သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ခရီးစဉ် မှတ်တမ်းဓာတ်ပုံများ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် စံတော်ချိန် အင်္ဂါနေ့ ည ၉ နာရီကျော်မှာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်ကို ဆိုက်ရောက်လာခဲ့ပြီး သူမရဲ့ အမေရိကန် ခရီးစဉ် အတွင်း ဝါရှင်တန်ဒီစီမြို့တော်မှာ သမ္မတ ဘရက်ခ်အိုဘားမား၊ ဒုတိယ သမ္မတ၊ နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်တဲ့ အပြင် ကာကွယ်ရေး ဝန်ကြီးနဲ့ပါတွေ့ဆုံနိုင်ဖို့ စီစဉ်နေတယ်လို့လည်း သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရက ဗွီအိုအေကို ခရီးစဉ် အကြိုမှာ ပြောဆိုထားတာပါ။

အမေရိကန် အစိုးရ၊ လွှွတ်တော် ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံ အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်က နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ကို သွားရောက်မှာ ဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချသူများ အရေးဆွေးနွေးမယ့် ကုလ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးမှာ မိန့်ခွန်းပြောဖို့ ရှိသလို ကုလ အထွေထွေ ညီလာခံမှာလည်း မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

XS
SM
MD
LG