သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် UK ခရီးစဉ်အတွင်း ဝန်ကြီးချုပ် May နဲ့ တွေ့မယ်


ယူကေနှင့် အမေရိကန်ခရီးစဉ်များအတွက် ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့။ စက်တင်ဘာ ၁၀၊ ၂၀၁၆။ (ဓာတ်ပုံ - MOI)
ယူကေနှင့် အမေရိကန်ခရီးစဉ်များအတွက် ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့။ စက်တင်ဘာ ၁၀၊ ၂၀၁၆။ (ဓာတ်ပုံ - MOI)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံခရီးစဉ်တွေအတွက် ဒီကနေ့ စထွက်သွားပါပြီ။ ဒီကနေ့ည လန်ဒန်မြို့တော်ကိုရောက်မှာဖြစ်ပြီး ညအိပ်ရပ်နားပါမယ်။ တနင်္ဂနွေနေ့မှာတော့ ယူကေနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက် က နိုင်ငံတွေမှာ တာဝန်ကျနေတဲ့ မြန်မာသံအမတ်ကြီးတွေနဲ့ တွေ့ဆုံမယ် လို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေကိုပြော ပါတယ်။

တနင်္လာနေ့မှာ Royal College of Defense Study ဆိုတဲ့ ဗြိတိန်စစ်တက္ကသိုလ်ကို သွားရောက် လေ့လာပါမယ်။ ပြီးတဲ့နောက် ယူကေနိုင်ငံခြားရေး ဝန်ကြီး Boris Johnson တည်ခင်းဧည့်ခံမယ့် နေ့လည်စာစားပွဲကို တက်ရောက်မှာဖြစ်သလို ဝန်ကြီးချုပ်ဟောင်း David Cameroon နဲ့ တွေ့ဆုံဖို့ရှိတယ် လို့ ဦးဇော်ဌေး က ပြောပါတယ်။

အင်္ဂါနေ့မှာတော့ ဗြိတိန်ဝန်ကြီးချုပ် Theresa May နဲ့ တွေ့ဆုံမှာဖြစ်သလို ဗြိတိန်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့လည်း အဲဒီနေ့တရက်ထဲမှာပဲ တွေ့ဆုံဖို့ရှိ ပါတယ်။ အဲဒီနောက်မှာတော့ ဗြိတိန်ကနေ အမေရိကန်ပြည်ထောင်စုကို ခရီးဆက်မှာဖြစ်တဲ့အကြောင်း ဦးဇော်ဌေးက ဗွီအိုအေကို အတည်ပြု ပြောဆို ပါတယ်။

XS
SM
MD
LG