သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီး အစီအစဉ်


၂၀၁၂ တုန်းက ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးအစီအစဉ်
၂၀၁၂ တုန်းက ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးအစီအစဉ်

အမေရိကန် သမ္မတ အိုဘားမားရဲ့ ဖိတ်ကြားချက် အရ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စု ချစ်ကြည်ရေးခရီးစဉ် ကို မကြာခင်ရက်ပိုင်းအတွင်း စတင်တော့မှာဖြစ်တယ်လို့ မြန်မာအစိုးရဘက်က မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စက်တင်ဘာလ (၁၄)ရက်နေ့မှာ သမ္မတ ဘရက်အိုဘားမားနဲ့ အိမ်ဖြူတော် မှာ တွေ့ဆုံပြီးတဲ့နောက် ဒုသမ္မတ ဂျိုးဘိုင်ဒန်နဲ့ သီးခြားတွေ့ဆုံဖို့ရှိသလို အဲဒီနောက်မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ လည်း ဒေါ်အောင်ဆန်း စုကြည်တွေ့ ဆုံမှာဖြစ်ပါတယ်။

စက်တင်ဘာလ (၁၅)ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် လွှတ်တော်ကို သွားရောက်ပြီး အောက်လွှတ်တော် လူနည်းစု ဒီမိုကရက် ပါတီ ခေါင်းဆောင် Nancy Pelosi၊ အထက်လွှတ်တော် လူများစု Republican ပါတီ ခေါင်းဆောင် Mitch McConnell အပါအဝင် အခြားထင်ရှား တဲ့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ လွှတ်တော်အမတ်အများ အပြားနဲ့ တွေ့ဆုံဆွေးနွေး ဖို့ရှိပါတယ်။

အဲဒီနောက် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ ညစာ စားပွဲ အခမ်းအနား ကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မှာပါ။ ဒါအပြင် ဝါရှင်တန်ဒီစီမှာရှိတဲ့ Theodore Roosevelt အထက်တန်းကျောင်းကို သွားရောက် ကြည့်ရှုပြီး မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ ဝါရှင်တန်ခရီးစဉ် အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့တွေ့ဆုံမယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။

စက်တင်ဘာလ (၁၉)ရက်နေ့ နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာကျင်းပမယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂဆွေးနွေး ပွဲကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

ဒါအပြင် နှစ်ပေါင်း (၆၀)နီးပါးအတွင်း ပထမဆုံးအ ကြိမ် မြန်မာ အရပ်သားအစိုး ရ ခေါင်းဆောင်တဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ စက်တင်ဘာလ (၂၁)ရက်နေ့မှာ မိန့် ခွန်းပြောကြားမှာဖြစ်ပြီး စက်တင်ဘာလ (၂၆)ရက်နေ့ မှာ မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ စက်တင်ဘာလ (၁၀)ရက်နေ့မှာ စတင်ထွက်ခွာလာမယ့် နိုင် ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ခရီးစဉ်မှာ အမေရိကန်မရောက်ခင် ဗြိတိန်နိုင်ငံ ခရီးတထောက် ဝင်ဖို့ရှိပြီး ဗြိတိန်အစိုးရ အကြီးအကဲတွေအပါအဝင် ဥရောပနဲ့ အရှေ့အလယ်ပိုင်းက မြန်မာသံအမတ်ကြီးတွေနဲ့ လန်ဒန်မြို့ မှာ တွေ့ဆုံ ဖို့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီး အစီအစဉ်
please wait

No media source currently available

0:00 0:01:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG