သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ ေနမေကာင္းလို႔ တရား႐ံုးခ်ိန္းမတက္ႏုိင္ 


ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ပထမဆံုး လႊတ္ေတာ္တက္ေရာက္လာစဥ္။ (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

စစ္ေကာင္စီ တရားစဲြထားတဲ့အမႈေတြရင္ဆိုင္ေနရတဲ့ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာေရး မေကာင္းတဲ့အတြက္ ၾကာသပေတးေန႔က တရား႐ံုး ၾကားနာပဲြကို မလာႏိုင္ပါဘူး။ ဒါေၾကာင့္ ေနျပည္ေတာ္အထူးတရား႐ံုးမွာ ၾကားနာစစ္ေဆးေနတဲ့ ႏိုင္ငံေတာ္လွ်ဳိ႕ဝွက္ခ်က္ေပါက္ၾကားမႈ စြဲခ်က္အတြက္ ႐ံုးခ်ိန္းကို ေ႐ႊ႕လိုက္ရပါတယ္။

က်န္းမာေရးအရ နားဖို႔လိုအပ္တယ္လို႔ ဆရာဝန္က မွတ္ခ်က္ျပဳထားတယ္လို႔ သိရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာေရးနဲ႔ပတ္သက္လို႔ ေနာက္ဆုံးသိရတဲ့အေျခအေန ရန္ကုန္ကလာတဲ့သတင္းကို မအိသန္႔စင္က တင္ျပေပးထားပါတယ္။

NLD အစိုးရရဲ႕ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သူ႔ရဲ႕စီးပြားေရးအႀကံေပး Sean Turnell နဲ႔ NLD ဝန္ႀကီး ၃ ဦးတို႔အေပၚ တရားစြဲထားတဲ့ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္အက္ဥပေဒ ခ်ိဳးေဖာက္တယ္ဆိုတဲ့အမႈကို ေဖေဖာ္ဝါရီ ၃ ရက္ ၾကာသပေတး ေန႔မွာ မစစ္ေဆးႏိုင္ခဲ့ပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာေရးမေကာင္းတဲ့အတြက္ ၾကားနာပြဲ ေ႐ႊ႕ဆိုင္းခဲ့ရတာပါ။ သူ႔က်န္းမာေရးအေျခအေနကို တရား႐ုံးနဲ႔နီးစပ္တဲ့ ေရွ႕ေနတဦးက ခုလိုေျပာျပပါတယ္။

“ဒီေန႔ ႐ုံးခ်ိန္းမလာႏိုင္ဘူးေလ။ မနက္စာစားၿပီး မူးၿပီး ေအာ့အန္ခ်င္သလိုျဖစ္တာတဲ့၊ အန္ခ်င္သလိုျဖစ္ေတာ့ ဆရာဝန္ ေဆးစာအရ အနားယူရမယ္ဆိုၿပီးေတာ့ ႐ုံးခ်ိန္းမလာႏိုင္ဘူးေပါ့၊ အဲဒါကို တရား႐ုံးမွာ လာဖတ္ျပတယ္ေလ။ အဲဒါပဲသိတာပါ။ က်န္တာေတာ့မသိရဘူး။ ႐ုံးခ်ိန္းကပ်က္သြားတယ္။ စစ္လို႔မရဘူးေပါ့၊ လူကိုယ္တိုင္မရွိေတာ့ေလ။ ကာယကံရွင္ေရွ႕မွာပဲ စစ္ရတယ္ေလ။ အဲေတာ့႐ုံးခ်ိန္းမစစ္ျဖစ္ဘူး။ သက္ေသေတာ့လာပါတယ္။”

ဒီတပတ္႐ံုးခ်ိန္းမွာ မူခင္းတပ္ဖြဲ႔ နည္းပညာဌာနက တရားလုိသက္ေသကို ႏွစ္ဘက္ေရွ႕ေနေတြက အျပန္အလွန္ ေမးခြန္းေမးၾကဖုိ႔ ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ ႏိုင္ငံေတာ္လွ်ဳိ႕ဝွက္ခ်က္ေပါက္ၾကားမႈနဲ႔ အမႈတတြဲတည္း NLD အစိုးရလက္ထက္ စီမံဘ႑ာဝန္ႀကီးေတြျဖစ္ၾကတဲ့ ဦးစိုးဝင္းနဲ႔ ဦးေက်ာ္ဝင္းလည္း က်န္းမာေရးအေျခအေနေၾကာင့္ ၾကာသပေတးေန႔က ႐ံုးခ်ိန္းေတြကို မလာႏိုင္ၾကပါဘူး။ အူမႀကီးကင္ဆာျဖစ္ေနလုိ႔ အေရးေပၚ ခဲြစိတ္ကုသမႈခံယူထားရတာေၾကာင့္ ဦးစိုးဝင္းကို အာမခံေပးထားေပမဲ့ ဆက္ၿပီး အမႈရင္ဆုိင္ေနရပါတယ္။ ဦးေက်ာ္ဝင္းဟာလည္း ေနျပည္ေတာ္ ကုတင္ ၁,၀၀၀ ေဆး႐ံုမွာ တက္ေနရတယ္လို႔ တရား႐ုံးနဲ႔နီးစပ္တဲ့ ေရွ႕ေနတဦးက ခုလိုေျပာျပပါတယ္။

“ဦးေက်ာ္ဝင္းလည္း က်န္းမာေရးေၾကာင့္ပဲ။ သူက အူက်တာေလ။ ခြဲၿပီးလား မၿပီးလားေတာ့မသိဘူး။ အဲဒီကုတင္ ၁,၀၀၀ မွာပဲ။”

အမႈတဲြမွာပါတဲ့ ၾသစေၾတးလ်ႏုိင္ငံသား စီးပြားေရးပညာ႐ွင္ Sean Turnell နဲ႔ ဒုဝန္ႀကီးေဟာင္း ဦးဆက္ေအာင္တို႔ရဲ႕ က်န္းမာေရးကေတာ့ ေကာင္းမြန္တယ္လို႔ သိရပါတယ္။ စီးပြါးေရးအႀကံေပး Sean Turnell ရဲ႕ Laptop ထဲမွာ စီမံဘ႑ာ ဝန္ႀကီးဌာနနဲ႔ဆက္စပ္တဲ့ စာ႐ြက္စာတမ္း ေတြ႔တယ္လို႔ဆိုၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ NLD အစိုးရလက္ထက္က စီမံဘ႑ာဝန္ႀကီးႏွစ္ဦးျဖစ္တဲ့ ဦးေက်ာ္ဝင္းနဲ႔ ဦးစိုးဝင္း၊ ဒုဝန္ႀကီး ဦးဆက္ေအာင္တို႔ကို ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္ ဥပေဒပုဒ္မ ၃-၁ (ဂ) နဲ႔ အမႈတြဲ တရားစြဲဆိုထားတာ ျဖစ္ပါတယ္။
ေနျပည္ေတာ္အထူးတရား႐ုံး ဒီေန႔ၾကားနာပြဲမွာ Sean Turnell တဦးတည္းအေပၚ လူဝင္မႈႀကီး ၾကပ္ေရးဆိုင္ရာဥပေဒနဲ႔ တရားစြဲထားတဲ့အမႈကိုလည္း စစ္ေဆးဖို႔ရွိေပမယ့္ အဲဒီအမႈကိုလည္း ဒီကေန႔ မစစ္ေဆးႏိုင္ခဲ့ဘဲ လာမယ့္ ၾကာသပေတးေန႔ ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔မွသာ အမႈႏွစ္ခုစလုံးကို စစ္ေဆးၾကားနာမယ္လို႔သိရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ လက္ရွိမွာ အမႈ ၅ မႈအတြက္ ေထာင္ဒဏ္ စုစုေပါင္း ၆ ႏွစ္ ခ်မွတ္ခံထားရပါတယ္။ အဂတိအမႈ ၁၀ မႈအျပင္ ေ႐ြးေကာက္ပြဲမွာ မေလ်ာ္ဩဇာ သုံးခဲ့တယ္လုိ႔ဆိုတဲ့ အမႈေတြအတြက္လည္း တရားရင္ဆိုင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ဒေါ်အောင်ဆန်းစုကြည် နေမကောင်းလို့ တရားရုံးချိန်းမတက်နိုင်

စစ်ကောင်စီ တရားစွဲထားတဲ့အမှုတွေရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းတဲ့အတွက် ကြာသပတေးနေ့က တရားရုံး ကြားနာပွဲကို မလာနိုင်ပါဘူး။ ဒါကြောင့် နေပြည်တော်အထူးတရားရုံးမှာ ကြားနာစစ်ဆေးနေတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု စွဲချက်အတွက် ရုံးချိန်းကို ရွှေ့လိုက်ရပါတယ်။

ကျန်းမာရေးအရ နားဖို့လိုအပ်တယ်လို့ ဆရာဝန်က မှတ်ချက်ပြုထားတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်လို့ နောက်ဆုံးသိရတဲ့အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

NLD အစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့စီးပွားရေးအကြံပေး Sean Turnell နဲ့ NLD ဝန်ကြီး ၃ ဦးတို့အပေါ် တရားစွဲထားတဲ့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့အမှုကို ဖေဖော်ဝါရီ ၃ ရက် ကြာသပတေး နေ့မှာ မစစ်ဆေးနိုင်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းတဲ့အတွက် ကြားနာပွဲ ရွှေ့ဆိုင်းခဲ့ရတာပါ။ သူ့ကျန်းမာရေးအခြေအနေကို တရားရုံးနဲ့နီးစပ်တဲ့ ရှေ့နေတဦးက ခုလိုပြောပြပါတယ်။

“ဒီနေ့ ရုံးချိန်းမလာနိုင်ဘူးလေ။ မနက်စာစားပြီး မူးပြီး အော့အန်ချင်သလိုဖြစ်တာတဲ့၊ အန်ချင်သလိုဖြစ်တော့ ဆရာဝန် ဆေးစာအရ အနားယူရမယ်ဆိုပြီးတော့ ရုံးချိန်းမလာနိုင်ဘူးပေါ့၊ အဲဒါကို တရားရုံးမှာ လာဖတ်ပြတယ်လေ။ အဲဒါပဲသိတာပါ။ ကျန်တာတော့မသိရဘူး။ ရုံးချိန်းကပျက်သွားတယ်။ စစ်လို့မရဘူးပေါ့၊ လူကိုယ်တိုင်မရှိတော့လေ။ ကာယကံရှင်ရှေ့မှာပဲ စစ်ရတယ်လေ။ အဲတော့ရုံးချိန်းမစစ်ဖြစ်ဘူး။ သက်သေတော့လာပါတယ်။”

ဒီတပတ်ရုံးချိန်းမှာ မူခင်းတပ်ဖွဲ့ နည်းပညာဌာနက တရားလိုသက်သေကို နှစ်ဘက်ရှေ့နေတွေက အပြန်အလှန် မေးခွန်းမေးကြဖို့ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ အမှုတတွဲတည်း NLD အစိုးရလက်ထက် စီမံဘဏ္ဍာဝန်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးဝင်းနဲ့ ဦးကျော်ဝင်းလည်း ကျန်းမာရေးအခြေအနေကြောင့် ကြာသပတေးနေ့က ရုံးချိန်းတွေကို မလာနိုင်ကြပါဘူး။ အူမကြီးကင်ဆာဖြစ်နေလို့ အရေးပေါ် ခွဲစိတ်ကုသမှုခံယူထားရတာကြောင့် ဦးစိုးဝင်းကို အာမခံပေးထားပေမဲ့ ဆက်ပြီး အမှုရင်ဆိုင်နေရပါတယ်။ ဦးကျော်ဝင်းဟာလည်း နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံမှာ တက်နေရတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ ရှေ့နေတဦးက ခုလိုပြောပြပါတယ်။

“ဦးကျော်ဝင်းလည်း ကျန်းမာရေးကြောင့်ပဲ။ သူက အူကျတာလေ။ ခွဲပြီးလား မပြီးလားတော့မသိဘူး။ အဲဒီကုတင် ၁,၀၀၀ မှာပဲ။”

အမှုတွဲမှာပါတဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် Sean Turnell နဲ့ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်တို့ရဲ့ ကျန်းမာရေးကတော့ ကောင်းမွန်တယ်လို့ သိရပါတယ်။ စီးပွါးရေးအကြံပေး Sean Turnell ရဲ့ Laptop ထဲမှာ စီမံဘဏ္ဍာ ဝန်ကြီးဌာနနဲ့ဆက်စပ်တဲ့ စာရွက်စာတမ်း တွေ့တယ်လို့ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရလက်ထက်က စီမံဘဏ္ဍာဝန်ကြီးနှစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်းနဲ့ ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်တို့ကို နိုင်ငံတော်လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ ၃-၁ (ဂ) နဲ့ အမှုတွဲ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
နေပြည်တော်အထူးတရားရုံး ဒီနေ့ကြားနာပွဲမှာ Sean Turnell တဦးတည်းအပေါ် လူဝင်မှုကြီး ကြပ်ရေးဆိုင်ရာဥပဒေနဲ့ တရားစွဲထားတဲ့အမှုကိုလည်း စစ်ဆေးဖို့ရှိပေမယ့် အဲဒီအမှုကိုလည်း ဒီကနေ့ မစစ်ဆေးနိုင်ခဲ့ဘဲ လာမယ့် ကြာသပတေးနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှသာ အမှုနှစ်ခုစလုံးကို စစ်ဆေးကြားနာမယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်ရှိမှာ အမှု ၅ မှုအတွက် ထောင်ဒဏ် စုစုပေါင်း ၆ နှစ် ချမှတ်ခံထားရပါတယ်။ အဂတိအမှု ၁၀ မှုအပြင် ရွေးကောက်ပွဲမှာ မလျော်ဩဇာ သုံးခဲ့တယ်လို့ဆိုတဲ့ အမှုတွေအတွက်လည်း တရားရင်ဆိုင်နေရပါတယ်။

#WhatIsHappeningInMyanmar #DawAungSanSuuKyi #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဒေါ်အောင်ဆန်းစုကြည် #ဗွီအိုအေမြန်မာပိုင်း
==========

XS
SM
MD
LG