ် ချ ချခံခဲ့ရပါတယ်။ အဲဒီနောက် စစ်ကောင်စီ အကြီးအကဲက ပြစ်ဒဏ် ၂ နှစ် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပါတယ်။

ဒီနေ့ နေပြည်တော်အထူးတရားရုံးမှာ ရုံးထုတ်ချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ဝတ်စုံနဲ့ ရုံးထုတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ သူ့ကို ဘယ်မှာ ဖမ်းဆီးထားသလဲဆိုတာကိုတော့ မသိရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေအနေနဲ့ သတင်းမီဒီယာကိုမဖြေကြားဖို့စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန် တားမြစ်ထားတာကြောင့် မီဒီယာတွေအနေနဲ့ အမှုအခြေအနေအသေးစိတ်ကို သိဖို့ခက်ခဲနေပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]








#MyanmarMilitaryCoup #AungSanSuuKyi #VOABurmese


==================

XS
SM
MD
LG