သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္အမႈမ်ား ဒီဇင္ဘာ ၃၀ အၿပီးသတ္အမိန႔္ခ်မည္


Daw Aung San Su Kyi

(zawgyi/unicode)


ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္အေပၚ စြဲဆိုထားတဲ့အမႈေတြထဲက ေနာက္ဆုံးက်န္တဲ့ အဂတိလိုက္စားမႈ ၅ မႈကို လာမယ့္ ဒီဇင္ဘာ ၃၀ရက္ေန႔ အၿပီးသတ္အမိန႔္ခ်မွတ္ဖြယ္ရွိပါတယ္။ အခု ဒီဇင္ဘာလ ၂၆ ရက္ေန႔မွာေတာ့ အဲဒီအမႈငါးမႈအတြက္ ႏွစ္ဘက္ေရွ႕ေနေတြက တရား႐ုံးမွာ အၿပီးသတ္ေလွ်ာက္လႊဲခ်က္ေတြ တင္ခဲ့ပါတယ္။

အခုလို အၿပီးသတ္ေလွ်ာက္လြဲခ်က္ေတြေပးၿပီးတဲ့ေနာက္ လာမယ့္ ဒီဇင္ဘာ ၃၀ ရက္ တရား႐ုံးခ်ိန္မွာ အၿပီးသတ္အမိန႔္ခ်ဖို႔ တရား႐ုံးက သတ္မွတ္လိုက္တယ္လို႔ တရား႐ုံးနဲ႔နီးစပ္တဲ့အသိုင္းအဝိုင္းကေျပာပါတယ္။

ကိုဗစ္ကာလအသုံးျပဳဖို႔ ရဟတ္ယာဥ္ ငွားရမ္းတာ၊ ဝယ္ယူတာနဲ႔ ျပဳျပင္တာေတြမွာ အဂတိလိုက္စားတယ္လို႔ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တို႔ကို စစ္ေကာင္စီက အဂတိအမႈ ၅ မႈနဲ႔တရားစြဲဆိုထားတာပါ။

ဒီကေန႔ ေနျပည္ေတာ္ အက်ဥ္းေထာင္ အထူးတရား႐ုံးကို လာေရာက္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ေရာ ဦးဝင္းျမင့္ပါ က်န္းမာေရးေကာင္းမြန္တယ္လို႔ တရား႐ုံးနဲ႔ နီး စပ္သူကေျပာပါတယ္။ စြဲဆိုထားတဲ့ အမႈေတြနဲ႔ပတ္သက္လို႔ တရား႐ုံး ၾကားနာမႈေတြကို သတင္းေထာက္ေတြ လာေရာက္ခြင့္မရွိသလို ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြကိုလည္း အမႈနဲ႔ပတ္သက္ၿပီး သတင္းမီဒီယာေတြကို မေျပာဖို႔ စစ္ေကာင္စီက ပိတ္ပင္ထားပါတယ္။

အသက္ ၇၇ ႏွစ္ ရွိၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္အက္ဥပေဒ ခ်ိဳးေဖာက္မႈ၊ သဘာဝကပ္ေဘးဥပေဒ ခ်ိဳးေဖာက္မႈ၊ ေ႐ြးေကာက္ပြဲဥပေဒခ်ိဳးေဖာက္မႈ၊ အဂတိလိုက္စားမႈ စတဲ့ အမႈေပါင္း ၂၀ နဲ႔ တရားစြဲခဲ့ၿပီး လက္ရွိမွာ အမႈေပါင္း ၁၅ မႈအတြက္ စုစုေပါင္း ေထာင္ဒဏ္ ၂၆ ႏွစ္ ခ်ထားရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ျမန္မာႏိုင္ငံတြင္း မတရားဖမ္းဆီးခံေနရတဲ့ အက်ဥ္းသားေတြကို ျပန္လႊတ္ေပးဖို႔ ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕ ဆုံးျဖတ္ ခ်က္အမွတ္ ၂၆၆၉ မွာ ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(unicode)


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲက နောက်ဆုံးကျန်တဲ့ အဂတိလိုက်စားမှု ၅ မှုကို လာမယ့် ဒီဇင်ဘာ ၃၀ရက်နေ့ အပြီးသတ်အမိန့်ချမှတ်ဖွယ်ရှိပါတယ်။ အခု ဒီဇင်ဘာလ ၂၆ ရက်နေ့မှာတော့ အဲဒီအမှုငါးမှုအတွက် နှစ်ဘက်ရှေ့နေတွေက တရားရုံးမှာ အပြီးသတ်လျှောက်လွှဲချက်တွေ တင်ခဲ့ပါတယ်။

အခုလို အပြီးသတ်လျှောက်လွဲချက်တွေပေးပြီးတဲ့နောက် လာမယ့် ဒီဇင်ဘာ ၃၀ ရက် တရားရုံးချိန်မှာ အပြီးသတ်အမိန့်ချဖို့ တရားရုံးက သတ်မှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။

ကိုဗစ်ကာလအသုံးပြုဖို့ ရဟတ်ယာဉ် ငှားရမ်းတာ၊ ဝယ်ယူတာနဲ့ ပြုပြင်တာတွေမှာ အဂတိလိုက်စားတယ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီက အဂတိအမှု ၅ မှုနဲ့တရားစွဲဆိုထားတာပါ။

ဒီကနေ့ နေပြည်တော် အကျဉ်းထောင် အထူးတရားရုံးကို လာရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရော ဦးဝင်းမြင့်ပါ ကျန်းမာရေးကောင်းမွန်တယ်လို့ တရားရုံးနဲ့ နီး စပ်သူကပြောပါတယ်။ စွဲဆိုထားတဲ့ အမှုတွေနဲ့ပတ်သက်လို့ တရားရုံး ကြားနာမှုတွေကို သတင်းထောက်တွေ လာရောက်ခွင့်မရှိသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှု၊ အဂတိလိုက်စားမှု စတဲ့ အမှုပေါင်း ၂၀ နဲ့ တရားစွဲခဲ့ပြီး လက်ရှိမှာ အမှုပေါင်း ၁၅ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ် ချထားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံတွင်း မတရားဖမ်းဆီးခံနေရတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ် ချက်အမှတ် ၂၆၆၉ မှာ တောင်းဆိုထားပါတယ်။

XS
SM
MD
LG